နယူးယောက်လေဆိပ်မှာ အတူတွေ့ရတဲ့ နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယန်ကာချိုပရာ

အမေရိကန်အဆို တော်၊ သရုပ်ဆောင် နစ်ခ်ဂျိုး နက်စ်နှင့် အိန္ဒိယမင်းသမီး ပရီယန်ကာချိုပရာကို ဇွန်လ ၈ ရက်တွင် နယူးယောက်မြို့ လေဆိပ်သို့ အတူ ရောက်ရှိလာသည်ကို တွေ့ ရသည်။

အသက် (၂၅) နှစ်အရွယ် နစ်ခ်ဂျိုးနက်စ်သည် အသက် (၃၅) နှစ်အရွယ် ပရီယန်ကာချိုပ ရာနှင့် တွဲနေသည်ဟူသော သ တင်းများပေါ်ထွက်နေစဉ် သော ကြာနေ့က နယူးယောက်မြို့ရှိ  JFK Airport လေဆိပ်တွင် ၎င်း တို့နှစ်ဦးကို တွေ့ရှိခဲ့ရသည်။

ချစ်သူများဖြစ်နေကြောင်း တရားဝင်ကြေညာခြင်းမရှိသေး သော်လည်း အတွင်းလူများ၏ ပြောကြားချက်အရ နစ်ခ်ဂျိုးနက်စ်နှင့် ပရီယန်ကာချိုပရာသည် တစ် ဦးကိုတစ်ဦး ချစ်ခင်နှစ်သက် သည်ဟု သိရပြီး မကြာမီကလည်း အပျော်လှေစီး    ခရီးထွက်ကာ နယူးယောက်မြို့တွင် ညစာအတူ စားခဲ့သည့် ၎င်းတို့နှစ်ဦး၏ ဓာတ် ပုံများထွက်ပေါ်လာသည်။

 ဘောလိဝုဒ်မင်းသမီး ပရီ ယန်ကာနှင့် နစ်ခ်ဂျိုးနက်စ်တို့၏ အချစ်ရေးနှင့် စပ်လျဉ်း၍ ထိုသို့ ကောလာဟလသတင်းများထွက် ခြင်းသည် ပထမဆုံးမဟုတ်ဘဲ ၂၀၁၇ Met Gala ပွဲသို့ ၎င်း တို့နှစ်ဦး စုံတွဲ တက်လာစဉ်က လည်း အလားတူ သတင်းများ ထွက်ပေါ်ခဲ့သည်။

—Ref:Justjared

Top News