အသက် (၁၅)နှစ်အောက် ကလေး သုံးဦးလျှင် တစ်ဦးနှုန်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲနေဟုဆို

အသက် ၁၅ နှစ်အောက် လူငယ်များကွမ်းယာစားသုံးမှု ၁၀ နှစ်အတွင်း သုံးဆမြင့်တက်လာသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ် အောက်ကလေးငယ်သုံးဦးလျှင် တစ်ဦးနှုန်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲနေပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲလာသည်ကို တွေ့ရ ကြောင်း ပါမောက္ခဒေါက်တာခင် အုန်းမြင့်က ပြောသည်။

‘‘ပိုပြီးလက်တည့်စမ်းလာကြ တယ်။ ကလေးတွေဟာ ကန်ပေါင် တွေပေါ်မှာ တမင်တကာသောက် နေတယ်။ ပေါ့ပေါ့ပါးပါးသောက် နေတဲ့ ပုံစံမျိုးတွေဖြစ်လာတယ်။ ပြီးတော့ လူငယ်တွေမှာ မသိကြ ဘူး။ ဆေးငုံနေကြတယ်။ ငုံရင်းနဲ့ ရောဂါတွေဖြစ်ပြီး အလွန်ဝမ်းနည်းစရာကောင်းတာက လူငယ် လူရွယ်တွေဟာ အချိန်မတိုင်မီ ဆေးလိပ်၊ ဆေးရွက်ကြီးတွေကြောင့် သေဆုံးရတာဖြစ်ပါတယ်။ တိုင်းပြည်အတွက်ရော၊ မိသားစုအတွက်ရော ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ ၂၀၁၄ မကူးစက်တတ်သည့် ရောဂါများဖြစ်ပွားမှုအကြောင်း ရင်းများ ဆန်းစစ်ချက်အရ အ သက် (၁၅)နှစ်အောက်လူငယ်များ တွင် ဆေးရွက်ကြီးထွက်ပစ္စည်း ပါဝင်သော ကွမ်းယာစားသုံးမှု သည် ၁၀ နှစ်အတွင်း သုံးဆမြင့် တက်လာပြီး လူငယ်သုံးဦးလျှင် တစ်ဦးနှုန်းသုံးစွဲနေသည်ဟု စစ် တမ်းတွင် ဖော်ပြထားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းသုံးစွဲမှုကြောင့် နှလုံး ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချိုရောဂါအပါအဝင် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ ရောဂါများဖြစ် ပွား၍ ကမ္ဘာတစ်ဝန်းတွင် ခြောက် စက္ကန့်လျှင် တစ်ဦးနှုန်းသေဆုံးနေ သည်ကို တွေ့ရကြောင်း ဆရာ ဝန်ကြီးများက ပြောသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ် စဉ် လူ ၇၀,၀၀၀ ကျော် သေဆုံး နေပြီး ၂၀၁၁ က အခြေခံပညာ ကျောင်းများကို ဆန်းစစ်လေ့လာ မှုအရ အသက် (၁၀)နှစ်မှ (၁၈) နှစ်အရွယ် အလယ်တန်း၊ အထက် တန်းကျောင်းသားဦးရေ ၃၈ ရာခိုင်နှုန်းနှင့် ကျောင်းသူဦးရေ ၃ ရာခိုင် နှုန်းတို့ ဆေးလိပ်သောက်သုံးနေပြီး ကျောင်းသားငါးဦးလျှင် တစ်ဦး ကွမ်းစားသုံးမှုရှိနေကြောင်း ဝန် ကြီးဌာနက သတင်းထုတ်ပြန်သည်။

‘‘၁၀ တန်းနှစ်လောက်က တည်းက စပြီးတော့ ကွမ်းယာစား တယ်။ ဆေးလိပ်သောက်တယ်။ ဒီရောဂါဖြစ်လာတာပေါ့။ တတ် နိုင်သမျှ ကွမ်းစား၊ ဆေးလိပ် သောက်တာ ဘာမှမလုပ်တာအ ကောင်းဆုံးပါပဲ။ ဖြစ်လာရင် ခံစားရတဲ့ဝေဒနာ တော်တော်ဆိုးပါ တယ်’’ဟု ပါးစောင်ကင်ဆာရောဂါခံစားနေရသူ အသက် (၂၃)နှစ်အရွယ် ကိုဇင်မင်းက ပြောသည်။

Top News