ရော့စ်ဒန်ကလေ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

 မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ်ဟောင်း သြစတြေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေနှင့် အင်္ဂလန်နိုင်ငံသားတစ်ဦးအပါအ၀င် စုစုပေါင်း ကိုးဦးကို မူးယစ်ဆေးဝါးလက် ၀ယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့ ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းဝင်းကပြောသည်။

ဇွန်လ ၆ ရက်က ဗဟန်းမြို့ နယ် စမ်းရေတွင်းလမ်းတွင်ရော့စ်ဒန်ကလေ ငှားရမ်းနေထိုင်သောနေအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေရာ WY ဆေးပြား ၈၀၀ခန့်နှင့်Ice ဂရမ် ၃၀၀ ကျော်ကို တွေ့ရှိသောကြောင့် ဖမ်းဆီးခဲ့ကြောင်း ရဲမှူးသိန်းဝင်းက ပြောသည်။


‘‘သူတို့က ဒီမှာ သုံးစွဲနေတဲ့ သူတွေပါ။ သူ့သူငယ်ချင်း အင်္ဂ လန်နိုင်ငံသားလည်းအတူဖမ်းမိ တာပါ။ သူတို့နှစ်ယောက်က အ တူတူနေတာ’’ ဟု ၎င်းကဆက် လက်ပြောသည်။

နိုင်ငံခြားသားနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ကိုးဦးကို မူးယစ်ပုဒ်မ ၁၉(က)၊ ၂၀(က)နှင့် ၂၁ တို့ဖြင့်  အမှုဖွင့်ထားသည်။

‘‘အမျိုးသမီးတွေလည်း ပါ တယ်။ အဲဒီအိမ်မှာလာပြီး သုံးစွဲ တဲ့သူတွေပဲ။ အဲဒီအိမ်မှာအတူတူ ဖမ်းမိတာပဲ’’ဟု ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသော နိုင်ငံ ခြားသားနှစ်ဦးသည် မလေးရှား နိုင်ငံတွင် ဖမ်းဆီးထားသော မူးယစ်ဆေးဝါးမှုနှင့် ဆက်စပ်မှုမရှိကြောင်းရဲမှူးသိန်းဝင်းက ပြော သည်။

 ၂၀၁၁ မတ်လအတွင်းက အမျိုးသမီးတစ်ဦးကို နာကျင်စေ မှု၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ ဖြင့် ရော့စ်ဒန်ကလေကို ကမာ ရွတ်မြို့နယ်တရားရုံးက ထောင် ဒဏ်တစ်လချမှတ်ခဲ့သည်။

ရော့စ်ဒန်ကလေသည် မြန် မာတိုင်းမ်ကို စတင်ထုတ်ဝေခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

Top News