MYTEL က ယခုနှစ်အတွင်း ကျောင်းပေါင်း ၅၀ တွင် ဖိုက်ဘာအင်တာနက် အခမဲ့ပေးမည်ဟုဆို

ဇွန်လ ပထမပတ် အတွင်း ရန်ကုန်တွင် စတင်မိတ် ဆက်မည့် MYTEL အော်ပရေတာ သည် ၂၀၁၈ အတွင်း ကျောင်း ၅၀ ကို ဖိုက်ဘာအင်တာနက် အခမဲ့ပေးအပ်မည်ဟု ကတိပြုခဲ့သည်။ MYTEL သည် ၁၅နှစ်အတွင်း ပညာရေးကဏ္ဍအတွက် ကန်ဒေါ် လာ ၆၄ သန်း အသုံးပြုမည်ဖြစ် သည်။
 


ကရင်ပြည်နယ်၊ နေပြည် တော်၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းရှိ စာသင်ကျောင်း ၁၃ ကျောင်းတွင် ဖိုက်ဘာအင် တာနက်လိုင်း တပ်ဆင်ခဲ့သည်ဟု အော်ပရေတာ ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်မင်းဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနနှင့် MYTEL သည် တစ်နိုင်ငံလုံးရှိ စာ သင်ကျောင်း ၁,၀၀၀ ကျော်တွင် အင်တာနက်လိုင်း တပ်ဆင်ရန် သဘောတူညီပြီး ဖြစ်သည်။ စာသင်ကျောင်းများကို 2Mbps အမြန်နှုန်း အခမဲ့အင်တာနက် ပေးအပ်မည်ဟု ဦးဇော်မင်း ဦးက ပြောသည်။

‘‘CSR လုပ်တဲ့နေရာမှာ ပညာရေးကဏ္ဍအတွက် ၈၀ ရာခိုင်နှုန်း အသုံးပြုသွားမှာပါ။ အဲဒီအတွက် ပညာရေးဝန်ကြီး ဌာနနဲ့ အလဲအထပ်လုပ်တာတွေ၊ ကျောင်းတွေကနေ ပြန်ပြီးရယူ တာတွေ ဘာမှမရှိပါဘူး’’ဟု ဦးဇော်မင်းဦးက ပြောသည်။

အခြေခံပညာကျောင်းများ အား ဖိုက်ဘာအင်တာနက်လိုင်း ထောက်ပံ့ပြီး ကျောင်းပိုင်မြေ၌ မိုဘိုင်းတာဝါများ ပြန်လည် ဆောက်လုပ်ရန် MYTEL က စီစဉ်နေသည်ဟူသော သတင်း များ ထွက်ပေါ်လာပြီးနောက် ၎င်းက ယခုကဲ့သို့ တုံ့ပြန်ပြောကြားသည်။

အင်တာနက် ချိတ်ဆက်ရာ တွင် တက္ကသိုလ်၊ အခြေခံကျောင်းဟူ၍ ခွဲခြားခြင်းမရှိဘဲ ဖိုက်ဘာကွန်ရက်နှင့် လမ်းကြောင်းသင့်သည့် ကျောင်းများတွင် တပ်ဆင်ကြောင်း ဦးဇော်မင်းဦးက ပြောသည်။

Top News