ရေဘေးနှင့် မိုးကြိုးကြောင့် တစ်ရက်တည်း လူလေးဦးသေဆုံးကာ စိုက်ခင်းအချို့ ရေ မြုပ်၊ အနော်ရထာမင်းတူးဖော်ခဲ့သော နှစ် ၇၀၀ ခန့်သက်တမ်းရှိရေကန်ကျိုးကျ

ဓာတ်ပုံ - ဦးဇေယျ

မကွေး၊ ပဲခူး၊ စစ်ကိုင်း တိုင်းနှင့် ရှမ်းပြည်နယ်မြို့နယ် အချို့ တွင် သဘာဝဘေးကြောင့် တစ် ရက်တည်းလူ လေးဦးသေဆုံးခဲ့ ပြီး အနော်ရထာမင်းတည် ဆောက်ခဲ့သော နှစ် ခုနစ်ရာကျော်  သက်တမ်းရှိသည့် ရေကန်အပါ အ၀င် ရေကာတာအချို့ကျိုးကျ ကာစိုက်ခင်းအချို့ ရေနစ်မြုပ်နေ သည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကန်တော်ကျေး ရွာမှ ကန်တော်ဒေသရေထိန်း ကန်၏ ရေပိုရေလွှဲသည် ဇွန်လ ၆ရက်နံနက်တွင် ပေတစ်ရာခန့် ကျိုးကျခဲ့ပြီး ညနေတွင် လုံးဝကျိုး  ကျကြောင်း လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက သတင်း ထုန်ပြန်သည်။

ယင်း ဒေသ၀န်းကျင်မှ ကျေးရွာအချို့ ရေ၀င်နေကာ ပခုက္ကူ-ကမ္မလမ်းပိုင်း၌ ရေတစ် ပေခန့်ကျော်ခဲ့သည်။
    
ကျိုးကျသည့် ကန်သည် အ နော်ရထာမင်းတူးဖော်ခဲ့ပြီး ကျေး ရွာဒေသခံများက ထိန်းသိမ်း စောင့်ရှောက်ထားကာ ရေဆင်း ဧရိယာ ကျယ်ပြန့်ခြင်းကြောင့် ရေ၀င်များသည့် ကန်တစ်ခုဖြစ် ကြောင်း သတင်းထုန်ပြန်သည်။
    
ပခုက္ကူမြို့နယ်တွင် ယခု ရက်ပိုင်းမိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် ဇွန်လ ၃ရက်က မြိုင် မြို့နယ် လင်းကတောကျေးရွာအ နီး၌ မိုးသန်းထန်၍ ရေကြီးကာ လမ်းပိုင်းတချို့ပျက်စီးခဲ့ပြီး ယင်း ဘက်မှရေများသည် ကန်တော် သို့ရောက်ရှိကာ ရေကြီး၊ ရေလျှံ မှုဖြစ်ပေါ်ကြောင်း ပခုက္ကူမြို့နယ်  အထွေထွေအုပ်ချုပ်ရေးမှူး ဦး မြင့်ဆောင်ကပြောသည်။
    
‘‘လက်ရှိတော့ဘတ်ဟိုးနဲ့သဲ တွေဖို့နေတယ်၊ နောက်ကျောက် ချမယ်။ အလယ်ကနေရေသွား လမ်းကြောင်းလုပ်ထားတယ်၊ ရေ လမ်းကြောင်း ထိန်းပြီး ကန်တော် ချောင်းဘက်ကိုလွှဲထားတယ်’’ ဟု ၎င်းကပြောသည်။
    
ထိုသို့ ကန်တော်ဒေသရေ ထိန်းကန်၏ ရေပိုရေလွှဲကျိုး ပေါက်ခြင်းကြောင့် လူ၊ တိရစ္ဆာန်  ထိခိုက်မှုမရှိသော်လည်း လမ်း ပန်းဆက်သွယ်ရေးနှောင့်နှေးခက် ခဲကြောင်း၊ ကားများသွား၍ ရသော်လည်းဆည်ပေါက်သည့် နေရာတွင်ရေကျနေဆဲ ဖြစ် ကြောင်း ကန်တော်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးသန်းလွင်ကပြော သည်။
    
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ရေဘေး ကြောင့် လူသေဆုံးမှုဇွန်လ ၅ရက်  ညနေကဖြစ်ပွာခဲ့သည်။
    
ယင်းမာပင်မြို့တွင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် အမျိုးသားတစ်ဦး တောင်ကျရေ နှင့် မျောပါသေဆုံးခဲ့ပြီး တောင် ကြီးမြို့ ကျောင်းစုရပ်ကွက်အ တွင်းရေကြီး နစ်မြုပ်နေစဉ် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့သည်။
    
မိုးကြိုး ထိမှန်သေဆုံးမှု ကြောင့် လူနှစ်ဦးသေဆုံးမှု ပဲခူး တိုင်းဒေသကြီး သာယာဝတီမြို့မ ဒေါ့ကျေးရွာ၌ ဇွန်လ ၅ ရက် ကဖြစ်ပွားသည်။ ရှမ်းပြည်နယ် သီပေါမြို့နယ်တွင်လည်း  မိုး သည်းထန်စွာရွာသွန်းပြီး မြေ နိမ့်ရပ်ကွက်နှင့် ကျေးရွာများရေ ကြီးနစ်မြုပ်မှု ရင်ဆိုင်နေရသည်။  စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇွန် လ ၅ နှင့် ၆ရက်တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကနီမြို့ ၌ရေကာတာနှစ်ခု ကျိုးကျခဲ့ပြီး စိုက်ခင်းအချို့ ရေမြုပ်ပျက်စီးခဲ့ သည်။
    
စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန ဦးစီးမှူးဦးစ၀ီလီဖရန့် က ‘‘မိုးကညဘက်တွေကောင်း တာ။ ကနီမှာတော့ ရေကာတာ တမံနှစ်ခုကျိုးလို့ မြေပဲခင်းတွေ၊ ငှက်ပျောခင်းတွေ ရေမြုပ်ပျက်စီး တာတွေရှိတယ်။ ရေတိုက်စားလို့ အိမ်သုံးလုံး ပြိုကျမယ့် အန္တရာယ်  ရှိနေတယ်’’ ဟု ဆိုသည်။
  
မြန်မာနိုင်ငံဒေသအများစု တွင် မိုးကာလ မတိုင်ခင် နွေရာ သီက လေပြင်းဒဏ်ရင်ဆိုင်ခဲ့ရ ပြီး ယခုအခါရေကြီးနစ်မြုပ်မှု ဘေးက ခြိမ်းခြောက်နေသည်။
    
ဇွန်လ ၁၀ရက်မတိုင်မီ ကာလအတွင်း ဘင်္ဂလားပင်လယ် အော်၌ မုန်တိုင်းဖြစ်လာနိုင် ကြောင်း သတိပေးထားသလို လက်တလောတွင် မုတ်သုံလေ အားအလွန်ကောင်းနေ၍ မြန်မာ နိုင်ငံဒေသအနှံ့အပြား၌ နေရာ ကွက် မိုးကြီးနိုင်ကြောင်း  မိုးလေ၀ သပညာရှင် ဒေါက်တာထွန်းလွင် နှင့် မိုးဇလဌာနက သတိပေးထား သည်။

More in News Section

Top News