ဒုရဲအုပ်တစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ သတ်သေ

ပန်းတနော်မြို့နယ်ရှိ နယ်မြေရဲစခန်းတစ်ခုတွင် တာ ၀န်ထမ်းဆောင်နေသည့် နယ် ထိန်းရဲအရာရှိတစ်ဦး မိမိကိုယ် ကိုယ်သေနတ်ဖြင့်ပစ်၍ သေ ကြောင်းကြံခဲ့ကြောင်း ဧရာဝတီ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။


ပန်းတနော်မြို့နယ် သုံးခွ နယ်မြေရဲစခန်းတွင် နယ်ထိန်းရဲ အရာရှိအဖြစ်တာဝန်ထမ်းဆောင် နေသော အသက်(၃၂)နှစ်အရွယ် ဒုရဲအုပ်ကောင်းမြတ်သူသည် ဇွန် လ ၈ ရက်ညနေ ၆ နာရီခန့်က ရဲ ကင်းအနီး၌ပင် နားထင်ကို ခြောက်လုံးပြူးသေနတ်ဖြင့် ပစ် ကာသေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘မိသားစုကိစ္စကြောင့်ဖြစ် မယ်လို့ ကျွန်တော်ယူဆပါတယ်။ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စ ကြောင့်ဖြစ်သွားတာပါ။ အခု တော့မြို့နယ်မှူးတို့ခုံဖွဲ့စစ်နေပါ တယ်။ ဒါကလည်း တပ်ဖွဲ့ဝင် တစ်ယောက်သေဆုံးတယ်ဆိုဘာ ကြောင့်ဆုံးတယ်ဆိုတဲ့ဟာကို ရဲ လုပ်ထုံးလုပ်နည်းအရစစ်ဆေးရ ပါတယ်’’ ဟု အဆိုပါရဲအရာရှိက ဆိုသည်။

သေနတ်သံ ကြားရပြီး နောက် ကင်းတာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကသွားရောက် ကြည့်ရှုရာ နယ်ထိန်းခေါင်းဆောင် အရာရှိသည် နားထင်အထက် တွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိပြီးသေ ဆုံးသူအနီး ခြောက်လုံးပြူးသေ နတ်တစ်လက် တွေ့ရှိခဲ့ကြောင်း ၎င်းကပြောသည်။

ဒုရဲအုပ် ကောင်းမြတ်သူ သည် ရဲတပ်ဖွဲ့သို့ဝင်ရောက်တာ ၀န်ထမ်းဆောင်သည်မှာ ၁၃ နှစ် ခန့်ရှိပြီဖြစ်ပြီး ၎င်းသေဆုံးချိန် တွင် နှစ်လသားအရွယ်ကလေး တစ်ဦးနှင့် ဇနီးတို့ကျန်ရစ်ခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်နံနက်က ၀ါးခယ်မမြို့နယ် ကျုံမငေး နယ် မြေရဲစခန်းတွင် ယာယီစခန်းမှူး တာဝန်ထမ်းဆောင်နေသည့် အ သက်(၄၀)ခန့်အရွယ် ရဲအုပ် လှိုင်ဝင်းသည် နေအိမ်လိုင်းခန်း အတွင်း မိမိကိုယ်ကိုယ်သေနတ် ဖြင့်ပစ်၍ သေဆုံးခဲ့သည်။

Top News