မြန်မာအိုင်ဒေါပြိုင်ပွဲတွင် ဆုရရှိသူကို ကျပ်သိန်း ၅၀၀ ချီးမြှင့်မည်

 မြန်မာအိုင်ဒေါပြိုင်ပွဲ တွင် ဆုရရှိသူကို ယခင်က ကျပ် သိန်း ၂၀၀ သာ ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ်သိန်း၅၀၀ အထိ တိုးမြှင့်ချီးမြှင့်မည်ဖြစ် သည်။

‘‘အဓိကကတော့ သူတို့ကို လည်း ထိုက်ထိုက်တန်တန်ရစေ ချင်လို့ပါ။ နောက်တစ်ခုက ဒီနှစ် က Audio CD ထုတ်ပေးမယ်။ ဗီစီဒီက ထုတ်မပေးဘူး။ ရိုက်ချင် ရင် အဲဒီဆုငွေထဲက ရိုက်ချင်ရင် ရိုက်ဆိုတဲ့သဘောပါ’’ဟု ယင်း ပြိုင်ပွဲ၏ Executive Producer ကိုအန်ဒီအောင်က ပြောသည်။

မြန်မာအိုင်ဒေါ တတိယ ရာသီအတွက် နောက်ဆုံးအဆင့် ဆန်ခါတင်ပြိုင်ပွဲဝင် ၁၁ ဦး ရွေး ချယ်ထားပြီး ၎င်းတို့၏ ယှဉ်ပြိုင်မှု အစီအစဉ်ကို ဇွန်လ ၁၄ ရက်တွင် စတင် တိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်သည်။

အဆိုပါ ယှဉ်ပြိုင်မှု Result Show ကို ဇွန်လ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပရိသတ်အနေ ဖြင့် မိမိကြိုက်နှစ်သက်သော ပြိုင်ပွဲဝင် နံပါတ်ကို ဇွန်လ ၁၄ ရက် တွင် ပြုလုပ်သည့် ပြိုင်ပွဲအပြီး 7777 သို့ အူရီးဒူးဖုန်းတစ်မျိုး တည်းကိုသာ အသုံးပြု၍ မက် ဆေ့ခ်ျပေးပို့နိုင်ကြောင်း ကိုအန်ဒီ အောင်က ပြောသည်။

မိမိကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်အတွက် မက်ဆေ့ခ်ျအ ကန့်အသတ်မရှိပေးပို့နိုင်ပြီး ယခင်နှစ်ပြိုင်ပွဲများက မက်ဆေ့ခ်ျအရေ အတွက်    ထုတ်ပြန်ခြင်း  မရှိ သည့်အပေါ်  ဝေဖန်မှုများ  ရှိခဲ့ သည်။

ယခုနှစ်တွင် mntv အနေ ဖြင့် Application တစ်ခု ဖွင့်လှစ် ထားပြီး ယင်း Application မှ အကောင့်တစ်ခုလျှင် Vote တစ် ကြိမ် ပြုလုပ်ခွင့်ရရှိမည်ဖြစ်သည်။

Result Show တွင် SMS နှင့် app သို့ ပေးပို့ထားသည့် Voting များကို ပေါင်း၍တွက်ချက်ကာ မဲအနည်းဆုံးရရှိသူသည် ပြိုင်ပွဲမှ ထွက်ခွာရမည်ဖြစ်သည်။

ယခုနှစ် မြန်မာအိုင်ဒေါပြိုင် ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သူ တစ် သောင်းကျော်ရှိပြီး အကဲဖြတ်ဒိုင် များအဖြစ် မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင်နှင့် တင်ဇာမော်တို့က အဆင့်ဆင့် ရွေးချယ်ခဲ့သည်။

‘‘ပြိုင်ပွဲဝင်တွေ အများကြီး ထဲက အကောင်းဆုံးလို့ ရွေးထုတ် ဖို့ ခက်ခဲခဲ့ပါတယ်။ ဒီနှစ်က ပိုခက်တယ်လို့ ယူဆပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီနှစ်လာပြိုင် တဲ့ ပြိုင်ပွဲဝင်တွေထဲမှာ တော် တော်များများ ကောင်းတာကို တွေ့ရတယ်’’ဟု တင်ဇာမော်က ပြောသည်။

မြန်မာအိုင်ဒေါပြိုင်ပွဲကို ၂၀၁၆ တွင် အမေရိကန်အိုင်ဒေါ ၏ တရားဝင်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပ ပြီး ပရိသတ်အားပေးမှု အများအ ပြားရရှိခဲ့သည်။

Top News