ထိုင်းရောက် မြန်မာလုပ်သားများလိုအပ်သည့် အထောက်အထားများကို ဇွန်လ ၃၀ ရက် နောက်ဆုံးပြုလုပ်ရန် သံရုံးထုတ်ပြန်

မဟာချိုင်ရှိ စင်တာ(၁)တွင် CI လာရောက်ပြုလုပ်နေသော အလုပ်သမားများ (ဓာတ်ပုံ - Soe Lin Oo)

ထိုင်းနိုင်ငံအတွင်း မည် သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C)I ၊ ဗီဇာနှင့် အလုပ်ပါမစ်များပြုလုပ်ရန်ကျန်ရှိသော မြန်မာလုပ်သားများ ယခုလ ၃၀  ရက် နောက်ဆုံးပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးချက်ထုတ်ပြန်ထားသည်။


ထိုင်းအစိုးရက နောက်ဆုံး အကြိမ် ဖြေလျှော့ပေးထားခြင်းဖြစ်၍ အပြီးဆောင်ရွက်ရန် လေးစားစွာတိုက်တွန်းအပ်ပါသည်ဟု ဇွန်လ ၉ ရက်တွင် ထုတ်ပြန်သည်။

‘‘ထိုင်းအစိုးရက ရက်တိုးပြီး လည်း သတ်မှတ်ပေးထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီလကုန်မှာ အပြီးဆောင်ရွက်ထားရမယ်။ ကျွန်တော်တို့လည်း ဒီလကုန်ရင် CI ထုတ်ပေးတာတွေကို ပိတ်သိမ်းတော့မယ်။ ဒီလကုန်ထိတော့ စောင့်ပေးပြီး လုပ်ပေးနေပါတယ်’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်း မောင်ဦးက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် အထောက်အထားလက်ဝယ်မရှိ သူများ၊ အထောက်အထားပြုလုပ် ထားသော်လည်း သက်ဆိုင်ရာနိုင် ငံ၏ ဥပဒေအရ Semi Process ဖြင့် ရပ်တန့်နေရသူများ၊ အ ထောက်အထားမရှိဘဲ နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသူများ အားလုံးသည် လက်ရှိအခြေအနေ တွင် မိမိတို့နိုင်ငံသို့ အေးချမ်းစွာ ပြန်၍ နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ဖြင့်သာ ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် မြန်မာသံရုံးက သတိ ပေးထားသည်။

ထိုင်းရောက် မြန်မာလုပ် သားများအား ၂၀၁၇ မတ်လမှစ တင်၍ CI စာအုပ်များပြုလုပ်ပေး နေပြီး လူဦး ရေ ၁၁ သိန်းထုတ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

CI စာအုပ်ပြုလုပ်ပြီးသူများသည် ၂ နှစ်သက်တမ်းရှိ ဗီဇာ နှင့် အလုပ်ပါမစ်သက်တမ်းတိုးမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပြီး ထိုလုပ်ဆောင်မှုလည်း ဇွန်လ ၃၀ ရက် နောက်ဆုံးသတ်မှတ် ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုင်းရောက် မြန်မာလုပ် သားများအား အဆိုပါအထောက် အထားစာရွက်များထုတ်ပေးမှုကို ဇွန်လအထိ နောက်ဆုံးလက်ခံပေး ရန် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မတ်လ ၂၈ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်၍ ထိုင်းအလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။  ယင်းအထောက်အထားစာရွက်များ ထုတ်ပေးမှုကို ထိုင်းအစိုးရက မတ်လ ၃၁ ရက် နောက်ဆုံးပြုလုပ်ရန် မူလက သတ်မှတ်ထားသည်။

More in News Section

Top News