မန္တလေး-မူဆယ်လမ်း ယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိသည့် လမ်းပိုင်းတွင် အန္တရာယ်ကင်း ပရိတ်ရွတ် မေတ္တာပို့ အမျှဝေ

ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းတွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်နေစဉ် (ဓာတ်ပုံ − မေတ္တာရှင် လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ))

မန္တလေး-မူဆယ်ပြည် ထောင်စုလမ်းမကြီးတစ်လျှာက် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွား လေ့ရှိသည့် ကွတ်ခိုင်-နမ့်ဖတ် ကာလမ်းပိုင်းတွင် အန္တရာယ် ကင်း ပရိတ်ရွတ်ခြင်းနှင့် မကျွတ် မလွတ်သေးသော ပရလောက သားများအား မေတ္တာပို့အမျှဝေ ခြင်းကို ဒေသတွင်းရှိ သံဃာတော် များ ဦးဆောင်ကာ ဇွန်လ ၉ ရက် ညနေက ပြုလုပ်ခဲ့သည်။


ကွတ်ခိုင် - နမ့်ဖတ်ကာ လမ်းပိုင်းမှ ရှုခင်းသာ-နမ့်ဖတ် လွန်းကြားနေရာသည် ယာဉ်တိမ်း မှောက်မှု မကြာခဏဖြစ်ပေါ်လေ့ ရှိသော နေရာဖြစ်၍ အန္တရာယ် ကင်းပရိတ်ရွတ်ခြင်းနှင့် မေတ္တာပို့ အမျှဝေခြင်းကိုပြုလုပ်ခဲ့ကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်း နာယက ဦးကျော်ဝင်းကပြော သည်။

‘‘ကားဆရာတွေရော၊ ခရီး သွားတွေရောက မေတ္တာပို့ ပရိတ် ရွတ်ချင်တာလေး လုပ်ချင်တယ် ဆိုတယ်။ ဒီလမ်းပိုင်းမှာ ကားတွေ ကိုလည်း တစ်ဖက်ကို ဆွဲဆွဲသွား တယ်လို့ သံသယရှိနေကြတာ ကြောင့် စိတ်လည်း ရှင်းသွား အောင် ဆောင်ရွက်လိုက်ကြတာ’’  ဟု ဦးကျော်ဝင်းက ဆက်လက် ပြောကြားသည်။

၂၈ မိုင် ရှည်လျားသော ကွတ်ခိုင်-နမ့်ဖက်ကာလမ်းပိုင်း တွင် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ် တိုက်မှုမကြာခဏဖြစ်ပွားပြီး လူ သေဆုံးစေသည်အထိ ပြင်းထန် သည့် ယာဉ်မတော်တဆမှု တစ်လလျှင် သုံးကြိမ်ခန့်အနည်း ဆုံးဖြစ်ပွားနေကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက ပြော သည်။

‘‘ဆိုင်ကယ်နဲ့ကား တိုက်တာ မျိုး၊ ကားကားချင်းတိုက်တာမျိုး တွေက မကြာခဏ ဖြစ်နေတယ်’’ ဟု ယင်းလမ်းပိုင်းမောင်းနှင်သည့် ကုန်ကားမောင်းသူ တစ်ဦးက ပြောသည်။ သံဃာတော် ၁၆ ပါး နှင့် သီလရှင် ၂၁ ပါးက ဇွန်လ ၉ ရက်မွန်းလွဲ ၂ နာရီမှ ၃ နာရီခန့် အထိ မေတ္တာပို့အမျှဝေခဲ့သည်။ ယင်းလမ်းပိုင်းတွင်ယာဉ်တိမ်း မှောက်မှုနှင့် ယာဉ်တိုက်မှုကြောင့် ဇွန်လ ၁ ရက်မှ ၉ ရက်အတွင်း လူနှစ်ဦး သေဆုံးခဲ့သည်။ ၂၈၇ မိုင်ရှည်သော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်သည့် အဓိက လမ်းမကြီးဖြစ်သည်။

Top News