မဆန်းလှဟုဆိုနိုင်ငြား ‘ဖယ်’ထား၍မရသော . . .

(၁)

 မိုးဦးဝင်ခါစ တစ်ညနေခင်း . . .။

သဲသဲမဲမဲ ရွာချလိုက်သော မိုးကြောင့် နီးရာ လက်ဖက်ရည် ဆိုင်ထဲ ဝင်ခိုနေခဲ့ရ၏။ လေပါပါ သောမိုးသည် ဆိုင်အတွင်းပိုင်း ကျကျ စားပွဲအထိ မှုန်မှုန်မွှားမွှား လာတို့ထိသွားသည်။ လက်ဖက် ရည်များနေပြီမို့ မသောက်ချင်ဘဲ မှာထားသော Sting အနီပုလင်း မှာ ရေခဲမှုန်တို့ ကပ်တွဲခိုလျက်။ ဟော. . . မီးပြတ်သွားသည်ပဲ။ ငေးလက်စ စကိုင်းနက်ရုပ်ရှင် ဆီကနေ ဆိုင်ပြင်ကို ကြည့်မိ သည်။ လမ်းမကြီးဘေး မီးပွိုင့် လမ်းဆုံနား ဖြစ်သော်လည်း တဝေါဝေါမောင်းနေသည့် ကား များမှလွဲ၍ လမ်းပေါ်မှာ၊ ပလက် ဖောင်းပေါ်မှာ လူတစ်ဦး၊ နှစ်ဦးပဲ ထီးဆောင်းလျှောက်သွားနေ သည်။ လမ်းဆုံလမ်းခွ လမ်းမကြီး မို့ ပလက်ဖောင်းခင်းဈေးသည် တွေ များလှသော်ငြား သည်နေ့ တော့ ဈေးဗန်းတစ်ဗန်းပင်မရှိ။ မမြင်ရ။ လမ်းမကြီးဟိုဘက်က ဟွန်ဒေးကားရှိုးရွမ်းကြီးကတော့ ‘ဟည်း’ထနေပါ၏။ သူနှင့်ကန့် လန့်ဖြတ်လမ်းမကပ်ခြားနေသော ၂၄ နာရီ စီးတီးမတ်ကိုတော့ သည်စားပွဲကနေ မမြင်ရ။

ဆိုင်က အတော်ကျယ် သည်။ တံစက်မြိတ်အောက်မှာ မိုးခိုနေသော မိန်းမဝဝကြီးတစ်ဦး ရှိနေသည်။ ခပ်သန့်သန့် ပြန့်ပြန့် ပုံစံပါပဲ။ မိုးခိုနေသည်သာ ပြောရ ၏။ ထီးတော့ ဖွင့်ဆောင်းထားရင်း လေအဝေ့က မိုးစက်တွေကို ကာ ကွယ်ထားရသည်။ ဘာကြောင့် ဆိုင်ထဲကို ဝင်မထိုင်တာလဲတော့ မသိနိုင်။ သူမဘေးမှာ ပလတ် စတစ်ခြင်းတောင်း ခပ်ကြီးကြီး တစ်လုံး ချထား၏။ ကြွပ်ကြွပ် အိတ်ကြီးတွေဖြင့် မိုးလုံအောင်ဖုံး ထားသည်။ စားပွဲမှ လှမ်းကြည့် လျှင် သူမက ဆိုင်တံစက်မြိတ် ညာအစွန်မှာ။ ဘယ်ဘက်ခြမ်း အစွန်လေးမှာတော့ အအေး ပုလင်းကတ်တွေ ဆင့်စီပြီးချထား ၏။ ထိုကတ်တွေဘေးနားမှာ ခပ် စုတ်စုတ်ပြတ်ပြတ် ကောင်လေး နှစ်ယောက်။ နှစ်ယောက်လုံး ကြွက်စုတ်လို စိုရွှဲနေ၏။ ဘာ အရောင်မှန်းပင် မခွဲခြားနိုင် လောက်တော့သော ဘောင်းဘီ တိုတိုပွပွ၊ ညစ်ထည်းထည်း ရှပ် လက်တိုလေးတွေဖြင့် သြော် ဘေးမှာ ဆာလာအိတ်ခွံ ခပ် ဖောင်းဖောင်းကြီးကြီးတစ်လုံး။ ငယ်ငယ်သေးသေးတစ်လုံးကို ထပ်တွေ့ရ၏။ ကြည့်နေခိုက်မှာပဲ စားပွဲထိုးချာတိတ်လေး တစ် ယောက် ဘာသွားပြောသည်မသိ။ အအေးကတ်တွေနား ချထား သော ဆာလာအိတ်တွေကို အကြီးကောင်လေးက ရှေ့ဘက် ရွှေ့ချလိုက်သည်။ ဆိုင်ပေါက်ဝ ကို ကန့်လန့်နည်းနည်း ခံသလို ဖြစ်နေသည်ကိုး။ ရေသန့်ဘူး၊ အအေးဘူးအခွံတွေ ထည့်ထား တာပဲ။ ဒါတွေ လိုက်ကောက် သော ကလေးတွေပဲ။ အကြီး ကောင်လေးက (၁၂)၊ (၁၃) နှစ် လောက်ရှိမည်။ ပိန်ရှည်ရှည်၊ မွဲ ခြောက်ခြောက်။ အငယ်ကောင် လေးက ခပ်ပြတ်ပြတ်ပုပုနှင့် နည်းနည်းပို ‘ပြည့်’သလိုရှိသည်။ (၉)၊ (၁၀)နှစ်လောက်။

ဆိုင်ထဲ ထီမထင်သောမျက် နှာ၊ မျက်ဝန်းတောက်တောက် ကိုယ်နေဟန်ပန်ပုံစံဖြင့် ပြန်ဝင် လာသော စားပွဲထိုးချာတိတ်သည် လည်း ရှိလှမှ (၁၄)နှစ်၊ (၁၅)နှစ်။ အမြဲတမ်း အခိုင်းခံ၊ အဟောက်ခံ နေရသူ (ဖြစ်မှာသေချာသည်)မို့ သူက ပြန်ခိုင်း၊ ပြန်ငေါက်ခွင့် ရလိုက်သောအခါ...။

(၂)

သည်လို ဖြစ်ရပ်မျိုးတွေက ကမ္ဘာအဝန့် နိုင်ငံအများစုမှာ သိပ်ထူးဆန်းလှမည်မဟုတ်။ ကိုယ့်နိုင်ငံလို လူးလွန့်ရုန်းကြွ ‘ထ’နေရသည့်၊ ပြန်ပြောင်းလဲနေ ရသည့် နိုင်ငံမျိုးမှာ သာ၍ပင် မထူးဆန်းလှ။ တတိယကမ္ဘာ့နိုင်ငံ ငယ်အများစုမှာ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ... အကူးအပြောင်း (သို့မဟုတ်) ကူး ပြောင်းဖို့ ကြိုးစားဆဲနိုင်ငံတွေမှာ သည် ‘ကလေးအလုပ်သမား’ ပြဿနာက အတော်ပင် ကြီးကြီး မားမား ရှိနေ၊ ကြုံနေရတတ်မြဲဖြစ် ကြသည်။ ထိုထိုနိုင်ငံများမှ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ ... စသဖြင့်တို့က တတ်နိုင် သလောက် ပြောဆိုဆောင်ရွက် ကြမြဲဆိုငြား ‘ထိရောက်မှုအပိုင်း’ ၌တော့ ၁၀ စုနှစ်တစ်စုစာလောက် ခြုံကြည့်လိုက်ပါက အားရစရာ သိပ်မတွေ့ကြရပါ။ အဆိုးမြင် ဘက်က ပြောခြင်းမဟုတ်။ စစ် တမ်းတွေ၊ ရီပို့တွေအရကို ပြောရ ခြင်းဖြစ်သည်။

ကလေးအလုပ်သမား . . .။

ဤကိစ္စကိုပြောတိုင်း သတ် မှတ်ချက်၊ အခွင့်အရေးနှင့် ဥပဒေ။ ထို‘စံ’ တွေအပြင် နိုင်ငံ တော်၏ အနာဂတ် ရေရှည်မူဝါဒ တွေအထိ ရောက်ရှိပါဝင်သွားပေ မည်။ ဒီမိုဂရပ်ဖီ နိုင်ငံရေးနှင့် လည်း တိုက်ရိုက် အကျုံးဝင်နေ သလို လူမှုပိုင်းဆိုင်ရာ ဖူလုံရေး၊ လုံခြုံရေး (Social Welfare and Social Security) တို့အထိလည်း ပါဝင်သွားပါ၏။ နိုင်ငံတော် (The State)များ၏ နိုင်ငံရေး၊ စီးပွား ရေးသာမက ရေရှည်ဖွံ့ဖြိုးတိုး တက်မှု၊ စဉ်ဆက်မပြတ် ဖြစ်ပေါ် စေမှုတွေအထိပင် ‘တာ’သွားပါ သည်။

ဟုတ်ပြီ...။ ကလေးအလုပ် သမားဆိုင်ရာ ဥပဒေများနှင့် အခွင့်အရေးများ၊ စံနှင့် သတ်မှတ် ချက်များကတော့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ်လေး ကွဲ ပြားတတ်ကြသည်။ နိုင်ငံတစ်နိုင် ငံတည်း အတွင်းမှာပင် အုပ်ချုပ် ရေးစနစ်အပေါ် မူတည်၍ ပြန် လည် ဖြည့်စွက်ပြုပြင်ပြဋ္ဌာန်း သက်ဝင်တာဝန်ခံ ဆောင်ရွက်စေ မှုမျိုးတွေလည်း ကြုံကြတတ်ရမြဲ ဖြစ်ရာ ကမ္ဘာလွှမ်းခြုံလက်ခံထား ရချက်က ကုလသမဂ္ဂ၏ Body ဖြစ်သော ILO နှင့် ယူနီဆက်၊ ကုလသမဂ္ဂပဋိညာဉ်များနှင့် ကြေ ညာချက်တို့ဖြစ်ကြသည်။ (လက် ရှိ မြန်မာနိုင်ငံ တည်ဆဲဥပဒေများ၊ ဆောင်ရွက်ချက်များကို လေ့လာ ကြည့်ဖြစ်သော်လည်း ရှည်လျား များပြားစာ ‘လေး’သွားမည်ဖြစ်၍ အသေးစိတ်   မရေးတော့ပါ) နောက်တစ်ချက်က ကလေး အလုပ်သမား ပြဿနာသည် လုံးဝ ပပျောက်ရေးမဆိုထားနှင့် လျှော့ချနိုင်ရေး၊ အဆင့်သတ် မှတ်ဖော်ဆောင်နိုင်ရေးတို့ကိုပင် မနည်းကုန်းရုန်း လုပ်နိုင်ကြမှသာ တော်ရုံကျကြောင်း ဆင်းရဲသော် နိုင်ငံ၊ မဖွံ့ဖြိုးသေးသောနိုင်ငံများ အပြင် ချမ်းသာပြီး စက်မှုခေတ် လွန် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ အတွေ့အကြုံနှင့် သင်ခန်းစာများ က ယနေ့ထိ ပြသနေဆဲဖြစ်၏။ကလေးအလုပ်သမားနှင့်ပတ် သက်၍ မဖြစ်မနေ လိုက်နာကြရ မည့် စည်းမျဉ်းစည်းကမ်းများကို ပထမဆုံး ချမှတ်ပြပေးခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းမှာ ILO ပင်ဖြစ်၏။ အလွယ်တကူ နား လည်အောင်ပြောရပါက ကလေး များကို (ယေဘုယျအသက် (၁၈) နှစ်မပြည့်သေးသူအားလုံး) ခိုင်း စေနိုင်သောအလုပ်နှင့် ခိုင်းစေ ခွင့်မရှိသော အလုပ်ဟု ခွဲခြား ထားသည်။ ခိုင်းရာ၌လည်း စည်း မျဉ်းစည်းကမ်း ဘောင်များ အတွင်းမှ လျော်ညီသောအလုပ်၊ သင့်လျော်သော လုပ်ခလစာတို့ ကိုပေး၍ ခိုင်းစေခြင်းမျိုးကိုသာ ခွင့်ပြုသင့်ကြောင်း ILO ကွန်ဗင်း ရှင်းများစွာ ထုတ်ပြန်ထားပါ၏။ အဖွဲ့ဝင်နိုင်ငံ အများအပြားက လည်း လက်မှတ်ရေးထိုးထားကြ ပါ၏။ မြန်မာလည်း ပါဝင်ပါ သည်။ အကျဉ်းချုပ်ပြောရပါက သုံးမျိုးခွဲထား၏။ (၁) အထွေထွေ ကဏ္ဍ -အနည်းဆုံး အသက် (၁၅)နှစ်ရှိရမည်။ (၂) အပေါ့စား အလုပ်- (၁၃)နှစ် (ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် (၁၂ နှစ်) အနည်းဆုံး အသက်ရှိရမည်။ (၃) ဘေး အန္တရာယ်ဖြစ်စေနိုင်သော အလုပ် (၁၇)နှစ်ကျော်မှ လုပ်ကိုင်ရမည်။ Safety အစီအမံကောင်းများရှိပါ က (၁၆)နှစ်ကျော်လျှင် လုပ်နိုင် သည်။ ဤနေရာ၌ ‘အပေါ့စား အလုပ်’၌ပင် ကလေး၏ ကျန်းမာ ရေးနှင့် ဖွံ့ဖြိုးမှုကို မထိခိုက်စေ ရေး၊ ကျောင်းပညာသင်ကြားခွင့် ရရှိရေးတို့ကိုပါ ထည့်သွင်းရမည် ဖြစ်သည်။ တစ်ပတ်လျှင် ၁၄ နာရီအောက်ဟု ILO က အလုပ် ချိန်ကို သတ်မှတ်ပြထားသည်။

အဆိုးရွားဆုံး ပုံစံဖြင့် ကလေးအလုပ်သမားများအား ခိုင်းစေခြင်း (Worst forms of child labour) ကို တားဆီးသော ILO ကွန်ဗင်းရှင်း (၁၈၂) သည် အတော် ထိရောက်ကောင်းမွန် ၏။ မြန်မာလည်း ၂၀၁၃ ဒီဇင်ဘာ ကတည်းက လက်မှတ်ရေးထိုးပါ ဝင်ခဲ့ပြီး ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်၏။ အတိုချုပ်ပြောလျှင် ကလေး (၁၈) နှစ်အောက်အား လုံး)များကို ကျွန်ပြုခြင်း၊ လူကုန် ကူးခြင်း၊ စစ်ပွဲများတွင် ပုံစံမျိုးစုံ ဖြင့်အသုံးပြုခြင်း၊ ပြည့်တန်ဆာ အဖြစ်ခိုင်းစေခြင်း၊ ညစ်ညမ်း ရုပ် ပုံများ ထုတ်လုပ်ခြင်း၊ မူးယစ် ဆေးမှောင်ခိုလုပ်ငန်း၌ အသုံးပြု ခြင်းတို့ ပါဝင်၏။ လုံးဝ တားမြစ် ထားသော ကွန်ဗင်းရှင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မျှတပြေပြစ်သော တရားဥပဒေရှိ ရန်၊ စိုးမိုးရန် အထူးလိုအပ်လှ သည်။

(၃)

အစဆုံးစာပိုဒ်မှာ ပြခဲ့သည့် နမူနာကလေး သုံးဦးက ဘာကို ထပ်‘ရွေ့’စဉ်းစားဖြစ်စေသည်လဲ . . . ။ ‘ကလေးအခွင့်အရေး’ (Child Rights)ဖြစ်လာပါသည်။ အတော့်ကို ပိုမိုကျယ်ပြန့်သွားပေ ပြီ။ ထိုအထဲမှာ အရေးကြီးဆုံးက နိုင်ငံတကာ ကလေးအခွင့်အရေး ကွန်ဗင်းရှင်း (၁၉၈၉) ဖြစ်ပြီး ကုလသမဂ္ဂက ကြီးမှူးကိုင်တွယ် ပြဋ္ဌာန်းပေးခဲ့ခြင်းပင်။ အချက် ပေါင်း ၄၀ ရှိပြီး ထပ်တိုးအချက် များ ထပ်မံထွက်ရှိနေ၏။ ထို CRC ထဲတွင် ILO ကွန်ဗင်းရှင်း များနှင့် ပေါင်းစပ်ညှိနှိုင်း၍ မြေ ပြင်စစ်တမ်းများဖြင့် တိုက်ဆိုင်ညှိ နှိုင်း အဖြေထုတ်ထားသော ကလေး အလုပ်သမား၊ ကလေး လုပ်သားအခွင့်အရေး၊ ကလေး အခွင့်အရေးနှင့် နိုင်ငံသားဗဟိုပြု ကျောင်းပညာရေး ... စသည်တို့ လည်း ပါဝင်သည်။ အသေးငယ် ဆုံး၊ အပါးဆုံး လက်စွဲကျမ်းငယ် များ၌ပင် အခန်းကြီးကိုးခန်းမျှ  ပါ ရှိတတ်ပြီး အခြားပိုကျယ်ပြန့် သော အသေးစိတ် လေ့လာချက် တွေလည်း အများအပြားရှိနေပါ ၏။ မြန်မာပြန်ဆိုမှုမှာတော့ နည်း ပါးလှသေးသည်ဟု ဆိုကြရပေ မည်။

ယေဘုယျထက်ပိုသော အကောင်းဆုံး ‘စံ’တစ်ရပ်ကို ထပ် ပြောလိုပါ၏။ ၁၉၄၈ မှ ယနေ့ထိ ရော နောင်ပါ မှီငြမ်းကိုးကား ဆောင်ရွက်နေကြရဦးမည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်း (UDHR) ထဲမှ အပိုဒ် (၁)ဖြစ်သော ‘... လူတိုင်းသည် တူညီပြီး လွတ်လပ် သည့် ဂုဏ်သိက္ခာ၊ အခွင့်အရေး များနှင့်အညီ မွေးဖွားလာကြ သည် . . .’ဟူသောအချက်။ အပိုဒ် (၂၅)၊ အပိုဒ်ခွဲ (၂) ဖြစ် သော ‘‘ . . . ‘ကလေးမိခင်များနှင့် ကလေးများသည် အထူးစောင့် ရှောက်ခြင်းနှင့် အကာအကွယ် ပေးခြင်း (Special Care and Protection)ကို ရထိုက်သည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ် စေ၊ အခြားနည်းဖြင့်ဖြစ်စေ မွေး ဖွားလာသော ကလေးအားလုံး သည် ညီမျှသော လူမှုရေးအကာ အကွယ်ကို ခံစားကြစေရမည်...’

စံက စံပဲလေဟု မယူလိုက် ကြပါနှင့်။ ဖြစ်နိုင်၍၊ လုပ်နိုင်၍၊ လုပ်ယူနိုင်ကြ၍ စံဆိုသည်များ ပေါ်ပေါက်လာရခြင်းပင်။ လိုအပ် သလို ဆောင်ရွက်နိုင်ကြပြီလား၊ ဆောင်ရွက်နေကြပြီလား၊  မြန် မြန်လား၊ မှန်မှန်လား...။ နိုင်ငံက အကျပ်အတည်းတွေများပြားလှ ၏။ ထိုအထဲမှာ ဤကိစ္စလည်း ပါနေသည်။ အကြောင်းက ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်း အနက် (ယခုဆို ၅၄ သန်းကျော် ဟုခန့်မှန်း တွက်ချက်မှုများ ထွက် ပေါ်နေပြီဖြစ်သည်) ၄၀ ရာခိုင် နှုန်းမှာ (လူတစ်ရာတွင် လေး ဆယ်မှာ) ကလေး (၁၈ နှစ် အောက်) သူငယ်များဖြစ်နေကြ သည်။ ထိုလူဦးရေသည် ၁၀နှစ် စာ ဒီမိုဂရပ်ဖီနိုင်ငံရေးနှင့် နိုင်ငံ့ စီးပွား၊ နိုင်ငံ့လူမှုစီးပွားတို့အတွက် အလုပ်လုပ်နိုင်သူအဖြစ် ယခုပင် စတင်ချင်းနင်းဝင်ရောက်နေကြ ပြီလည်းဖြစ်သည်။ အသက် (၁၈) နှစ်မှ (၆၀)အထိကို အလုပ်လုပ် နိုင်သော အင်အားစုဟု ယူကြရပါ သည်။ စဉ်းစားတွက်ဆလိုက် ကြည့်ပါက ‘မြင်’သာထင်ရှားလှ သော အကောင်းအဆိုး အကြောင်းအကျိုးတွေကို တွေ့ နေကြရသည်။ ကောင်းသော အပြုသဘောဆောင် လုပ်ကြကိုင် ကြပေးဖို့  ကလေးအလုပ်သမား၊ လူကြီးအလုပ်သမားတွေအတွက် လိုအပ်နေ၊ အရေးကြီးနေချိန်။   

n

Top News