ကျပ်သိန်းသုံးထောင်ကျော် အကုန်ကျခံရိုက်ကူးထားတဲ့ ‘မှော်ဝင်သမန်းကျား’

မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကားကို  ခုနစ်ကြိမ်ခန့် ပြန်လည် ရိုက်ကူးခဲ့ရပြီး လက်ရှိအချိန်အထိ ကျပ်သိန်း သုံးထောင်ကျော် ကုန်ကျခဲ့သည်ဟု ယင်းဇာတ်ကား ထုတ်လုပ်သူ ခွန်းဆင့် နေခြည်ကပြောသည်။

‘‘ကုန်ကျစရိတ်တွေမှာ Annimation မအောင်လိုက်တဲ့အ တွက် အများကြီး Waste ဖြစ်သွား တာတွေရှိတယ်။ နောက်ပြီး ဇာတ်လမ်း၊ ဇာတ်အိမ်ချိတ်ဆက်မှုတွေ ပီပြင်အောင် အစအဆုံးခုနစ်ကြိမ် တိတိ ပြန်ရိုက်ခဲ့ရတယ်’’ဟု ၎င်း က ပြောသည်။

ယင်းဇာတ်ကားကန်တော့ပွဲ ပေးချိန်က   ပြောကြားသည့်အ တိုင်း ဇာတ်ကားကောင်းမွန်ရေး ကိုသာ အဓိကထား၍ အကုန်ကျ ခံရိုက်ကူးခြင်းဖြစ်ကြောင်း  ခွန်းဆင့်နေခြည်ကဆိုသည်။

မှော်ဝင်သမန်းကျား ဇာတ် ကားသည် ခွန်းဆင့်နေခြည်၏ ကျောက်ဆူးထုတ်လုပ်ရေးက ပထမဆုံးရိုက်ကူးပြီး လေးနှစ်ခန့် အချိန် ပေးခဲ့ရသည်ဟု ခွန်းဆင့် နေခြည်က ပြောသည်။

ယင်းဇာတ်ကား၏အရုပ်၊ အသံပိုင်း ကောင်းမွန်စေရန် ဇာတ်ကားအစ၊ အဆုံး ထိုင်းနိုင်ငံတွင် Post Production ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ဒါ မြန်မာကားလေလို့ ထိုး ပြရင် တင်းတင်းရင်းရင်းဖြစ် အောင်၊ အရုပ်၊ အသံကောင်း အောင် ကြိုးစားပေးထားတယ်။ ဇာတ်လမ်းကောင်းပြီး အရုပ်၊ အသံမကောင်းရင်လည်း ဇာတ်ကား ကောင်းလို့ ပြောလို့မရဘူး။ အဲဒီအတွက် ဇာတ်လမ်း၊ ဇာတ်အိမ် ဘယ်လိုပဲ ကောင်းနေပါစေ အ ရုပ်၊ အသံအားမနည်းအောင် အားလုံးအတွက် ပံ့ပိုးပေးထားပါ တယ်’’ဟု မှော်ဝင်သမန်းကျား ဇာတ်ကားနှင့်ပတ်သက်၍ ခွန်း ဆင့်နေခြည်က ပြောသည်။

ရုံတင်ပြသသည့်အပိုင်းနှင့် ပတ်သက်၍ ရုံရှင်စိတ်ကြိုက်ရွေး ချယ်ပြသခြင်း ဖြစ်သောကြောင့် အချိန်စောင့်ဆိုင်းရမည် ဖြစ်ပြီး ယခုနှစ်အတွင်း ရုံတင်ပြသနိုင်ရန် ကြိုးစားမည်ဟု ၎င်းက ဆိုသည်။

ယင်းဇာတ်ကားကို ထိုင်းနိုင် ငံတွင်လည်း သွားရောက်ရိုက်ကူး ပြီး ကျားအစစ်များနှင့် ရိုက်ကူး ချိန်တွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်ဟု    ခွန်းဆင့်နေ ခြည်က ပြောသည်။

‘‘ကျားနဲ့ရိုက်တဲ့အချိန်မှာ ဘယ်လိုလိမ္မာတယ်ပဲပြောပြော သူ့သခင်ရဲ့အနံ့မဟုတ်တော့ သူ က မျက်နှာကို ဟပ်တယ်။ ရှောင် လိုက်တယ်။ လက်ကို ဟပ်တယ်။ ရှောင်လိုက်တယ်။ နောက်ဆုံး ပေါင်မှာ အဟပ်ခံလိုက်ရတယ်’’ ဟု ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အ ကြောင်းကို ပြောသည်။ ယင်းဒဏ် ရာကို အစပိုင်းတွင် ပေါ့ပေါ့တန် တန်  သဘောထားသော်လည်း ပေါင်တစ်ခုလုံး    ညိုပုပ်ခဲ့သော ကြောင့် ဆေးရှစ်လုံးအထိ ထိုးခဲ့ရ သည်ဟု ၎င်းက ဆိုသည်။

ယင်းဇာတ်ကားတွင် ခွန်း ဆင့်နေခြည်နှင့်အတူ ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ် သူဇာ၊ လင်းဇာနည်ဇော်တို့ပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရိုက်ကူးထားသည်။

Top News