လူထုနှင့်အလှမ်းဝေးသည်ဟု ရန်ကုန်တိုင်းအစိုးရကို ဒေါက်တာညိုညိုသင်းဝေဖန်

 ရန်ကုန်တိုင်းအစိုးရသည် ရန်ကုန်ပြည်သူလူထုနှင့် အလှမ်း ဝေးနေသည်ဟု ကောက်ချက်ချ၍ ရကြောင်း လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါက်တာညိုညို သင်းက ဝေဖန်သည်။


လက်ရှိရန်ကုန်တိုင်းလွှတ် တော်တွင် ဆွေးနွေးငြင်းခုံနေ သော ရန်ကုန်တိုင်းဒေသကြီးအစိုး ရက Ford ကား ၁၀ စီးဝယ်ယူရန် စီစဉ်မှုနှင့် ရန်ကုန်မြို့တော်ဘဏ် တွင် ကျပ်ခုနစ်ဘီလီယံခန့် (၆ ဒသမ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန်  လျာထားမှုနှင့်ပတ်သက်၍ ၎င်းက ဝေဖန်ခြင်းဖြစ်သည်။

‘‘ရန်ကုန်က ပြည်သူလူထု တစ်တိုင်းပြည်လုံးမှာ ကုန်ဈေး နှုန်းကြီးမြင့်မှုဒဏ်ကို အကြီးအ ကျယ် ခံစားနေရတယ်။ နောက် ပြီးတော့ ရန်ကုန်မှာ အိမ်လခတွေ လည်း ဈေးတက်တယ်။ ပြောချင် တာက လူထုက အထွေထွေ အ ကျပ်အတည်းနဲ့ တွေ့နေတယ်။ ဆို တော့ အဲဒီလိုအချိန်မှာ အစိုးရက သန်းချီတန်တဲ့ Ford ကားကို စီး မယ်ဆိုတဲ့ အတွေးက အံ့သြစရာ ပါ။ သန်းခြောက်ထောင်ကို ဘဏ် ထဲ ထည့်ရလောက်အောင်၊ ဘဏ် ထဲထည့်ပြီး အလုပ်လုပ်ရလောက် အောင် အန်တီတို့ရန်ကုန်တိုင်းက လူတွေ မချမ်းသာသေးပါဘူး’’ ဟု ဒေါက်တာညိုညိုသင်းက ဇွန်လ ၅ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အ စိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လက်ရှိတွင် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် များက ဝေဖန်မှုရှိသည်။ ‘‘ဒီမိုကရေစီကို သွားပါမယ်၊ပြောင်းလဲချိန် တန်ပြီ၊ ပြောင်းလဲပါမယ်လို့ ပြော ထားတဲ့ အစိုးရလက်ထက်မှာ တစ်ပါတီတည်းက လည်းဖြစ်တယ်။ အစိုးရနဲ့ ရင်ဆိုင်ရတာလည်း ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းလွှတ် တော်အမတ်တွေရဲ့ အခက်အခဲကလည်း အတော်လေးကြီးမား လိမ့်မယ်’’ ဟု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် မေးခွန်း၄၀၀ ကျော်မေးမြန်းခဲ့သည့်ဒေါက်တာညိုညိုသင်းကပြောသည်။

၎င်းသည် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဗဟန်းအမတ်ဖြစ်ပြီး ပြည်ခိုင်ဖြိုးအစိုးရကို ထောက်ပြဝေဖန်နိုင်ခဲ့ သူဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဗဟန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကိုတစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံး နိမ့်ခဲ့သည်။

More in Politics Section

Top News