ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသော AAC ခေါင်းဆောင်သုံးဦးကို ခိုက်ရန်ဖြစ်ပွားမှုဖြင့် ထိုင်းရဲက ဖမ်းဆီးပြီး အာမခံဖြင့် ပြန်လွှတ်

 ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအရေး ကူညီပေးနေ သော AAC မဟာမိတ်အဖွဲ့ခေါင်း ဆောင် သုံးဦးကို ခိုက်ရန်ဖြစ်ပွားမှုဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အာမခံငွေ ဘတ်တစ်သိန်းဖြင့် ယမန်နေ့တွင် ပြန်လည်လွတ် မြောက်လာသည်။

မေလ ၂၄ ရက်က ဖစ်ဘူရီ နယ်မြေတွင် ထိုင်းနိုင်ငံသားအချို့ နှင့် ခိုက်ရန်ဖြစ်ပွားသည်ဆိုကာ AAC အဖွဲ့ခေါင်းဆောင် ကိုခိုင်ကြီး၊ ကိုရဲမင်းနှင့် ကိုဇင်ဖြိုးတို့ကို ထိုင်းနိုင်ငံသားများအား ထိုးကြိတ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ဖစ်ဘူရီထောင်၌ ချုပ်နှောင်ခံထားရသော AAC အဖွဲ့ခေါင်းဆောင် သုံးဦးကို ယမန်နေ့တွင် ယင်းအဖွဲ့၏ ထိုင်းရှေ့နေများကကူညီဆောင်ရွက်ပေးရာ ဘတ် တစ်သိန်း (ကျပ် ၄၂ သိန်း) ဖြင့် ပြန်လည် လွတ်မြောက်လာ ကြောင်း ကိုရဲမင်းကပြောသည်။

‘‘ထိုးကြိတ်မှုနဲ့ ဖမ်းခံရတာ ပေါ့။ ကျွန်တော်တို့က အမှုကိုဖြေ ရှင်းဖို့သွားတာ။ ထိုင်းရဲတွေက အာမခံမပေးဘဲ ထောင်ထဲထည့် လိုက်တာ။ ဒီနေ့မှ ရှေ့နေတွေက ကူညီပေးလို့ ပြန်ထွက်လာရတာ’’ ဟု ကိုရဲမင်းကပြောသည်။

မေလ ၂၄ ရက်တွင် AAC အဖွဲ့မှ တာဝန်ရှိသူများသည် ထိုင်း ရောက်မြန်မာလုပ်သားများ ပျော် ရွှင်စေရေး အခမဲ့ဖျော်ဖြေပွဲ ပြု လုပ်ရန် ဖစ်ဘူရီနယ်မြေ၌ စီစဉ်နေစဉ် ထိုင်းနိုင်ငံသား ဆယ် ဂဏန်းခန့်က အုပ်စုဖွဲ့ပြီး လာ ရောက်တိုက်ခိုက်၍ AAC အဖွဲ့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်နေသည့် AAC အဖွဲ့ တည်ထောင်ထားသည့် ဂေ ဟာကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့တွင် ဝင်ရောက်စစ်ဆေးခဲ့ သည်။ ယင်းဂေဟာတွင် ခိုလှုံနေ သော မြန်မာလုပ်သား ၅၀ ခန့်ရှိ ရာ စာရွက်စာတမ်းမရှိသော မြန် မာလုပ်သားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ယင်းအဖွဲ့မှ ကိုနေလင်း သူက ပြောသည်။

၂၀၁၄ ကတည်းက စတင် တည်ထောင်ထားသော AAC  အဖွဲ့သည် ထိုင်းရောက်မြန်မာလုပ် သားများ အလုပ်သမားအခွင့်အ ရေး ချိုးဖောက်ခံရမှု၊ လူကုန်ကူး ခံရမှု၊ လုပ်ခလစာခေါင်းပုံဖြတ်ခံ ရမှုတို့ကို လိုက်လံကူညီနေသော အဖွဲ့ဖြစ်သည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သားများအနက် အလုပ်ထုတ် ပယ်ခံရသူများ၊ အလုပ်မရရှိသူ များနှင့် နေထိုင်ရန် အခက်အခဲရှိ သော မြန်မာလုပ်သားအချို့ နေထိုင်စားသောက်ရန် AAC မဟာမိတ်အဖွဲ့သည် မဟာချိုင်မြို့၌ နိုဝင်ဘာ ၂၆ ရက်က ဂေဟာတစ်ခု ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဖိအားပေးမှုအချို့နှင့် ကြုံလာရသဖြင့် AAC ၏ အကူအညီပေးရေးလုပ် ငန်းအချို့ ရပ်တန့်ခဲ့ရသည်။

၂၀၁၇ ဒီဇင်ဘာ ၁၀ ရက်က  လည်း ထိုင်းရဲတပ်ဖွဲ့သည် AAC ဂေဟာသို့ ဝင်ရောက်စစ်ဆေးခဲ့ သည်။

More in News Section

Top News