ဧရာဝတီတိုင်းတွင် ၂ နှစ်ကျော်အတွင်း တောဆင်ရိုင်း ၃၃ ကောင် သတ်ဖြတ်ခံရ

ဧရာဝတီတိုင်းတွင် ၂၀၁၆ မှ ၂၀၁၈ မေလကုန်အထိ ၂ နှစ်ကျော်အတွင်း တောဆင်ရိုင်း ၃၃ ကောင် သတ်ဖြတ်ခံရကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ငပုတော၊ သာပေါင်းမြို့နယ်တို့၌ တောဆင်ရိုင်းများ သတ်ဖြတ်ခံခဲ့ ရပြီး ၂၀၁၆ တွင် တောဆင်ရိုင်း ၁၃ ကောင်၊ ၂၀၁၇ တွင်  ၁၆ ကောင်နှင့် ယခုနှစ်မေလကုန်အ ထိ တောဆင်ရိုင်းလေးကောင် သတ်ဖြတ်ခံရသည်ဟု ဆိုသည်။

တောဆင်ရိုင်းများကို သတ် ဖြတ်သည့် ဆင်မုဆိုးများအား ဒေသခံများနှင့်  ကျေးရွာအုပ်ချုပ်ရေး ပိုင်း တာဝန်ရှိသူများ ပူးပေါင်း ကူညီမှုဖြင့် ရဲတပ်ဖွဲ့ဝင်များက တောနင်းဖမ်းဆီးရာ ၂  နှစ်ကျော်အတွင်း ဆင်မုဆိုး ၃၆ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။

၂၀၁၆ မှ ယခုနှစ်မေလကုန် အထိ ဧရာဝတီတိုင်းဒေသကြီးအ တွင်း ဖြစ်ပွားခဲ့သည့် တောဆင် ရိုင်းသတ်ဖြတ်ခံရမှုများမှ  ဆင်မုဆိုး ၃၆ ဦး ဖမ်းဆီးရမိကာ ၁၆ ဦး ထွက်ပြေးလွတ်မြောက်နေ ကြောင်း ၎င်းကဆိုသည်။

သို့သော်ဧရာဝတီတိုင်းဒေ သကြီးအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုသည် ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အရေအတွက် ထက်ပိုမိုများပြားကြောင်း ဒေသခံ များက ပြောသည်။

မုဆိုးများအား ဖမ်းဆီးအ ရေးယူနိုင်ရေး ပူးပေါင်းဆောင် ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၊သစ် တောဌာနမှ ဝန်ထမ်းများနှင့် ဒေသ ခံများအပါအဝင် စုစုပေါင်း ၂၃ ဦးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကမ္ဘာ့တောရိုင်းတိရ စ္ဆာန် ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WWF) နှင့် တောရိုင်းတိရစ္ဆာန်  ချစ်သူများအသင်းတို့က ဇွန်လ ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

‘‘အဓိကကတော့ သတင်းရ ရှိဖို့ပါ။ ဆင်မုဆိုးတွေကို သတင်း ပေးတဲ့သူကိုလည်း ကျွန်တော်တို့ ချီးမြှင့်မှုတွေ ဆောင်ရွက်ပေးပါ တယ်။ သတင်းပေးတဲ့သူကို လည်း အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးထားပါတယ်’’ ဟု ဒုရဲမှူး ကြီးခင်မောင်လတ်က ပြောကြား သည်။

လက်ရှိတွင် WWF ၏ ပံ့ပိုးကူညီမှုဖြင့် ဧရာဝတီတိုင်းဒေ သကြီးအစိုးရက ဆင်သတ်မု ဆိုးများ ဖမ်းဆီးရမိရေးအတွက် တိုင်းအတွင်း  အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း  ၎င်းက ပြောသည်။

၂၀၁၇ အတွင်း မြန်မာ နိုင်ငံတွင် ရက်သတ္တတစ်ပတ်လျှင် တောဆင်ရိုင်း  နှစ်ကောင်နှုန်း သတ်ဖြတ်ခံခဲ့ရကြောင်း WWFက သတင်းထုတ်ပြန်ထားသည်။

Top News