ဆေးပညာနှင့်ပတ်သက်၍ လက်တွေ့လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်မည်

ဆရာဝန်များ၏ အရည်အသွေးနှင့် စဉ်ဆက်မပြတ်ပညာသင်ကြားရေး အဆင့်မြှင့်တင်ရန် ကျပ်သန်းတစ်ထောင်ခန့် ကုန်ကျမည့် လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာရဲမြက ပြောသည်။

အဆိုပါစင်တာ (Training Centre) ကို သိမ်ဖြူလမ်းပေါ်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်းရုံး တွင် ယခုနှစ်အတွင်း တည် ဆောက်မည်ဖြစ်ပြီး လာမည့်နှစ် ကုန် ပြီးစီးရန် ရည်မှန်းထား ကြောင်း ပါမောက္ခဒေါက်တာရဲမြ ကပြောသည်။

‘‘ဒီစင်တာက ဝန်ထမ်းဆရာ ဝန်တွေရော၊ ဝမ်ထမ်းမဟုတ်တဲ့ ဆရာဝန်တွေရော၊ အထူးကုဆရာဝန်ရော၊ အထွေထွေဆရာဝန် ရော၊ အားလုံးလာပြီး အသုံးပြုလို့ ရပါတယ်။ အဓိကသင်တန်းပေးဖို့ ပါ။ အကုန်လုံး လက်လှမ်းမီ အောင်ပါ။ အဆင့်မြှင့်နည်းပညာ သုံးမယ်။ စက်ရုပ်တွေသုံးမယ်။ ဥပမာ-ကလေးမွေးတာတို့ သွေး သွန်တာတို့ဆို အမျိုးသမီးစက်ရုပ် နဲ့ လက်တွေ့အစမ်းလေ့ကျင့်တာ မျိုးပေါ့။ နှလုံးရပ်သွားရင်နှိုးပေးဖို့ ဘယ်လိုလေ့ကျင့်မှုတွေ လုပ်မလဲ ဆိုတာမျိုး စသဖြင့် ဒါတွေလေ့ ကျင့်ဖို့အတွက်ပါတယ်။ ခုနောက် ပိုင်း ဒါတွေကလည်း အရမ်းအရေးကြီးလာပါတယ်’’ ဟု ၎င်းကပြောသည်။

 ယင်းစင်တာသည် ပေ ၅၀×၆၀ ကျယ်ဝန်းသည့် ငါးထပ် အဆောက်အအုံဖြစ်ပြီး စာသင်ခန်း၊ အစည်းအဝးခန်းမ၊ လက်တွေ့လေ့ကျင့်ခန်းများနှင့် အဆင့်မြင့်နည်းပညာ အသုံးပြုပြီး စာသင်အခန်းများ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံဆရာဝန်အသင်း

ကို ၁၉၄၉ တွင် စတင်ဖွဲ့စည်းပြီးဆေးပညာရပ်နှင့် ပတ်သက်သောသင်တန်းများနှင့် ဆရာဝန်အရည်အသွေးမြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြားနေသော အသင်းအဖွဲ့တစ်ခုဖြစ်သည်။

Top News