ကချင်တွင် ခုနစ်နှစ်အတွင်း တိုက်ပွဲ ၃,၈၀၀ ကျော်ဖြစ်ပွား

တစ်နှစ်အတွင်း စစ်ဘေးဒုက္ခသည်စခန်း ၁၃ ခု တိုးလာဟု ကေအိုင်အေထုတ်ပြန်
တိုက်ပွဲများကြောင့် ပြည်သူများ၊ တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ထိခိုက်သေဆုံးခဲ့ရသည်များကို ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့် အခမ်းအနားတွင် ပြသထားစဉ် (ဓာတ်ပုံ − KBC KACHIN)

 ၂၀၁၁ ကစ၍ ခုနစ်နှစ် အတွင်း တပ်မတော်နှင့် တိုက်ပွဲ ၃,၈၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေး ဌာနက ဇွန်လ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

 ထို့အပြင် ၂၀၁၇ မေလမှ ၂၀၁၈ မေလကုန်အထိ တစ်နှစ် အတွင်း တိုက်ပွဲ (၄၄၇)ကြိမ် ဖြစ်ပွားကြောင်းလည်း အချက်အလက်များတွင် ဖော်ပြသည်။


၂၀၁၁ မှ ၂၀၁၈ အတွင်း ရပ်ရွာများနှင့် အိုးအိမ်စွန့်ကာ စစ် ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်သူ တစ်သိန်းသုံးသောင်းကျော်ရှိကာ ၂၀၁၇ ဇွန်လမှ ၂၀၁၈ မေလအထိ တစ်နှစ်အတွင်း စစ်ပြေးဒုက္ခသည် ခြောက်ထောင်ကျော်နှင့် စစ်ပြေး ဒုက္ခသည်စခန်းအသစ် ၁၃ ခု တိုး လာကြောင်း KIA ၏ အချက်အ လက်များ၌ ဖော်ပြသည်။

KIA သတင်းနှင့် ပြန်ကြား ရေးဌာန ထုတ်ပြန်မှုတွင် တိုက်ပွဲများနှင့်ပတ်သက်သည့် အချက်အ လက်များနှင့် စစ်ရှောင်ပြည်သူ များဆိုင်ရာ အချက်အလက်များ ကို အသေးစိတ်ဖော်ပြထားသည်။ ပြီးခဲ့သည့် ဧပြီ၌ တနိုင်း၊ ဖားကန့်၊မိုးကောင်း၊ အင်ဂျန်းယန် အပါ အဝင် ကချင်ဒေသနေရာအများ အပြား၌ တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားပြီးနောက် မေလ၌ကချင်ဒေသတွင် တပ်မတော်နှင့် KIA အကြား စစ်ရေးတင်းမာနေခဲ့သည်။ မေလ ၃၀ ရက်တွင်မူဖားကန့်ဒေသ၌ တပ်မတော်နှင့်KIA အကြား သာမန်ထိတွေ့ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားပြီးနောက် ပိုင်း ဒေသအခြေအနေ ပြန်လည် တည်ငြိမ်နေကြောင်း KIA ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

 တပ်မတော်နှင့် KIA တို့ ၂၀၁၁ ဇွန်လ ၉ ရက်က စတင်၍ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။

More in News Section

Top News