ချွေချွေတာတာသုံးပါ့မောင်ရယ် လိုတာကိုသာ သုံးပါ့မောင်ရယ်

မျက်မှောက်ခေတ်ကာလ ၌ ‘နားဝအဖုံဖုံ၊ ကြားရတုံလည်း၊ ယုံကြည် ရမှာ၊ ခဲလှစွာတည်း’ ဟူသော သတင်းများအကြောင်း စာဖွဲ့မှတ် တမ်းတင်ရပေဦးမည်။ ဒီမိုကရေစီ ခေတ်၊ ပြည်သူ့အစိုးရခေတ်ဖြစ် ခြင်းကြောင့် ၎င်းသတင်းများအား ယုံကြည်ရန် ခက်လှပါသည်ဟု ဆို ရခြင်းဖြစ်ပါသည်။ ပထမသတင်း မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က လွှတ်တော်သို့ တင်သွင်း သော ၂၀၁၈-၁၉ ခုနှစ် ရသုံးမှန်း ခြေငွေစာရင်း၌ မြို့တော်ဂေါက် ကွင်းအတွက် သိန်းပေါင်း ၁,၅၇၅ သိန်း တောင်းခံသည့်သတင်းဖြစ် ပါသည်။ ဂေါက်ကွင်းတို့မည်သည် နိုင်ငံတော်၏ မြို့ပြပြည်သူ ၃၀ ရာခိုင်နှုန်းအနက်မှ လက်တစ်ဆုပ် စာမျှရှိသော ပြည်သူတို့သာလျှင် အသုံးပြုနိုင်သောနေရာဖြစ်၏။ အချို့က ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ဂေါက်ကွင်းဟူသည် ကျန်းမာရေး အတွက် အသုံးပြုရာဖြစ်သကဲ့သို့ လာဘ်ပေးလာဘ်ယူပျိုးပင်ကို ရေ လောင်းပေးရေး ဆွေးနွေးရာနေ ရာ၊ စီးပွားရေးသမား ပရိုဂျူဆာ နှင့် အာဏာစင်မြင့်မှ သရုပ်ဆောင်ခွင့်ရသူတို့ ဇာတ်ကွက်ဇာတ်လမ်း ညှိနှိုင်းရာနေရာဟုလည်း ဆိုကြ ၏။


 ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်လာသော နိုင်ငံများ တွင် ဂေါက်ကွင်းအတွက် ပြည်သူ့ ဘဏ္ဍာငွေအလုံးအရင်းဖြင့် သုံးစွဲ မှုဟူသည် ဆင်းရဲနွမ်းပါးသော ပြည်သူတို့၏ အိမ်ထောင်မှ အခွန် ငွေကို တာဝန်ရှိသူတို့၏ လုပ်ပိုင် ခွင့်ဖြင့် ဘက်လိုက်သုံးစွဲမှု (Au-thority Bias) ဟုဆိုကြပြန်၏။ စာရေးသူ မှတ်မိပါသေးသည်။ တပ်မတော်အစိုးရ လက်ထက် ရန်ကုန်မြို့တော် စည်ပင်သာယာ သည် ပြည်သူတို့အတွက် မိလ္လာ နှင့် ရေဆိုးသန့်စင်စက်ရုံကြီး တည်ဆောက်ခဲ့လေ၏။ သို့သော် ရန်ပုံ ငွေလုံလောက်စွာမရှိသော အခက်အခဲနှင့် ကြုံရရှာ၏။ ထိုအခါ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန (DHSHD) သည် စွယ် တော်ရွက်စိတ်ဓာတ်ဖြင့် ကျပ်သိန်းပေါင်း ၅,၀၀၀ လွှဲပြောင်းပေးခဲ့လေ ၏။ တစ်ဖန် ကမ်းနားလမ်းကို ခြောက်လမ်းသွား တိုးချဲ့ရာ၌ ကြည့်မြင်တိုင် ကမ်းနားလမ်း အ ပိုင်း ဆက်လက်ဖောက်လုပ်ရန်အ တွက် ရန်ပုံငွေလိုအပ်ပြန်၏။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ကပင် အလားတူ နောက်ထပ် ကျပ်သိန်း ၅,၀၀၀ ဖြည့်ဆည်းပေး ခဲ့ပြန်ကြောင်း သိရှိရ၏။ ဤကဲ့သို့ ရန်ပုံငွေလိုအပ်ချက် ဖြစ်ပေါ်ရ သည့်အကြောင်းရင်းမှာ စည်ပင်မှ ဝန်ထမ်းများ ညံ့ဖျင်း၍မဟုတ်။ အ ထက်ဆရာကြီးများ၏ မှားယွင်း သော စီမံကိန်းများကြောင့်ဖြစ်၏။ မြို့တော်ဂေါက်ကွင်းကို ကျပ်ငွေ သိန်းထောင်ပေါင်းများစွာ ရင်းနှီး မြှုပ်နှံ၍ တည်ဆောက်ခဲ့၏။ ထိုမျှ မက တိုက်ကြီးမြို့နယ်တွင်လည်း ‘ဥတိုဂေါက်ကွင်း’ နှင့် Resort ခေါ် အပန်းဖြေစခန်းကြီးကိုပါ ထပ်မံ ရင်းနှီးမြှုပ်နှံခဲ့ပြန်၏။ နောက်ဆုံး အရှုံးနှင့် စခန်းသိမ်းခဲ့လေ၏။ ရန်ကုန်မြို့တော် ဂေါက်ကွင်းမှာ လည်း အထက်ပါအတိုင်း အစိုးရ ထံမှ ဘတ်ဂျက်ငွေတောင်းခံသုံးစွဲ ရသည့်ကိန်းနှင့် ကြုံလာခဲ့လေ တော့၏။

ဤနေရာတွင် အတိတ်က ပုဂံဂေါက်ကွင်းတည်ဆောက်ခဲ့ပုံ ကို ကြားဖူးသမျှ ဖောက်သည်ချလို သေး၏။ ယခင်ဆောင်းပါးတစ်ပုဒ် ၌ ရေးသားခဲ့ဖူးသော်လည်း နှစ် ထပ်ရှိ မှတ်မိစေရန် ရည်သန်၍ ထပ်လောင်းဖော်ပြရခြင်းဖြစ်၏။ ထိုစဉ်ကာလ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက ဂေါက်ကွင်းကို တာဝန် ယူတည်ဆောက်ခြင်းဖြစ်၏။ ၎င်း ၏ လုပ်ငန်းတာဝန်နှင့် လားလားမျှ မသက်ဆိုင်သော ဂေါက်ကွင်းကို ပေါ်ပေါ်ထင်ထင် ရဲရဲဝံ့ဝံ့ ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်၍ လွန်စွာအံ့ဩ ဖွယ်ကောင်းလှ၏။ ထိုစဉ်ကာလ နိုင်ငံတော်အကြီးအကဲ ပုဂံရောက် လျှင် ဂေါက်သီးရိုက် အပန်းဖြေ နိုင်ရန်ဟု သိရ၏။ ဂေါက်ကွင်းအ တွက် ဘတ်ဂျက်အသုံးစရိတ်ကိုမူ ဝန်ကြီးဌာနလုပ်ငန်းနှင့် မသက် ဆိုင်သဖြင့် ရန်ပုံငွေလုံးဝမရရှိနိုင် ခဲ့ပေ။ ထိုအခါ အထက်အညာ ဒေသမြစ်ရေတင်စီမံကိန်းများအ တွက် ရရှိသော ဒီဇယ်ဆီများအား ဂေါက်ကွင်းအတွင်းသို့ စီးဝင်စေခဲ့ သော နည်းလမ်းဖြင့် ပြီးမြောက် အောင် ဆောက်လုပ်နိုင်ခဲ့ကြောင်း ကြားသိခဲ့ရလေ၏။ လွန်စွာချီးကျူးဖွယ်ကောင်းလှပါ၏။ ပုဂံခေတ်ကဲ့ သို့ သဲကျောက်၊ ချော်ကျောက်နှင့် အုတ်များမသုံးဘဲ ဒီဇယ်ဆီသုံး၍ တည်ဆောက်မှုလုပ်ငန်းသစ်တစ် ရပ်အဖြစ် မော်ကွန်းတင်နိုင်ပေ သည်။

အထက်ပါ ရန်ကုန်မြို့တော် ဂေါက်ကွင်းအတွက် ဘတ်ဂျက်ငွေတောင်းခံမှုတွင် မြက်ဖြတ်စက် ၁၀ စီးဝယ်ရန်အတွက် ကျပ်သိန်း ၃၀၊ ဂေါက်ကွင်းသုံးပစ္စည်းနှစ်မျိုး အတွက် ကျပ် သိန်း ၁,၀၇၀ နှင့် ဂေါက်ကွင်းသုံး ကားငါးစီးအ တွက် ၄၇၅ သိန်းပါဝင်ကြောင်း သိရှိရ၏။ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ‘အကျိုးမဲ့သုံးသလို ဖြစ်နေကြောင်း၊ ပြည်သူများ အ မှန်တကယ်လိုအပ်တဲ့နေရာ၌ သုံး သင့်ကြောင်း’ ဆွေးနွေးချက်မှာ အဖိုးတန်လှ၏။ လွန်ခဲ့သောနှစ်က လည်း မြက်ဖြတ်စက် အစီး ၂၀ နှင့် ဂေါက်ကွင်းသုံးပစ္စည်းဝယ်ရန် ၈၅ သန်း အစိုးရထံ အလားတူ တောင်းခံခဲ့ကြောင်း သိရှိရ၏။

ဤနေရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရသည် မန္တလေး တိုင်းဒေသကြီးအစိုးရ၏ လုပ်ထုံး လုပ်နည်းများကို စံနမူနာယူသင့် ကြောင်း အကြံပြုလိုပေသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရ သည် ရေတံခွန်တောင်ဂေါက် ကွင်းကို ပုဂ္ဂလိကကုမ္ပဏီသို့ တစ် နှစ်လျှင် သိန်း ၅၀ ဖြင့် နှစ် ၅၀ ငှား ရမ်းခဲ့ပြီး ရွှေမန်းတောင်ဂေါက် ကွင်းကိုလည်း တစ်နှစ်လျှင် သိန်း ၂၅၀ ဖြင့် နှစ် ၃၀ ငှားရမ်းခဲ့ ကြောင်း သိရှိရ၏။ ဂေါက်ကွင်း လုပ်ငန်းလည်း အရှိန်မပျက်သကဲ့ သို့ အစိုးရလည်း နှစ်စဉ်ဝင်ငွေတိုး ပွားရရှိစေမည့် အစီအစဉ်တစ်ရပ် သို့ ကူးပြောင်းဖော်ဆောင်သင့်၏။ သို့မဟုတ်ပါက လူတစ်စုအကျိုး ပြုလုပ်ငန်းတစ်ရပ်အတွက် ပြည် သူ့ဘဏ္ဍာများ နှစ်စဉ်တောင်းခံသုံး စွဲနေရသည့်ကိန်းကြောင့် အစိုးရ ၏ ဂုဏ်သိက္ခာထိခိုက်လာမည်ကို စိုးရိမ်မိကြောင်း ဖော်ပြလိုပေ သည်။

တတိယသတင်းမှာ ရန်ကုန် မြို့တော် စည်ပင်အတွက် သိန်း ၁,၈၀၀ တန် အမှိုက်ကား နှစ်စီး ဝယ်ယူရန် သိန်းပေါင်း ၃,၆၀၀ တင်ပြတောင်းခံသည့် သတင်းဖြစ် ပေသည်။ စာရေးသူသည် အလှူ ရှင်တစ်ဦး၏ အလှူငွေကျပ်သိန်း ၂၀၀ ကျော်ဖြင့် ဘိုးဘွားရိပ်သာ တစ်ခုအတွက် လူနာတင်ယာဉ်အ သစ်တစ်စီးဝယ်ယူပေးရန် မျှော် လင့်အားခဲနေစဉ် စက်မှုဝန်ကြီး ဌာနမှ လူနာတင်ယာဉ်တစ်စီးကို ကျပ်ငွေ သိန်း ၇၅၀ ဖြင့် ရောင်းချ မည်ဟု ကြားသိရသဖြင့် များစွာ စိတ်ပျက်ခဲ့မိ၏။ ယခု ထပ်မံပြီး စာရေးသူတို့၏ ရန်ကုန်မြို့အတွင်း စည်ပင်မှ အမှိုက်ကားတစ်စီးကို သိန်း ၁,၈၀၀ ကုန်ကျခံ၍ နှစ်စီးအ တွက် သိန်း ၃,၆၀၀ ကျခံပြီး ဝယ် ယူရန်ဆိုသောအခါ လွန်စွာအံ့ဩ တုန်လှုပ်မိပြန်၏။ အံ့ဩမိခြင်းမှာ ဈေးကြီးလွန်း၍ဖြစ်၏။ တုန်လှုပ်မိ ခြင်းဆိုသည်မှာ ဤမျှဈေးကြီး သော အမှိုက်ကားမျိုးကို ရန်ကုန် မြို့ကြီး၌ သုံးစွဲနိုင်ပါသော်လည်း အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများ၌ သုံးစွဲခြင်း မပြုနိုင်သေးသော ကွာဟချက်ကို တွေးမိ၍ တုန်လှုပ်မိခြင်းဖြစ်ပါ သည်။ မြို့ပြပြည်သူများစွာ ဆင်းရဲ နွမ်းပါးသောဘဝ၌ အစိုးရ၏ ရှိစုမဲ့စုဘဏ္ဍာငွေဖြင့် ဝယ်ယူရခြင်းဖြစ်သဖြင့် သင့်တင့်လျှောက်ပတ် သော အမှိုက်ကားများကိုသာ ဝယ် ယူပေးစေချင်ပါသည်။ နှစ်စီးမျှ ဖြင့် ခရီးကမတွင်နိုင်ပါဟုလည်း ပြောလိုလှ၏။

ထို့နောက် စတုတ္ထသတင်းကို ကြားရလေသောအခါ ခံစားမှုအ ရှိန်ပို၍ မြင့်တက်လာပြန်၏။ အံ့ဩမှုနှင့် စိတ်ဒွိဟဖြစ်မှု အရှိန် မြင့်တက်ခြင်းဖြစ်၏။ ၂၀၁၈-၁၉ ခုနှစ် ရသုံးမှန်းခြေစာရင်း၌ တိုင်း ဒေသကြီးအစိုးရအတွက် ရုံးသုံး ယာဉ်တစ်စီးလျှင် သိန်း ၁,၀၀၀ တန်သည့် ဖို့ဒ်ကား ၁၀ စီးကို သန်း ၁,၀၀၀ ဖြင့် ဝယ်ယူရန် လျာထား သော သတင်းဖြစ်ပေသည်။ အံ့ဩမှုအရှိန်မြင့်တက်လာခြင်းမှာ တိုင်း ဒေသကြီးအစိုးရကိုယ်တိုင် ရုံးသုံး ယာဉ်ကို ဇိမ်ခံယာဉ်အဆင့်ရှိသော Ford ကုမ္ပဏီ၏ ယာဉ်များ သုံးစွဲ မည်ဖြစ်ကြောင်း ကြားသိရခြင်း ကြောင့်ဖြစ်၏။ ထို့အပြင် ဤသုံးစွဲ မှုကြောင့် ပြည်သူ့ဘဏ္ဍာငွေကို ချွေတာရာ၌ ပြည်သူ့အစိုးရသည် စံနမူနာပြဖြစ်ရမည်ဟူသော ပြည် သူတို့၏ ယုံကြည်အားထားမှုကို လက်တွေ့မျက်တွေ့ပြသနိုင်ပါ မည်လောဟူ၍ စိတ်ဒွိဟသံသယ ဖြစ်မိ၏။ သဘင်ဆောင်ကို သန်း တစ်ထောင်နီးပါးသုံး၍ ပြင်ဆင် ရန် တောင်းခံခြင်း၊ သိန်း ၄၀ တန် စားပွဲခုံအတွက် တောင်းခံခြင်းမှာ လည်း ချွေတာရမည့်ခေတ်၏ တောင်းဆိုမှုကို အန်တုသကဲ့သို့ရှိ ချေ၏။ နောက်ဆုံးသတင်းမှာ ၂၀၁၆-၁၇ ဖြည့်စွက်ရန်ပုံငွေတွင် ရင်းနှီးမြှုပ်နှံငွေ ၆၄ ဘီလီယံကို လည်းကောင်း၊ YBS အပါအဝင် သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီများတွင် ထည့်ဝင်ရင်းနှီး မြှုပ်နှံခြင်းအတွက် ၇၀ ဘီလီယံကို လည်းကောင်း၊ လယ်ယာမြေများ ပြုပြင်ခြင်းလုပ်ငန်းအတွက် ကျပ် ၇,၇၄၈ ဒသမ ၃၀၁ သန်းကိုလည်း ကောင်း လွှတ်တော်မှ ခွင့်ပြုခဲ့ခြင်း အပေါ် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးက ၂၀၁၈ ခုနှစ် တစ်နှစ်ပြည့် အစီရင်ခံစာတွင် တင်ပြဆွေးနွေးပေးရန် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးသည့်ကိစ္စဖြစ်ပေသည်။ အဓိကအချက်မှာ ဘတ်ဂျက်ခွင့်ပြု ငွေများကို မည်သည့်ကိစ္စအတွက် သုံးစွဲသည်ဖြစ်စေ တစ်နှစ်တာကာ လအတွက် စာရင်းစစ်ဆေးချက် နှင့်တကွ လွှတ်တော်သို့ တင်ပြရန် ဖြစ်၏။ စာရေးသူ၏ ဖခင်ကြီး အမြဲလက်ကိုင်ပြုသော စ,သုံးလုံး ကို ပြန်လည်သတိရမိ၏။ အလုပ် ကို လုပ်ကိုင်ဆောင်ရွက်တိုင်း စနစ်ရှိရမည်။ ဝင်ငွေ၊ ထွက်ငွေ စာရင်း ရှိရမည်။ စာရင်းလည်းရှင်းရမည်။ အသုံးစရိတ်ကို ချွေတာ၍ စု ဆောင်းနိုင်ရမည်။ ‘စနစ်’၊ ‘စာရင်း’နှင့် ‘စုဆောင်း’ ဟူသော စ,သုံးလုံး ဖြစ်ပါသည်။ ဖခင်ကြီးသည် သူ၏ စီးပွားရေးသာမဟုတ်၊ လူမှုရေး လုပ်ငန်းများမှာပင် အလုပ်ပြီး သည်နှင့် အမြန်ဆုံးစာရင်းရှင်းမှ ကြိုက်သူဖြစ်၏။ စာရေးသူသည် ရပ်ကွက်မဟာသင်္ကြန်မဏ္ဍပ်၏ အတွင်းရေးမှူးတာဝန်ယူခဲ့ပြီး နှစ် လအကြာ ဇွန်လမိုးဖြိုင်ဖြိုင်ကျ သည်အထိ စာရင်းမရှင်းသဖြင့် ဖခင်ကြီးက အကြီးအကျယ်ဆူပူ ကြိမ်းမောင်းလေ၏။ နောက်ဆုံး စာရေးသူက ‘‘နောက်နှစ်သင်္ကြန် မကျခင် ဘယ်အချိန် ရှင်းရှင်းရ တယ်၊ ဘယ်သူမှ ဂရုမစိုက်ဘူး’’ ဟု ပြန်ပြောမိရာ ဖခင်ကြီးက အ ကြီးအကျယ်ဒေါပွ၍ ၎င်း၏ လိုင် စင်ရ ခြောက်လုံးပြူးသေနတ်ကို သွားထုတ်သည်အထိ သားအဖ နှစ်ဦး အချင်းများခဲ့ကြရ၏။ သေ နတ်ယူလာပြီကိုသိသည်နှင့် စာ ရေးသူလည်း နေအိမ်မှ တစ်ချိုး တည်းလစ်ခဲ့လေတော့၏။ သုံးရက်အကြာ အမေက လိုက်လာပြီး ‘‘သား အဖေ ခရမ်းဆန်စက်ကို သွားတယ်၊ အမေနဲ့ ပြန်လိုက်ခဲ့’’ ဆိုမှ အိမ်သို့ပြန်ခဲ့ရ၏။ ထို့နောက် စာရင်းများရှင်းပြီး၍ တစ်လခန့် ကြာမှ အဖေက ခေါ်ပြောလုပ်ပြီး သားအဖ ပြေလည်မှုရခဲ့လေ၏။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရအတွက်လည်း အထက်ပါ စ,သုံး လုံးသီအိုရီကို လက်ဆောင်ပေး အပ်လိုပါသည်။ ပြည်သူတို့၏ ဘဏ္ဍာငွေဖြစ်သော ဘတ်ဂျက် အသုံးစရိတ်ကို ချွေတာခြင်း၊ ပြည် သူတို့ အကျိုးစီးပွားအတွက် လို အပ်သည့်ကိစ္စအတွက်သာ ဦးစား ပေးသုံးစွဲခြင်း၊ ၎င်းဘဏ္ဍာငွေအ သုံးစာရင်းမှန်သမျှကို ပြည်သူ့ ကိုယ်စားလှယ်များသိသာရန် ပုံမှန်စာရင်းရှင်းလင်းခြင်းဖြင့် ပြည်သူ တို့အားလုံးသည် အစိုးရအပေါ် ယုံကြည်မှု စိတ်ဓာတ်ပိုမိုခိုင်မာ လာမည်ဖြစ်၏။ ထို့ကြောင့် တာဝန်ရှိသူတို့အား ‘ချွေချွေတာတာသုံး ပါ့မောင်ရယ်၊ လိုတာကိုသာ သုံး ပါ့မောင်ရယ်၊ သုံးတာမှန်သမျှကို စာရင်းရှင်းပါမောင်ရယ်’ ဟု စာဖွဲ့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါ သတည်း။။

(ဆောင်းပါးရှင် မြင့်မိုရ်ဆွေသည် မြို့ပြရေးရာ၊ ယဉ်ကျေးမှု၊ ခရီးသွား၊ စာပေနှင့် မျက်မှောက်ရေးရာများကို ရေးသားနေသူဖြစ်သည်)

Top News