၂၁ ရာစုပင်လုံအစည်းအဝေး ဇွန်လ ၃၀ရက်တွင် ကျင်းပရန် သင့်၊ မသင့် အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးမည်

အပစ်ရပ်အဖွဲ့များ၏ ၂၁ ရာစုပင်လုံကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုအစည်းအဝေးကို ဇွန် ၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့စဉ် (ဓာတ်ပုံ − Myo Win / FB)

အစိုးရနှင့် အပစ်ရပ် အဖွဲ့ ကိုယ်စားလှယ်များအကြား ဆွေးနွေးထားသည့် ဇွန် ၃၀ ရက် တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကျင်းပရေး ဖြစ်နိုင်၊ မဖြစ်နိုင် အပစ်ရပ်အဖွဲ့ထိပ်သီး ခေါင်းဆောင်များ၏ အစည်း အဝေး၌ ဆုံးဖြတ်မည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)ဒုဥက္ကဋ္ဌဒေါက်တာဆ လိုင်းလျန်မှုန်းဆာ ခေါင်းက ပြောသည်။


တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ထိုးတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆေင်များ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်း နိုင်ငံချင်းမိုင်တွင် ဇွန်လ ၁၁ ရက် က စတင်ပြုလုပ်မည်ဖြစ်သည်။

အပစ်ရပ်အဖွဲ့များအကြား ၂၁ ရာစုပင်လုံ အစည်းအဝေးအ ကြို ပြင်ဆင်သည့် ဆွေးနွေးမှုကို ဇွန်လ ၇ ရက်တွင် ရန်ကုန်၌ ပြု လုပ်ခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ၂၁ ရာစုပင်လုံ အမြန်ဆုံး ကျင်းပ နိုင်ရေး ကြိုးပမ်းသင့်ကြောင်း အ ကြံပြုခဲ့သည်ဟု ဒေါက်တာဆ လိုင်းလျန်မှုန်းက ပြောသည်။

‘‘အနည်းဆုံးက အဲဒီရက် မစနိုင်ရင်တောင် သိပ်ပြီးတော့ ရက်တွေအကွာကြီး မဖြစ်ဘဲ လုပ် နိုင်ဖို့ ကြိုးစားသင့်တယ်လို့ ကျွန် တော်တို့က အကြံပေးပါတယ်’’ ဟု ၎င်းကဆိုသည်။

၂၁ ရာစုပင်လုံအစည်းအ ဝေး၌ ဆွေးနွေးမည့် အကြောင်းအ ရာများသည် သဘောထားစုစည်း ထားပြီးဖြစ်၍ ဇွန်လကုန်တွင် စတင်ကျင်းပရန် အဆင်သင့်ဖြစ် ကြောင်း ဒေါက်တာဆလိုင်းလျန် မှုန်းက ဆိုသည်။

အစိုးရကိုယ်စားလှယ် ဦး ဇော်ဌေးက ၂၁ ရာစုပင်လုံတတိ ယအစည်းအဝေးကို ဇွန်လ ၃၀ ရက်မှ စ၍ ငါးရက်ကြာ ကျင်းပရန် လျာထားသည်ဟု ပြောသည်။ ယင်းအစည်းအဝေးတွင် နိုင်ငံရေး ဆိုင်ရာ သဘောတူညီချက်များ သာမက လုံခြုံရေးနှင့် ပတ်သက် ၍ သဘောတူညီချက် ရရှိရေး ကြိုးစားနေသည်ဟု ၎င်းကဆို သည်။  ထို့ကြောင့်အပစ်ရပ်အဖွဲ့ များနှင့် လုံခြုံရေးကဏ္ဍ အလွတ် သဘောဆွေးနွေးမှုကို ၂၁ ရာစု ပင်လုံမတိုင်မီကျင်းပနိုင်ရေး စီစဉ် ထားကြောင်း ၎င်းကပြောသည်။

More in Politics Section

Top News