စစ်မှုထမ်းနေစဉ် အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ တေယန်း

 နာမည်ကျော် ကေပေါ့ပ် အဖွဲ့ဖြစ်သော BIG  BANG အဖွဲ့ ဝင် တေယန်းက မိမိစစ်မှုထမ်းစဉ် အတွင်း ဆက်လက်အားပေး သော ပရိသတ်များကို ကျေးဇူး တင်ကြောင်း ပြောကြားသည်။

ဇွန်လ ၈ ရက်တွင် တေယန်း က စစ်မှုထမ်းဆောင်စဉ်အတွင်း ပရိသတ်များထံမှရရှိခဲ့သည့် စာ များကို အင်စတာဂရမ်အကောင့် တွင် ဓာတ်ပုံရိုက်၍ ဖော်ပြခဲ့ သည်။

အသက် (၃၀) အရွယ် တေ ယန်းက ‘‘ကျွန်တော့်ဆီကို ပို့လိုက်တဲ့စာတွေ ရောက်၊ မရောက်သိ ချင်တဲ့ ပရိသတ်တွေရှိမယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ ပို့ လိုက်တဲ့စာတွေ အကုန်လုံး ကျွန် တော့်ဆီရောက်ပါတယ်။ စာတွေ ကို တစ်စောင်ချင်းဖတ်နေပါ တယ်။ ကျွန်တော်စိတ်ပင်ပန်းနေ တဲ့အချိန်မှာ ပရိသတ်တွေရဲ့စာ တွေက အားအင်တွေ အများကြီး ရစေပါတယ်။ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်’’ ဟု ဓာတ်ပုံ နှင့်တကွ ရေးသားဖော်ပြခဲ့သည်။

တေယန်းသည် ယခုနှစ်မတ် လတွင် စစ်မှုထမ်းခြင်းဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာ၌ တာဝန်ပြီးဆုံး မည်ဖြစ်သည်။

အခြား BIGBANG အဖွဲ့ သားများဖြစ်သော G-Dragon၊ ဒါဆောင်နှင့် T.O.P တို့လည်း အ သီးသီး စစ်မှုထမ်းဆောင်နေပြီး ကျန်အဖွဲ့ဝင် တစ်ဦးဖြစ်သော ဆန်ဂရီသည် မကြာမီစစ်မှုထမ်းရ မည်ဖြစ်သည်။   —Ref:soompi

Top News