မိုးသည်းထန်ပြီး တောင်ကျရေ၀င်လာနိုင်၍ ဒုဋ္ဌ၀တီမြစ်ဝှမ်းတစ်လျှောက်ရှိ ရွာများနှင့် အပန်းဖြေစခန်းများသို့ သတိပေးချက်ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံနေစဉ် (ဓာတ်ပုံ - Kyaw Swar Lwin FB)

ရှမ်းပြည်နယ်မြောက် ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း ပြီး တောင်ကျချောင်းရေအလုံး အရင်းဝင်လာနိုင်၍ ဒုဋ္ဌ၀တီမြစ် ၀ှမ်းတစ်လျှောက်ရှိ ကျေးရွာများ နှင့် အပန်းဖြေစခန်းများ သတိ ပြုနေထိုင်ရန် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။


မြစ်၊ ချောင်းဘေးဒေသများ နှင့် မြေနိမ့်သောနမ့်လန်မြို့သည် ရေကြီးရေလျှံမှုဖြစ်ပြီး အထူးစိုး ရိမ်ဖွယ်ရာ အခြေအနေရောက် နေသဖြင့် သတိပြုရန်လိုအပ် ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။

တောင်ကျချောင်းရေတိုး လာပြီး ရဲရွာရေအားလျှပ်စစ်စီမံ ကိန်းဆည် စိုးရိမ်ရေမှတ်သို့ ရောက်လာပါက ရေဖောက်ချ မည်ဖြစ်သော်လည်း ကြိုတင်ကာ ကွယ်သည့်အနေဖြင့် သတိပြုနေ ထိုင်ရန်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်အ မှတ်(၁) လွှတ်တော်ကိုယ်စား လှယ်ဦးအောင်မင်းကပြောသည်။

‘‘နှစ်စဉ် မိုးရာသီတိုင်းမှာ ထုတ်ပြန်သတိပေးလေ့ရှိတယ်။ အခုက အထက်မှမိုးများလို့ သတိ ပြုနေထိုင်ဖို့ပြောထားတယ်။ ဒါ ကလည်း အရမ်းစိုးရိမ်ရလို့မဟုတ် ဘူးနော်။ တောင်ကျရေအလုံးအ ရင်းဝင်လာရင် ငါးမိနစ်အတွင်းမှာ ဘာမှမတတ်နိုင်ဘူး။ ဆည် အောက်မှာရှိတဲ့ရွာတွေ သတိပြု နေထိုင်ရမယ်။ အပန်းဖြေစခန်း က လုပ်ငန်းရှင်တွေကလည်း ဧည့်သည်တွေကို အလုံးအရင်း လက်မခံဘူး’’ ဟု ဦးအောင်မင်းက ပြောသည်။

ရဲရွာရေအားလျှပ်စစ်စီမံ ကိန်းဆည်၏ စိုးရိမ်ရေအမှတ်သို့ ရေရောက်ရှိခြင်း မရှိသေးသော် လည်း အချိန်ပြည့်စောင့်ကြည့်နေ ကြောင်း ၎င်းကပြောသည်။

‘‘ဒီနေ့နောက်ဆုံးတိုင်းတာ ချက်အရ (ဇွန်လ ၇ ရက်နေ့လယ် ၂ နာရီ)ဒုဋ္ဌ၀တီမြစ်ရေက သီပေါ၊ ရွှေစာရံ၊ မြစ်ငယ်တို့မှာ လက်မ ၀က်ကနေ တစ်ပေခွဲအထိတက် လာတယ်။ စိုးရိမ်ရေအမှတ်တော့ မရောက်သေးဘူး။ တကယ်လို့ စိုးရိမ်ရေအမှတ်ရောက်ရှိလာဖို့ အလိုမှာလည်း မိုးဇလကနေ ထုတ်ပြန်ပေးပါမယ်။ မိုးဇလအ နေနဲ့ မြစ်ရေအတက်အကျနဲ့ပတ် သက်၍ တစ်နေ့ကို ငါးကြိမ် လောက်ထုတ်ပြန်ပေးတဲ့အတွက် စောင့်ကြည့်နေသင့်ပါတယ်’’ ဟု အထက်မြန်မာပြည်မိုးလေ၀သ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံး) ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

လာမည့်ရက်များတွင် ဘင်္ဂ လားပင်လယ်အော်မြောက်ပိုင်း ၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းနှင့် မြောက်ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဦးကျော်လွင်ဦးက ပြောသည်။

မိုးရွာသွန်းသည့်ဒေသမှ မိုင် ၃၀ ၀န်းကျင်၊ သီပေါတောင်ဘက် တောင်တန်းဒေသ၊ ရဲရွာဆည်အ ရှေ့မြောက်ဖျားဒေသ၊ ရဲရွာဆည် အလယ်သို့ဆင့်မည့် တောင်တန်း၊ ရဲရွာဆည်သမန်းသာ အပန်းဖြေ စခန်း(ခုနစ်မိုင်)၊ ရွှေစာရံ၊ မြစ် ငယ်၊ အင်းဝ(ရလွန်းကျော်)ဒေသ တို့တွင် နေထိုင်သူများနှင့်ခရီး သွားနေသူများ အထူးသတိပြုရန် ထုတ်ပြန်ထားသည်။

More in News Section

Top News