အားလပ်ရက်မှာ ဖတ်စရာ

ဆာဟာရရဲ့ ပုံပြင် ကန္တာရရဲ့ လျှို့ဝှက်ချက်

ဆာဟာရဆိုတာ မြန်မာ ပြည်သူတွေအ ဖို့ အလှမ်းကွာ ဝေးလွန်းတဲ့ သဲကန္တာရတစ်ခုပါ။ ဒါပေမဲ့ ဒါကအာဖရိကတိုက်တစ် နေရာမှာ အမှန်တကယ်တည်ရှိပါ တယ်။ ဒီလိုအလှမ်းကွာဝေးလွန်း တဲ့ ဒေသမှာရှိတဲ့ လူတွေအ ကြောင်း ဂဃနဏသိဖို့ဆိုတာ ကလည်း မလွယ်ပါဘူး။ သမိုင်း စာအုပ်တွေ၊ ပထ၀ီစာအုပ်တွေနဲ့ အင်တာနက်က လေ့လာမယ်ဆို တောင် အချက်အလက်သာအဓိ ကရပါမယ်။ ဒီဒေသက လူတွေရဲ့ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဓလေ့ ထုံးတမ်းနဲ့ တစ်ယောက်နဲ့တစ် ယောက် ဘယ်လိုဆက်ဆံကြ တယ်ဆိုတာ သိဖို့ရာခဲယဉ်းလွန်း ပါတယ်။ ဒါကို ရသစာပေနဲ့သာ အသေးစိတ်သရုပ်ဖော်နိုင်လို့ ဒီ တစ်ပတ်အားလပ်ရက်မှာ ဖတ်စ ရာအဖြစ် စာရေးသူ နိုင်းနိုင်းစနေ  ကအင်္ဂလိပ်ကနေ မြန်မာပြန်ဆို ထားတဲ့ ၀တ္ထုစာအုပ်ကိုညွှန်းလိုက် ပါတယ်။ 


ဒါကတော့ တိုင်ပေစာရေး ဆရာ Sanmao (ဆမ်မောက်)  ၁၉၈၀ ပြည့်နှစ်မတိုင်ခင်က  ဆာ ဟာရသဲကန္တာရဆီသွားပြီး နေ ထိုင်ခဲ့တဲ့အကြောင်း အခြေခံရေး သားတဲ့ The Stories of the Sahara ကို ဆာဟာရရဲ့ ပုံပြင် အ မည်ရှိဝတ္ထုပဲဖြစ်ပါတယ်။ မူရင်း စာရေးဆရာ ဆမ်မောက်ဟာ ၁၉၇၀-၈၀ ၀န်းကျင်နှစ်တွေမှာ တရုတ်စာပေ လောကရဲ့ထင်ရှား တဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အဓိကထူးခြားချက်ကတော့ အာရှသားတွေ အရောက်အ ပေါက်နည်းတဲ့ဒေသတွေဆီသွား ရောက်ကာ ရသစာပေအဖြစ်ပြန် လည်ခြယ်မှုန်းရေးသားလေ့ရှိတဲ့ အချက်ပါပဲ။ ဒါကြောင့်အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ယခု စာအုပ်ကိုရေးသားနိုင်ခဲ့တာပါ။ ဒီ စာအုပ်မှာ ဆမ်မောက်ရဲ့ဘ၀နေ နည်း၊ လွတ်လပ်ပေါ့ပါးမှု၊ အ ကောင်းမြင်စိတ်နဲ့ အခက်အခဲ တွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်း ခဲ့တယ်ဆိုတာ အံ့ဩလောက် အောင်ဖတ်ရပါမယ်။ ဆာဟာရ ဒေသက အမျိုးသမီးတစ်ယောက် မင်္ဂလာဆောင်တဲ့အကြောင်းကို ‘စိတ်အပျက်ရဆုံးက သတို့သမီး ကြိုသည့်ကိစ္စပင်ဖြစ်သည်။ အာပု တိကားပေါ်က ဆင်းလိုက်သည်။ လူငယ်သူငယ်ချင်းတစ်စုနှင့်အ တူ ကူခါထိုင်နေသည့်အိမ်ခန်းထဲ တစ်ဟုန်ထိုးဝင်သွားသည်။ မည် သူ့ကိုမျှလည်း နှုတ်ဆက်ခြင်းမရှိ။ ကူခါ၏လက်မောင်းကို ဆုပ်ကိုင် ပြီးအပြင်သို့ အတင်းဆွဲထုတ် သည်။ လူအများ ရယ်နေကြ သည်။ ကူခါတစ်ယောက်သာ ခေါင်းငုံ့ပြီးရုန်းကန်နေသည်။ သူ အရမ်းဝသောကြောင့် အာပုတိ၏ သူငယ်ချင်းများကလည်း ရှေ့ တက်ပြီးဆွဲကူကြသည်။ ထိုအချိန် ၌ ကူခါစ၍အော်ငိုတော့သည်။သူ တကယ် ငို၊ မငိုဆိုသည်ကိုတော့ ကျွန်မမသိပါ။

သို့သော် ထိုလူတစ်အုပ်က ကြမ်းကြမ်းတမ်းတမ်းသူ့ကိုဆွဲ ထုတ်သည်ကိုတွေ့တော့ အရမ်း စိတ်လှုပ်ရှားမိသည်။ ကြည့်ရင်း ကျွန်မဒေါသထွက်လာပေမယ့် ထိုအဖြစ်က မည်သို့ဆက်၍ဖြစ် ပျက်မည်ဆိုသည်ကို နှုတ်ခမ်း ကိုက်ပြီး ကြည့်နေမိသည်။

ကူခါ တံခါးအပြင်ဘက် ရောက်သွားခဲ့ပြီ။ သူက အာပုတိ ၏ ပါးကို ရုတ်တရက်ဆွဲကုတ် လိုက်၏။ အာပုတိမျက်နှာပေါ် တွင် အစင်းရာတချို့ထင်ကုန် သည်။ အာပုတိကလည်းအလျှော့ မပေးဘဲ ကူခါ၏လက်ညှိုးအား နောက်ပြန်ဆွဲလိမ်လိုက်သည်။ ၀န်းကျင်တစ်ခွင်လုံး ဆိတ်ငြိမ် သွားသည်။ ကူခါထံမှ ငိုသံပြတ် တောင်းပြတ်တောင်းတချို့သာ ညဥ့်ကောင်းကင်ယံထက်တွင် ပဲ့ တင်ထပ်နေခဲ့သည်။ တစ်ဖက်က ရိုက်လား၊ ဆွဲလားလုပ်ရင်းတစ် ဖက်ကလည်း ကူခါကို ဂျစ်ကား ပေါ်တွင် ဆွဲတင်နေကြသည်။ ကျွန်မစိတ်လှုပ်ရှားလွန်းပြီး ကူခါ အား ‘‘ကားပေါ်တက်လေ။ နင် သူတို့ကို မနိုင်ဘူး။ ကူခါ’’ ဟု  အော်မိသည်။ ကူခါ၏အစ်ကိုက ရယ်ရင်း‘‘မစိုးရိမ်ပါနဲ့။ ဒါက ရိုး ရာဓလေ့ပါ။ မင်္ဂလာဆောင်ချိန် မရုန်းဆန်ရင် နောက်ပိုင်းမှာ လူ ရယ်စရာဖြစ်တယ်။ ဒီလို သူ တစ်ပြန်၊ ကိုယ်တစ်ပြန်ရိုက်နေမှ တကယ့်မိန်းမကောင်းပါ’’ ဟု ပြောသည်။

....ခန်းဆီးစ ဆွဲဟပြီး အာပု တိဝင်သွားသည်မှာ ကြာနေပြီ။ ဧည့်ခန်းထဲတွင် ကျွန်မခေါင်းငိုက် စိုက်ထိုင်နေမိသည်။ အချိန်ကာ လမည်မျှကြာသွားသည်မသိ။ ကူ ခါထံမှ ‘‘အား...’’ဆိုသည့် ငိုသံပါ သော အသံတစ်သံကိုကြားလိုက် ရပြီးနောက် မည်သည့်အသံမျှ ထပ်၍မကြားမိတော့ချေ။ ရိုးရာ ထုံးတမ်းအရ သူအော်ရသည်။ သို့သော် ထိုအော်သံကနာကျင်လှ သည်။ စစ်မှန်လှသည်။အကူအညီ မဲ့ ရှည်လျားလှသည်။ ကျွန်မဆိတ် ဆိတ်ငြိမ်ငြိမ်ထိုင်နေမိပြီး မျက် ၀န်းများ စိုစွတ်လာခဲ့တော့သည်။

‘‘စဉ်းစားကြည့်ပါဦး။ သူက အခုမှ ၁၀ နှစ်အရွယ်ကလေးတစ် ယောက်ပါ။ သိပ်ရက်စက်တယ်’’ ဟိုဆေးအား ကျွန်မဒေါသတကြီး ပြောမိသည်’ လို့ရေးထားပါတယ်။ 

ဒီဒေသက အမျိုးသမီးတွေ ရေချိုးတဲ့အကြောင်းကို တစ်နေ ရာမှာ ‘‘လေးနှစ်ရှိပြီ။ ငါရေမချိုး တာလေးနှစ်ရှိပြီ။ ဟိုးအဝေး သဲကန္တာရရှယ်မာမှာနေတယ်။ သိပ်ဝေးပါတယ်’’

အမျိုးသမီးတစ်ယောက်က ကျွန်မကို ရယ်ကျဲကျဲပြော၏။ ရှယ်မာဆိုသည်မှာ ရွက်ဖျင်တဲကို ဆိုလိုသည်။ ကျွန်မကို သူစကား ပြောချိန် ကျွန်မအသက်အောင့် ထားရသည်။ ရေပုံးကို ခေါင်းအ ထိမြှောက်ပြီး သူလောင်းချလိုက် သည်။ သူ လောင်းချလိုက်သော ကြေး(ချေး)ပါသည့် ရေညစ်ညစ် က ဖြူဖွေးသော ကျွန်မ၏ခြေ ထောက်အောက်က ဖြတ်ဆင်း သွားသည်ကို  ရေငွေ့များကြားမှ ကျွန်မတွေ့လိုက်ရသည်။ ကျွန်မ ရင်ထဲ ပျို့တက်လာ၏။ အောက် နှုတ်ခမ်းကို ကိုက်ပြီးနေရာမှာပင်  မလှုပ်မယှက် ကျွန်မရပ်နေမိ လိုက်သည်။

‘‘နင်ဘာလို့ မချိုးသေးတာ လဲ။ ကျောက်တုံး နင့်ကိုငှားပေး မယ်’’ သူက စေတနာပါပါဖြင့် ကြေး(ချေး) တွန်းကျောက်ကို ကမ်းပေးသည်။

‘‘ငါမညစ်ပတ်ဘူး။ ငါအိမ် မှာ ချိုးခဲ့ပြီးပြီ’’

‘‘မညစ်ပတ်ရင် လာချိုးစရာ မလိုပါဘူး။ ငါဆိုရင် သုံး၊ လေး နှစ်နေမှ တစ်ခါလာတယ်’’ သူရေ ချိုးထားသော်လည်း ကြည့်ရ သည်က ညစ်ပတ်နေသေးသည်’  လို့ ရေးထားပါတယ်။ ဒီလိုပဲ လူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးသန့်ရှင်း တဲ့အကြောင်းကို စာအုပ်တစ်နေ ရာမှာ ‘ထိုအမျိုးသမီးများက ပင် လယ်ရေကို သဲသောင်ပြင်အထိ သယ်လာပြီး ပုံးတစ်ခုထဲ ထည့် နေကြသည်။ ပုံးအောက်တွင် ရာ ဘာပိုက်တစ်ခုရှိသည်။ အမျိုးသ မီးတစ်ဦးက သဲပြင်ပေါ်ထက်ဝက် လဲနေပြီး ကျန်အမျိုးသမီးတစ်ဦး က ရာဘာပိုက်အားထိုအမျိုးသမီး ၏ခန္ဓာကိုယ်ထဲ သွင်းနေသည်။ အူဆေးသည့်အတိုင်းဖြစ်သည်။ ပုံးကိုလည်း လက်ထဲတွင်ကိုင် မြှောက်ထားသည်။ ရေများက ပိုက်မှတစ်ဆင့် သူ့အူထဲစီးဆင်း သွားသည်’ လို့ ထူးထူးဆန်းဆန်း သိရပါမယ်။ 

ယခုစာအုပ်ကို Synergy Publications က တန်ဖိုး ၃,၀၀၀ ကျပ်နဲ့ထုတ်ဝေပြီး ဖုန်း ၀၉-၂၅ ၄၀၀၆၀၄၉ ကိုဆက်သွယ်မှာယူ နိုင်ပါတယ်။

Top News