ဘယ်တက္ကသိုလ်ဝယ် ဘယ်ဘာသာသင်ရပါ့

ကြီးလာလျှင် ဆရာဝန် လုပ် မယ်ဟုပြောသော သမီးတစ် ယောက် ဆယ်တန်းအောင်မြင် သွားသည်။ ငယ်ငယ်တုန်းက ဆရာဝန်ကြီးလုပ်မယ်ပြောတတ် သော ကလေးသည် ရှစ်တန်း လောက်ကစ၍ ဆရာဝန်မလုပ် တော့ဘူးဟု ပြောလာသည်။

ထိုနေ့က မှတ်မှတ်ရရ သမီး သည် ရေခဲသေတ္တာထဲမှ ရေယူ သောက်ရင်း ဖန်ခွက်ကျကွဲသွား သည်။ သူ့မေမေက မင်္ဂလာဦး လက်ဖွဲ့ရထားသော ပစ္စည်းဖြစ်၍ နှမြောစွာဖြင့် သမီးကိုဆူသည်။ မိနစ်အနည်းငယ် ကြာသွားမှ သမီးကို ကြီးလာလျှင် ဆရာဝန် လုပ်မှာလားဟု မေးဖြစ်သည်။ သမီးက ခေါင်းခါပြသည်။ ဆရာဝန်လုပ်လို့ မဖြစ်ပါဘူးတဲ့။ လက်ကမငြိမ်ဘဲ လူနာကို မှား ခွဲရင် သမီးထောင်ကျမှာပေါ့ဟု ဖြေသည်။ ကျွန်တော် သူ့ကိုပြုံးပြ လိုက်သည်။

ကလေးအများစုသည် မိဘ များပြောစကားကို လိုက်၍သော် လည်းကောင်း၊ ပတ်ဝန်းကျင်မှ စကားကို ကြား၍သော်လည်း ကောင်း ကြီးလာလျှင် ဆရာဝန် ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီး လုပ်မယ်၊ စစ်ဗိုလ်ကြီးလုပ်မယ် ဟူ၍ ပြောတတ်ကြသည်။ ထို စကားကိုလည်း ကျေနပ်နေတတ် ကြသည်။ ကလေးဘဝမှ လူငယ် ဘဝသို့ ရွေ့လျားလာသည့် ဆင့် ကဲဖြစ်စဉ်များကိုတော့ ဂရုမစိုက် တတ်ကြပေ။

ယခုလို မြန်မာနိုင်ငံ၏ ဘဝ အောင်မြင်ရေးလမ်းကြောင်းဟု ပြောရမည့် ဆယ်တန်း (သို့ မဟုတ်) တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းထွက်ပြီး ချိန်တွင် အောင်မြင်ကြသည့် ကျောင်းသားများ၏ မိဘများက အကဲဆုံး ဖြစ်မည်ထင်သည်။ အောင်စာရင်းထွက်ချိန်က ဂုဏ်ထူးအတွက် ရင်မောရသည်။ အောင်စာရင်းထွက်ပြီးတော့ အမှတ်စာရင်းအတွက် ရင်မောရပြန်သည်။ တက္ကသိုလ်ဝင်ခွင့်တွက် အမှတ်စာရင်းက အကန့်အသတ် ပြုလုပ်ထားသည်မဟုတ်လော။

  ယခု နောက်ပိုင်းတွင် ကျောင်းသားနှင့် ကျောင်းသား မိဘတွေကပါ တက္ကသိုလ်ဝင်ခွင့် အတွက် ဝါသနာပါသည့် ဘာသာ ရပ်များကို ရွေးချယ်တတ်လာတာ တွေ့ရသည်။ ရွေးချယ်စရာ တက္ကသိုလ်နှင့် ဘာသာရပ်တွေက လည်း များပြားလာသည်။ သို့ သော် ခက်သည်က ကျောင်းသား ကိုယ်၌က မိမိဘာဝါသနာပါလဲ မသိသလို မိဘများကလည်း မိမိ ကလေးကို အကဲမခတ်တတ်ကြ တာဖြစ်သည်။ အိမ်ကသမီးက သီချင်းဆိုတာ ဝါသနာပါသည်။ သူအမြဲနားထောင်နေသည့် သီ ချင်းများက နိုင်ငံခြားသီချင်းများ ဖြစ်သည်။ အောင်စာရင်းထွက်ပြီး နောက် အနုပညာတက္ကသိုလ် တက်မည်ဟု ပြောသည်။ ဂီတ ဘာသာရပ် သင်မည်ဟုလည်း ပြောသည်။ ‘‘ဝါသနာပါရင်သင် ပေါ့သမီးရယ်။ ဒါပေမဲ့ ကျောင်း ရောက်ရင် မြန်မာ့ဂီတ သီချင်းကြီး၊ သီချင်းခန့်တွေ စသင်ရမှာတော့ ကျိန်းသေတယ်’’ ဆိုသောအခါ ခေါင်းခါသွားပြန်သည်။

ကလေးတွေ ကိုယ်ဘာဝါ သနာပါသလဲ မစဉ်းစားတတ်ခြင်း တွင် အကြောင်းရင်းများစွာရှိ သည်။ ပထမအချက်မှာ (၁၆)နှစ် ဟူသည့်အရွယ်သည် ဆင်ခြင်တုံ တရား နုနယ်သေးသောအရွယ် ဖြစ်သည်။ ဒုတိယအချက်မှာ အလွတ်ကျက်ဖြေစနစ်ကြောင့် အိမ်၊ ကျောင်း၊ ကျူရှင်ဟု လုံးချာ လည်နေပြီး ပြင်ပဗဟုသုတများ ကင်းကွာကာ ဝါသနာပါသည့် စာပေ၊ ဂီတ၊ အားကစား စသည် တို့နှင့် မပျော်မွေ့ရသဖြင့်ဖြစ် သည်။ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားအများစုသည် စာ ကြည့်တိုက်သွားဖို့ အချိန်မရ၊ အားကစားလုပ်ဖို့လည်း အချိန် မပေးနိုင်ဘဲ ကျောင်းစာထဲတွင် သာ နစ်မြုပ်နေကြသည်။

ကလေးက ဘာဝါသနာပါ သလဲ ဝေခွဲမရ ဖြစ်နေချိန်တွင် လူကြီးတွေ၏ ရွေးချယ်ပေးမှုက လည်း အရေးပါနေသည်။ ကျွန် တော်တို့နိုင်ငံတွင် လူကြီးအများစု က ဆေးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်တို့ကို မျက်စိကျကြ သည်။ ဆေးတက္ကသိုလ်မှဘွဲ့ရပြီး စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဖြစ်သွားသောသူများ ကို သူတို့ သတိမပြုမိကြ။ ဆယ် တန်းတွင် လေးဘာသာဂုဏ်ထူး ဖြင့်အောင်ကာ နည်းပညာတက္က သိုလ်တက်နေပြီး စတုတ္ထနှစ် လောက်ကျမှ စိတ်မပါဘူးဆိုကာ ကျောင်းထွက်သွားသည့် ကလေး တွေရှိသလို မိဘက COE ဟုခေါ် သည့် အဆင့်မြင့်တက္ကသိုလ် တက်ခိုင်း၍ တက်ရောက်ပြီးခါမှ စာမလိုက်နိုင်၍ ဒုတိယနှစ် လောက်တွင် အခြားမေဂျာပြောင်း သွားသော ကလေးများလည်း ရှိ နေသည်။

 ကျွန်တော်တို့ ငယ်စဉ်က ဒေသကောလိပ် (Regional College) ဆိုတာရှိသည်။ ဆယ် တန်းအောင်မြင်သူအားလုံး တက် ရောက်ရပြီး ဒုတိယနှစ် ဖြေဆို အောင်မြင်ပြီးခါမှ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ တက် ရောက်ခွင့်ရသည်။ ထိုအချိန်တွင် ကလေးတွေ၏ အသက်က (၁၈) နှစ် ပြည့်သွားပြီဖြစ်သည်။ လူကြီး တစ်ယောက်လို တွေးတောဆင် ခြင်နိုင်သည့်အရွယ် ရောက်ပြီ လည်းဖြစ်သည်။ ယခု ပညာရေး စနစ်ပြောင်းနေသည့် ၁၂ တန်းဆို သည့်စနစ်သည် စဉ်းစားဆင်ခြင် ဉာဏ်ပြည့်ဝသည့် အသက်အရွယ် အထိရောက်အောင် ဆွဲခေါ်သွားမည့်သဘောလည်း ပါမည် ထင်သည်။

တစ်ခါက စာရေးဆရာကြီး တစ်ယောက်က သူ့အိမ်တွင် သူ့ သမီးသူငယ်ချင်းများကို ဖိတ်ကာ မုန့်ဟင်းခါး ကျွေးသည်။ အားလုံး က ဆေးကျောင်းသားတွေချည်း ဖြစ်သည်။ မုန့်ဟင်းခါးစားနေရင်း ဆေးကျောင်းသားတစ်ယောက် က ငှက်ပျောအူက ဘယ်အပင်က သီးတာလဲဟု မေးသည်တဲ့။ ဆရာကြီးက ပညာရေးစနစ် ရင်မောရကြောင်းကိုပြန်ပြောပြခြင်းဖြစ်သည်။

ယခင်က ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များပြီး လျှင် ဗိုလ်သင်တန်းဟုခေါ်သော စစ်တက္ကသိုလ်ကိုလည်း စိတ်ဝင် စားကြသည်။ စစ်အုပ်ချုပ်ရေး စနစ်တွင် စစ်တက္ကသိုလ် စိတ်ဝင် စားကြသည်မှာ မထူးဆန်း။ စစ် ဗိုလ်ဖြစ်မှ တိုင်းပြည် အုပ်ချုပ်နိုင် မည်ဆိုသည့်သဘောဖြစ်သည်။ ယခုခေတ် ရောက်ပြန်တော့ ဥပဒေပညာ၊ နိုင်ငံတကာဆက်ဆံ ရေးပညာ၊ အင်္ဂလိပ်စာတွေ ခေတ်စားလာပြန်သည်။ ဒီမိုက ရေစီခေတ်တွင် တိုင်းပြည်အုပ် ချုပ်ရေးအတွက် ထိုဘာသာရပ် များက အရေးကြီးလာသည်။ နိုင်ငံရေးလုပ်ဖို့အတွက် ပညာ အရည်အချင်းမလိုသော်လည်း ဆင်ခြင်ဉာဏ်၊ တွေးတောကြံဆ ဉာဏ်များကိုတော့ ပညာကသာ ပေးသည်မဟုတ်လော။ အတွေ့ အကြုံနှင့်ပညာ ပေါင်းစပ်မှသာ ဆုံးဖြတ်ချက်များက ပိုမိုမှန်ကန် တိကျလာမည်ဖြစ်သည်။

ဆယ်တန်းဖြေဆိုအောင်မြင် သော ကျောင်းသားနှင့် ကျောင်း သားမိဘများသည် အချို့က ကျောင်းကိုအဓိကထား ရွေးချယ် ပြီး အချို့က ဘာသာရပ်ကို အဓိကထားတာကို တွေ့ရသည်။ အများစုက ရန်ကုန်တက္ကသိုလ်ကို သဘောကျသည်။ သွားရေးလာ ရေး လွယ်ကူပြီး မြို့၏အချက် အချာကျသောနေရာတွင် တည်ရှိ သည်။ မြို့စွန်မြို့ဖျားက တက္က သိုလ်များကို သဘောမကျကြ။ အချို့ကျပြန်တော့လည်း မြို့စွန် မကလို့ နယ်မြို့များအထိ သွား တက်ရ တက်ရ စိတ်ကြိုက်ဘာ သာရပ်ကို ရွေးချယ်ကြသည်။

ကျောင်းသားနှင့် ကျောင်း သားမိဘများ ဆင်ခြင်ရမည့်အရာ သည် ဆယ်တန်းအောင်မြင်ခြင်း ဆိုသည်မှာ ဘဝအောင်မြင်ရေး လမ်းကြောင်းတစ်ခု၏ အစသာ ဖြစ်ကြောင်း သိထားရန် ဖြစ် သည်။ လူသည် ဘဝနိဂုံးမချုပ်မီ အချိန်အထိ ရောက်သည့်နေရာ တွင် ကြိုးစားနေဖို့လိုသည်။ ဗိုလ် ချုပ်အောင်ဆန်းသည် တက္ကသိုလ် မှထွက်ပြီး နိုင်ငံရေးသမားဘဝသို့ ခြေစုံပစ်ဝင်သည့်အချိန်မှစကာ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်ကြံခံရသည့် အချိန်အထိမရပ်မနား ကြိုးစားခဲ့သည်။ စာရေးဆရာလုပ်ချင်သည့် သခင်နုသည် မမျှော်လင့်ဘဲ နိုင်ငံရေးလောကသို့ ရောက်သွားသော်လည်း ဝန်ကြီးချုပ်ရာထူး စွန့်လွှတ်ပြီးချိန်တွင် စာတွေပြန်ရေးလာခဲ့သည်။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက သုတေသနမလုပ်သော ဘယ်ကျောင်း ဆရာကိုမှ အထင်မကြီးဟု ပြောဖူးသည်။ ကျောင်းဆရာဖြစ်သွားပြီဟူ၍ ရပ်နေ၍မရ။ အင်ဂျင်နီ ယာဖြစ်ပြီဟူ၍ ရပ်နေ၍မရ။ ဆရာဝန်ဖြစ်ပြီဟူ၍ ရပ်နေ၍မရ။ အမြဲတမ်း ဖြည့်ဆည်းနိုင်မှ အမြဲတမ်းရှင်သန်နိုင်မည်ဖြစ်သည်။

 ဆယ်တန်း အောင်မြင်သူ များအတွက် အမှတ်စာရင်းကို ရန်ကုန်တက္ကသို လှိုင်နယ်မြေတွင် ထုတ်ပေးနေပြီဖြစ်သည်။ အမှတ် နည်းသူများ စိတ်ဓာတ်မကျဖို့လို သည်။ မည်သည့်ဘာသာရပ်မဆို ထူးချွန်သူများအတွက် နေရာများ စွာရှိနေသည်။ ဝါသနာပါသည့် ဘာသာရပ်ကို ရွေးချယ်မှ စိတ်ဝင် စားမှု ရင့်သန်ကာ ဝါသနာနှင့် အလုပ် တစ်ထပ်တည်း ကျလာ မည်ဖြစ်သည်။ အများယောင် တိုင်း လိုက်မယောင်ပါနှင့်။ မိမိ စိတ်ဝင်စားရာ၊ ဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်သင်ကြား ရင်း မိမိဘဝ တိုးတက်မြင့်မား ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်နိုင်ပါစေဟု ဆန္ဒပြု လိုက်ပါသည်။

(ဆောင်းပါးရှင် ဗညားလှိုင်ဦး သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မျက်မှောက်ရေးရာဆောင်း ပါးများ ရေးသားနေသူဖြစ်သည်)

Top News