SMID ဘဏ်က ပညာရေးအပါအဝင် ကဏ္ဍသုံးခုကို ငွေချေးမည်

ကျပ်ဘီလီယံ ၁၀၀ မတည်ရင်းနှီးပြီး ပညာရေးချေး ငွေအပါအဝင် ချေးငွေအမျိုး အစားသုံးမျိုးကို ထုတ်ချေးမည်ဟု အသေးစားနှင့် အလတ်စား စက် မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID ဘဏ်)က ဇွန်လ ၇ ရက်တွင် ကြေညာသည်။

အစိုးရထံမှ သီးခြားခွဲထွက် ပြီး အများပိုင်ဘဏ်အဖြစ် ရပ် တည်နေသည့် SMID ဘဏ်က နိုင်ငံခြားတက္ကသိုလ်များမှ ဒီပလို မာ၊ မာစတာယူလိုသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ချေးငွေများကို ဇွန်လ ၇ ရက်ကစတင်၍ လျှောက်ထားနိုင် ကြောင်း ယင်းဘဏ် အမှုဆောင် အရာရှိချုပ် ဒေါက်တာဇေယျာ ညွန့်က ပြောသည်။

‘‘ပညာရေးကဏ္ဍကို တစ် ထောင့်တစ်နေရာကနေ ဖြည့် ဆည်းပေးချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်’’ ဟု ဒေါက်တာဇေယျာညွန့်က ပြောသည်။

လစဉ်ဝင်ငွေရှိသော မိသား စုများရှိ ကျောင်းသားများသည် နိုင်ငံခြား တက္ကသိုလ်များတွင် ကျောင်းတက်လိုလျှင် ချေးငွေ လျှောက်ထားနိုင်ပြီး လက်ရှိ SMID ဘဏ်နှင့် ချိတ်ဆက်ထား သည့် ထိုင်း၊ မလေးရှား၊ ဆွစ်ဇာ လန် စသောနိုင်ငံများမှ ကျောင်း ငါးခုတွင် ချေးငွေရယူပြီး ကျောင်း တက်နိုင်သည်။

ပညာရေး ချေးငွေအပြင် ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် ချေးငွေ ကဏ္ဍတွင် SMID ဘဏ်က ငွေထုတ်ချေးမည်ဖြစ်ပြီး အပေါင်ပစ္စည်းပါဝင်သည့် ချေး ငွေနှင့် အပေါင်ပစ္စည်းမပါသည့် ချေးငွေဟူ၍ နှစ်မျိုးခွဲထားကာ အတိုးနှုန်းလည်း ခွဲခြားသတ် မှတ်ထားသည်။

လယ်ယာကဏ္ဍ၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍတို့ နှင့်ပတ်သက်သော ချေးငွေ အမျိုးအစားကို သီးခြားခွဲခြားထားသည်။ လယ်ယာကဏ္ဍတွင် စပါးနှင့် ပြောင်းစိုက်ပျိုးသူများကို ငွေချေးပေးရန် စီစဉ်ထားပြီး ချေးငွေကိုလည်း အဆင့်လိုက် ထုတ်ပေးမည်ဟုဆိုသည်။

ဘဏ်မှ ငွေချေးပြီး အလွဲသုံး စား မရှိစေရန် အဆင့်လိုက် ငွေချေးပေးရန် စီစဉ်ခြင်းဖြစ် သည်ဟု ဒေါက်တာဇေယျာညွန့် က ပြောသည်။ မွေးမြူရေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို ငွေချေးရာတွင် ငါး၊ ပုစွန်၊ ကဏန်း၊ ကြက်၊ နို့စားနွားမွေး မြူရေးသမားများကို ငွေထုတ်ချေး ရန် စီစဉ်ထားသည်။ အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးနိုင် သော လူသုံးကုန်၊ စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ ကိုလည်း ငွေချေးရန် စီစဉ်ထား သည်။

Top News