အချစ်ရေးကောလာဟလတွေကို တုံ့ပြန်ဖြေရှင်းလိုက်တဲ့ မိုးစက်ဝိုင်

အချစ်ရေးနှင့်ပတ်သက် ၍ အဆိုတော်တစ်ဦးနှင့် ကော လာဟလများစွာ ထွက်ပေါ်ခဲ့ သော်လည်း ယင်းသတင်းများ မဟုတ်မှန်ဘဲ အချိန်တန်ပါက အသိပေးပြောကြားမည်ဟု မော် ဒယ်သရုပ်ဆောင် မိုးစက်ဝိုင်က ပြောကြားသည်။

‘‘ရွှေထူးနဲ့ဆို မောင်နှမ လည်းဟုတ်တယ်။ သူငယ်ချင်း လည်းဟုတ်တယ်။  ပန်ကိတ်နဲ့ ဆိုလည်း ရွှေထူးနဲ့ပတ်သက်ပြီး သိတာပေါ့။ ဒါပေမဲ့ ပန်ကိတ်က လည်း ချစ်ဖို့ကောင်းတယ်။ ညီမလေးတစ်ယောက်လိုပဲ။ သူကလည်း ကိုယ့်ကို မကြီး မကြီး နဲ့ပဲ ခင်ခင်မင်မင်ရှိတယ်။ သူတို့နဲ့ ကိုယ်နဲ့ကြားမှာ ဘာခံစားချက်မှ မရှိသလို ဒီလိုမျိုးကြောင့် တစ်ခုခု ဖြစ်သွားမယ့်အရာတွေလည်း မရှိ ပါဘူး’’ဟု ၎င်းကပြောသည်။

အချစ်ရေး၊ အိမ်ထောင်ရေး များသည် မတည်မြဲသောကြောင့် ကိုယ်နှင့်ကံဆုံမည့်လူတွေ ရှိလာ ပါက ပရိသတ်ကို ကြေညာပေး မည်ဟုဆိုသည်။

‘‘ဗုဒ္ဓဘာသာမှန်ရင်ပေါ့။ ဘယ်အရာမှ မတည်မြဲဘူး။ Relationship တင်မကဘူး၊ အိမ် ထောင်ရေးတောင် မတည်မြဲဘူး။ ဒါကတော့ သူ့ဘာသာသူ သူ့ အကြောင်းနဲ့သူဖြစ်မှာပဲလေ။ ကိုယ်နဲ့ ကံဆုံတဲ့ လူတွေ့ရင်တော့ တည်မြဲမယ်ထင်ပါတယ်။ အချစ် ရေးက ထူးထူးခြားခြား ကြေညာ စရာမရှိပါဘူး။ ကြေညာရင်တော့ ဝုန်းခနဲ ကြေညာမှာပါ’’ဟု ၎င်းက ပြောသည်။

၎င်း၏ဘဝသည် သင်္ကြန်ပြီး ကတည်းက လှုပ်ခတ်ခဲ့ပြီး မထင် မှတ်ထားသည့် အရာများ ဖြစ်ပေါ် ကာ လက်ရှိတွင် ပြန်လည်တည် ဆောက်နေပြီဟု မိုးစက်ဝိုင်က ပြောသည်။

‘‘မိုးစက်ခွေးလေးဆုံးပြီး တော့ အကောင့်ဟက်ခံရတယ်။ ပြီးတော့ အူရောင်ပြီး ဆေးရုံတက် လိုက်ရတယ်’’ဟု ၎င်းကပြော သည်။

Top News