မလေးရှား မူးယစ်အမှု၏ အဓိကတရားခံကို မန္တလေး၌ဖမ်းမိပြီး ရန်ကုန်တွင် ချုပ်ရမန်ယူ

၎င်းတို့၏ ငွေစာရင်းရှိ ကျပ်သိန်း သုံးသောင်းခန့်ကို ယာယီအကောင့်ပိတ်
မလေးရှားနိုင်ငံသမိုင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အများဆုံး စံချိန်တင်ခဲ့သော ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးများ၏ အဓိကတရားခံဟုဆိုသူ မောင်မောင်ကို ယမန်နေ့က ရုံးထုတ်လာစဉ် (ဓာတ်ပုံ − အောင်ငြိမ်းချမ်း/Myanmar Now)

မလေးရှားနိုင်ငံတွင် ဖမ်းမိခဲ့သော ကန်ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ  မူးယစ်ဆေးဝါးအမှု၏ အဓိကတရားခံ မောင်မောင်ကို မန္တလေးတိုင်း ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၅ ရက် ညက ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မောင်မောင်(ခ)Hj Yassin ကို ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ယမန်နေ့ နေ့လယ်က ချုပ်ရမန်ရယူခဲ့သည်။

တရားခံတွေကို ဘယ်လိုခြေရာခံ

မလေးရှားနိုင်ငံ စီမရစ်မြို့ကုန်လှောင်ရုံ၌ မေလ၂၂ ရက်တွင် မလေးရှားနိုင်ငံသားသုံးဦးနှင့်မြန်မာနိုင်ငံသား သုံးဦးနှင့်အတူဒေါ်လာ ၁၈ သန်းတန်ဖိုးရှိမက်သာဖက်တမင်း ၁,၁၈၇ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၇၅၀ ဂရမ်တို့ကို အကောက်ခွန်ဦးစီးဌာနက ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ဆက်စပ်ကျူးလွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတ့ိုပူးပေါင်း၍အထူးအမှုစစ်အဖွဲ့ ဖွဲ့ကာစုံစမ်းစစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံမှ တစ်ဆင့်မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်ဖိုးစိန်လမ်းနေ မောင်မောင် (၄၄)နှစ်က လာရောက်ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူပို့ဆောင်ပေးခဲ့
ကြောင်း ရဲတပ်ဖွဲ့ကသိရှိခဲ့သည်။

မောင်မောင်နှင့် ပူးပေါင်းပါဝင်သူများကို စုံစမ်းဖော်ထုတ်နိုင်ရေးဇွန်လ ၂ ရက်က ဆိပ်ကမ်းမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူစုံစမ်းစစ်ဆေးခဲ့
သည်။

မေလ၃၀ရက်တွင်သံသယရှိသူတစ်ဦးနေထိုင်သော ပုဇွန်တောင် (၅၃) လမ်းရှိနေအမိ သ့ို ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေသော်လည်း ထွက်ပြေးတိမ်းရှောင်နေ၍ဖမ်းမမိခဲ့ပေ။

ထို့နောက်ဇွန်လ ၂ ရက်နံနက်တွင် ဆက်စပ်တရားခံအမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။


မလေးရှားတွင် ဖမ်းဆီးရမိသော စိတ်ကြွမူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ANGIE TEO/REUTERS)

LEXUS ကားနှင့်ထွက်ပြေးသူလိုင်းကားပေါ်တွင်မိ

အဓိကတရားခံ မောင်မောင်သည် မေလ ၃၀ ရက်ကတည်းက ကျပ်သိန်းတစ်ထောင်တန် TOYOTA LEXUS နှင့်အတူထွက်ပြေး တိမ်းရှောင်နေကြောင်းစိစစ်တွေ့ ရှိခဲ့သည်။

ထို့နောက် LEXUS ကားကိုဇွန်လ ၃ ရက်နေ့ ညဥ့်သန်းခေါင်တွင် တာမွေခုံးကျော်တံတားအောက်၌ ရဲတပ်ဖွဲ့ကတွေ့ရှိသိမ်းဆည်းခဲ့သည်။အဆိုပါအခြေအနေများကိုမောင်မောင်၏ ဓာတ်ပုံနှင့်အတူဇွနလ် ၅ ရကည် တွင် ရဲတပဖ်ွဲ့ကသတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက်ဇွန်လ ၅ ရက်ညတွင် မောင်မောင်သည် TopLight ယာဉ်အသင်းမှ ဗင်ကားဖြင့်ပြငဦ်းလငွ မှ် မန္တလေးသ့ိုထကွ ခ်ွာသွားကြောင်း မူးယစ်တပ်ဖွဲ့စု
(၁၆)တပ်ဖွဲ့စုမှူးက တပ်ဖွဲ့စု(၁၇) သို့ဆကသ် ယွ သ် တင်းပေးခဲ့သည်။

သတင်းအရ ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် ပိတ်ဆို့ဖမ်းဆီးရာ ည ၁၁ နာရီကျော်တွင်မောင်မောင်ကို ဖမ်းဆီးရမိသည်။

မူးယစ်ဆေးတွေဘယ်လိုသယ်

ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာတစ်ခုထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ပြည်ထဲရေးကထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့်တရားခံ၏ဖော်ထုတ်ပြောပြချက်အရ မောင်မောင်သည် မူးယစ်ဆေးဝါးများကို လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုဒေါင်သို့ကားဖြင့် သယ်ဆောင်သည်။

ယင်းမှတစ်ဆင့် သင်္ဘောတင်မည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းပေါ်ပေါက်သည်။ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် မောင်မောင်၏ဆက်သွယ်မှုအရ U Kaung TradingCo.Ltd မှ တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျပ်သိန်းသုံးသောင်းခန့် ငွေစာရင်းပိတ်ထား

ပုဂ္ဂလိက ဘဏ်နှစ်ခုတွင်မောင်မောင်၏ ငွေစာရင်းနှင့် ဆက်စပ်တရားခံတစ်ဦး၏ ငွေစာရင်း၌ ကျပ်သိန်း ၂၈,၀၀၀ ကျော်နှင့် ATM ကတ်နှစ်ခုတို့ကို စစ်ဆေးတွေ့ရှိသဖြင့် အဆိုပါငွေ
ကြေးများကို ယာယီပိတ်သိမ်းထားကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်သည်။

မောင်မောင်နှင့်အပေါင်းပါများ မြန်မာနိုင်ငံရှိ ဘဏ်အသီးသီးတွင်ငွေစာရင်းဖွင့်လှစ်ထားမှုကို ဇွန်လ ၄ရက်၌ သက်ဆိုင်ရာကစုံစမ်းစစ်ဆေးခဲ့သည်။မောင်မောင်နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်းမီးခံသေတ္တာအတွင်းမှ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၅၀ ခန့်ရှိလက်ဝတ်ရတနာမျိုးစုံ ၁၉ မျိုးတွေ့ရှိခဲ့သည်။

LEXUS ကားကို ကျပ်သိန်း၁,၀၉၀ ဖြင့် ဝယ်ယူထားသည့်စာချုပ်မူရင်းတစ်စောင်၊ ယာဉ်နှင့်ပတ်သက်သည့် မှတ်ပုံတင်စာအုပ်မူရင်းတစ်အုပ်၊ အာမခံပရီမီယံ မှတ်တမ်းမူရင်းစာအုပ်တစ်အုပ်ကိုလည်း တွေ့ရှိခဲ့သည်။

လွန်ခဲ့သောနှစ်နှစ်အတွင်း လက်ဝတ်ရတနာ ဝယ်ယူခဲ့သည့်ပြေစာမူရင်းရှစ်စောင်တို့ကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။

မလေးရှားတွင်စံချိန်တင်ပမာဏ

မလေးရှားနိုင်ငံ စီမရစ်မြို့ကုန်လှောင်ရုံ၌ မေလ ၂၂ ရက်ကဖမ်းမိခဲ့သော ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မက်သာဖက်တမင်း ၁,၁၈၇ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၇၅၀ ဂရမ်သည် မလေးရှားနိုင်ငံသမိုင်းတွင် အများဆုံးဖမ်းမိသောမူးယစ်ဆေးပမာဏအဖြစ် ဒေသတွင်းမီဒီယာများက ညွှန်းဆိုသည်။

More in News Section

Top News