အန်ကယ်ကတော့ ရက်စ်ပါ

(၁)

 ရုပ်မြင်သံကြားအစီအစဉ် များတွင် ပြိုင်ပွဲအစီအစဉ်တွေ အတော်များလာသည်။ အတော် များသည့်အထဲက အများဆုံးက သီချင်းဆိုပြိုင်ပွဲများ ဖြစ်သည်။ ရုပ်မြင်သံကြားရှေ့ သိပ်ပြီးအချိန် မပေးနိုင်လှသော စာရေးသူပင် အစီအစဉ်အတော်များများကို သိ နေသည်။ စာရေးသူတို့ ငယ်စဉ် ကလေးဘဝကတည်းက မြန်မာ့ အသံမှာ ‘ဆိုကြမယ်၊ ပျော်ကြ မယ်’ကို စပြီးသိခဲ့ရသည်။ နောက်တော့ ‘သံစဉ်များနှင့်ကမ္ဘာ’၊ ‘ကြယ်ကလေးတွေရဲ့ မိုးကောင်း ကင်’ စသည်ဖြင့် ကြုံခဲ့ရသည်။ မြန်မာသံသီးသန့် ပြိုင်ပွဲလည်း ရှိ ခဲ့သည်။ ‘အိပ်မက်ဆုံရာ’၊ ‘မြန်မာ အိုင်ဒေါ’၊ ‘The Voice’ တို့က နောက်ဆုံးဖြစ်မည်ထင်သည်။ တစ်နှစ်ထက်တစ်နှစ် မရိုးလှ သည့် သီချင်းဆိုပြိုင်ပွဲများက အောင်မြင်သော တေးသံရှင် အသစ်တွေကို မွေးထုတ်ပေးနေ သည်။ အဆိုတော်ဖြစ်ချင်ကြ သည့် လူငယ်များ၏ အိပ်မက်တွေ လက်တွေ့ အကောင်အထည် ဖော်ခွင့်ရကြသည်။ ပြည်သူချစ် အနုပညာရှင်ကြီး (ဦး)သိန်းတန် (မြန်မာပြည်)၏ ‘အန်ကယ်က တော့ နိုးပါ’ဆိုသည့် စကားက လူတိုင်းပါးစပ်ဖျား ရောက်လာ သည်အထိ သည်ပြိုင်ပွဲတွေက လူထုအပေါ် လွှမ်းမိုးမှုရှိသည်။


သည်ပြိုင်ပွဲကြီးများက ငွေ ကြေးအနည်းငယ်ဖြင့် ဆောင်ရွက် နိုင်သည်တော့မဟုတ်။ သိန်း ပေါင်းများစွာ အကုန်အကျခံကာ ကျင်းပကြရသည်။ ဆုကြေးငွေက လည်း အမြောက်အမြား။ ဒါတင် မကသေး။ အချို့ပြိုင်ပွဲများတွင် မြန်မာနိုင်ငံတစ်ဝန်းမှ ပရိသတ် များက မိမိတို့ ကြိုက်နှစ်သက် သော ပြိုင်ပွဲဝင်ကို တယ်လီဖုန်း မှတစ်ဆင့် မဲပေးရွေးချယ်သည့် စနစ်ကို ကျင့်သုံးသဖြင့် ထိုသို့ မဲ ပေးရန် အသုံးပြုသည့် ငွေကြေး တွေလည်းရှိသေးသည်။ ထို့အပြင် အဆိုပြိုင်ပွဲဆိုသည့်တိုင် အဆိုသက်သက် ယှဉ်ပြိုင်လို့ရသည်မဟုတ်။ ဖက်ရှင်ပိုင်းအတွက် ကုန်ကျစရိတ်တွေက ပါရသေးသည်။

သည်လို ငွေကုန်ကြေးကျ များလွန်းလှသည့် ပြိုင်ပွဲကြီးတွေ က လူငယ်များအတွက် စိတ်အား တက်ကြွစရာ အိပ်မက်တွေဖြစ် လာသည်။ ယင်းအိပ်မက်တွေကို အကောင်အထည်ဖော်ရာ စင် မြင့်တွေ ဖြစ်လာနေသည်။ ဆိုလို သည်က တစ်စုံတစ်ရာ အကျိုးရှိ သည့် ပြိုင်ပွဲများဖြစ်သည်ဟူ၍။ သို့တိုင်အောင် သည်ပြိုင်ပွဲအစီ အစဉ်များက လူ့ဘောင်လောက တိုးတက်ဖွံ့ဖြိုးရေး၊ သာယာဝပြော ရေးဆိုသည့်အချက်ထက် ဖျော် ဖြေရေးဘက်ကို ပိုမိုဦးတည်သည် ကို ပရိသတ်အားလုံးအသိပင်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ပြိုင်ပွဲများ ကို ကူးယူကျင်းပခြင်းက လိုအပ် ချက်တစ်ရပ် ဖြစ်သည်ဆိုလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေ ရေးကို အထောက်အကူပြုမည့် ပြိုင်ပွဲ တွေကိုကော မကျင်းပပေးသင့် ဘူးလားဟူသည့် အတွေး ဖြစ်ပေါ်မိသည်။

(၂)

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း သင်တန်းတစ်ခုတွင် ပါဝင်ခဲ့ရသည်။ Soft Skills Development Training တစ်ခု ကို နိုင်ငံခြားသူပညာရှင်တစ် ယောက်က သင်တန်းပို့ချပေးခြင်း ဖြစ်သည်။ သင်တန်းသားအများစု က စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် အစိုးရဌာနများ၊ အသင်းအဖွဲ့များ မှ လူငယ်များဖြစ်သည်။ စိုက်ပျိုး ရေးလုပ်ကိုင်သူ အချို့လည်း ပါ ဝင်သလို ဖွံ့ဖြိုးရေးစီမံကိန်းများမှ ဝန်ထမ်းအချို့လည်း ပါဝင်သည်။ စာရေးသူက သင်တန်းပို့ချချက် များကို ဘာသာပြန်ဆိုပေးခဲ့ရ သည်။ သင်ခန်းစာ ပို့ချချက်များ တွင် Proposal Writing ခေါ် လုပ်ငန်းအဆိုပြုချက် ရေးသား ခြင်းအကြောင်း ပါဝင်သဖြင့် စာ တွေ့သင်ကြားရသလို လက်တွေ့ လည်း ဆောင်ရွက်ကြရသည်။ သင်တန်းသား သုံးလေးဦးလျှင် တစ်အုပ်စုနှုန်းဖြင့် အုပ်စုဖွဲ့ဆွေး နွေးစေကာ မြန်မာနိုင်ငံတွင် လို အပ်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ် ငန်းများအတွက် လုပ်ငန်းအဆိုပြု ချက်များရေးသားရန် အကြံ အစည် (အိုင်ဒီယာ)များကို တင် ပြစေခဲ့သည်။ မိနစ် ၂၀ ခန့်စီသာ ရရှိသည့်အတွက် အဆိုပြုလွှာ တွေမှာ လိုအပ်ချက်တွေ ရှိ ကောင်းရှိမည်။ သို့သော် အဖွဲ့အသီးသီးက တင်ပြကြသည့် အိုင် ဒီယာတွေက အတော့်ကို စိတ်ဝင် စားစရာကောင်းလှသည်။ မျှဝေ ခွင့်ပြုပါဦး။

ပထမဆုံး တစ်ဖွဲ့က အစား အသောက် ဘေးကင်းလုံခြုံရေး အတွက် စိုက်ပျိုးရေးသမားများ အား သင်တန်းများ ပို့ချပေးနိုင်ဖို့ အဆိုပြုသည်။ မြန်မာနိုင်ငံအရပ် ရပ်မှ အစားအသောက် ဘေးကင်း လုံခြုံရေး စိတ်ပါဝင်စား တက်ကြွ ပြီး အရည်အချင်း ပြည့်မီသူများ အား ပြည်တွင်း၊ ပြည်ပ ပညာရှင် များဖြင့် ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပို့ချပေးကာ သင်တန်းပြီး ဆုံးပါက တောင်သူလယ်သမား များအား ဆင့်ပွားသင်တန်း ပြန် လည်ပို့ချပေးရန်ဖြစ်သည်။ စိုက် ပျိုးရေးတွင် ပိုးသတ်ဆေး၊ မှိုသတ် ဆေး၊ ဓာတ်မြေသြဇာများကို မှန်မှန်ကန်ကန် အသုံးမချနိုင် သဖြင့် သီးနှံများတွင် ဓာတုဓာတ်ကြွင်းများ ကျန်ရှိကာ စားသုံးသူများကို ဒုက္ခပေးနေသည် မဟုတ်လား။

 နောက်တစ်ဖွဲ့ကတော့ ပညာရပ်ဆန်သည့် အဆိုပြုချက် တစ်ခုဖြစ်သည်။ စပါးစိုက်ပျိုးရေး တွင် Stem Bora ခေါ် ရောဂါ တစ်မျိုးမှာ အလွန်ဒုက္ခပေးသည်။ ယင်းရောဂါကို ခံနိုင်ရည်ရှိသည့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးနိုင် လျှင် လယ်သမားများအတွက် လေလွင့်ဆုံးရှုံးမှု သက်သာသွား စေသလို စပါးအထွက်တိုးသဖြင့် လယ်သမားများ ဝင်ငွေတိုးစေ သည်။ နိုင်ငံတော်အတွက်လည်း ဝင်ငွေတိုးစေသည်။ ထို့အတွက် မြန်မာနိုင်ငံအနှံ့မှ စပါးမျိုးများ အား စုဆောင်းကာ စမ်းသပ်ကွက် ဖြင့် ယင်းရောဂါကို ခံနိုင်ရည်ရှိ သည့် စပါးမျိုးအား ရွေးချယ်ဖော် ထုတ်ရန် အဆိုပြုသည်။

စိတ်ဝင်စားစရာကောင်းလှ သည့် နောက်ထပ် အဆိုပြုချက် တစ်ခုက Urban Poverty Alleviation ဟုဆိုသည်။ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးဟုဆိုလိုက် လျှင် ကျေးလက်ဒေသကိုသာပြေး ပြီး မြင်ကြသည်။ မြို့ပြမှာ နေထိုင်ကာ ဆင်းရဲနွမ်းပါးပြီး စား ဝတ်နေရေး အလွန်တရာ ချို့တဲ့ နေသူတွေ တစ်ပုံတစ်ပင်ကြီးရှိနေ သည်။ ရန်ကုန်မြို့စွန်မပြောနှင့်၊ မြို့လယ်ကောင်မှာပင် မြေရှား၊ ရေရှား၊ စားစရာရှားနေသည့် လူတွေ တစ်ပုံတစ်ပင်။ အထူး သဖြင့်တော့ အာဟာရချို့တဲ့သည့် ကလေးငယ်တွေ အမြောက် အမြားရှိနေသည်။ ယင်းအတွက် မြို့ပြရှိ ဆင်းရဲနွမ်းပါးသူများအား ကူညီစောင့်ရှောက်သည့် လှုပ်ရှား မှု စတင်နိုင်ရန် အဆိုပြုသည်။

နောက်တစ်ဖွဲ့ကတော့ မြန် မာ့စိုက်ပျိုးရေးလောကအတွက် သတင်းအချက်အလက် အရင်း အမြစ် တစ်ခု တည်ထောင်ရေးကို အဆိုပြုသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည့်တိုင် စပါးဧက ဘယ်လောက်စိုက်ပျိုးပြီး ဘယ်နှ တင်းထွက်သည်ကို တိတိကျကျ သိရဖို့ခက်သည်။ မြေပဲ၊ နှမ်း၊ ပြောင်း၊ ဝါ၊ သရက်၊ ဖရဲ၊ သခွား စသည်ဖြင့် မည်သည့် စိုက်ပျိုး သီးနှံတွင်မှ ခိုင်မာမှန်ကန် တိကျ သည့် စာရင်းဇယားမရှိချေ။ ယင်း အတွက် စိုက်ပျိုးရေးစီမံကိန်းတွေ ရေးဆွဲသည့်အခါ အလွဲလွဲအချော် ချော်ဖြစ်ရသည်။ ဈေးကွက်ကို ချိန်ညှိစိုက်ပျိုးဖို့ ခက်ရသည်။ ယင်းအတွက် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အချက်အလက် များကို ရယူစုဆောင်းခြင်းနှင့် ပြန်လည်မျှဝေခြင်းများ ဆောင် ရွက်သည့် စနစ်တစ်ခု တည် ထောင်ရန် အဆိုပြုသည်။

နောက်တစ်ဖွဲ့ကလည်း သန့် ရှင်းသော ရေရရှိရေးအတွက် အဆိုပြုပြန်သည်။ မြို့ပြနှင့် အလှမ်းဝေးသော ဒေသများကို ခဏမေ့ထားပြီး ရန်ကုန်မြို့တစ် မြို့တည်းတွင်ပင်လျှင် သန့်ရှင်း သောရေရရှိရေး အလွန်အခက် အခဲရှိသော မြို့နယ်တွေ၊ ရပ် ကွက်တွေ အမြောက်အမြားရှိနေ သည်။ သန့်ရှင်းသောရေ မရရှိ ခြင်းက ကျန်းမာရေးကို ချို့တဲ့စေ သည်။ 

  ကျန်းမာရေးညံ့လျှင် အား လုံးညံ့ကုန်တော့သည်။ အာရော ဂျံ ပရမံလာဘံဟုဆိုကြသည် မဟုတ်လား။ လိုအပ်နေသည့်ဒေသတွေမှာ အဝီစိတွင်းတူးခြင်း၊ မြို့တော်စည်ပင် ရေပိုက်လိုင်းနှင့် ချိတ်ဆက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ဖို့ အကြံပြုသည်။အချိန်ခဏလေးအတွင်းမှာ တိုင်းပြည်အတွက် အကျိုးပြုချင် သည့် စိတ်ထားတွေနှင့် တိုင်း ပြည်အတွက် အကျိုးပြုနိုင်မည့် အကြံဉာဏ်တွေကို စဉ်းစားပေးခဲ့ ကြခြင်းဟု ဆိုချင်သည်။ အချိန် ပေးလျှင် သည်လူတစ်စုထံက အခြားအခြားသော အကြံအစည် တွေ ထွက်ပေါ်လာနိုင်သေးသည်။ သည်လိုလူစုလေးတွေက မြန်မာ နိုင်ငံ တစ်နံတစ်လျားမှာရှိနေ သည်။ 

ဒေသတစ်ခုနှင့်တစ်ခု လို အပ်ချက်တွေ မတူသည့်အတွက် ထိုလိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့် အကြံဉာဏ်တွေ မတူညီ နိုင်။ တစ်နိုင်ငံလုံးက လူငယ်တွေ ကိုသာ ဒီလိုစဉ်းစား ခွင့်ပေးခဲ့လျှင်၊ ဒီလိုပြောဆိုခွင့် ပေးလိုက်လျှင်၊ အနုပညာရှင်တွေ စကားအတိုင်း ပရိသတ်ကို ချပြခွင့်ပြုလိုက်လျှင် မြန်မာပြည်အတွက် တောက်ပ သော အနာဂတ်ကို တွေ့မြင်နိုင် မည်ဟု ယုံကြည်မိသည်။

(၃)

အတွေးကိုဆက်ပြီး ဆန့် ထုတ်ကြည့်မိတော့ သီချင်းဆိုပြိုင် ပွဲတွေအတွက် သန်းပေါင်းများစွာ အကုန်ခံပြီး ဆောင်ရွက်နေကြ လျှင် ယခုကဲ့သို့ တိုင်းပြည်အတွက် အကျိုးရှိမည့် အကြံအစည် (Idea)၊ တီထွင်ဆန်းသစ်မှု (Innovation)တွေကိုကော ပြိုင်ပွဲ မကျင်းပပေးသင့်ဘူးလား၊ အခြား ပြိုင်ပွဲတွေမှာ ဆုကြေးငွေတွေ အများကြီးပေးသလို ဆုရရှိသည့် တိုင်းပြည်ဖွံ့ဖြိုးရေး အကြံအစည် နှင့် တီထွင်ဆန်းသစ်မှုတွေကို အကောင်အထည်ဖော်ဖို့ ဆုကြေး ငွေတွေအဖြစ် မပေးအပ်သင့်ဘူး လား ဆိုသည့်အတွေးတွေပင်ဖြစ် သည်။ သီချင်းအဆိုကောင်းသူ တွေကို မြန်မာအိုင်ဒေါ(Myanmar Idol)ဟု သတ်မှတ်ကြလျှင် မြန်မာ ပြည်ကြီး တိုးတက်ကြီးပွားဖို့ အတွက် တီထွင်ကြံဆ လိုသူတွေ သည်လည်း မြန်မာအိုင်ဒေါတွေ ဖြစ်သင့်သည်ဟု ယူဆမိပါသည်။ ထိုကဲ့သို့သော မြန်မာအိုင်ဒေါတွေ တွေ့ချင်မြင်ချင်မိပါသည်။ တာ ဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်း ရှင်တွေက သည်လိုပြိုင်ပွဲတွေ ကျင်းပပေး မည်ဆိုလျှင် စာဖတ် ပရိသတ်ကြီးက ‘အန်ကယ်က တော့ ရက်စ်ပါ’ ဟု ဆိုကြမည်မှာ သေချာလှပါသည်။။

(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာဆောင်းပါး များ ရေးသားနေသူဖြစ်သည်။)

Top News