ပဲခူးတွင် လယ်သမားများအား ငွေချေးမည်ဆိုပြီး ငွေကြေးကောက်ခံသူသုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

 ပဲခူးတိုင်းဒေသကြီး ရွှေ ကျင်မြို့နယ် တံခွန်တိုင်ကျေးရွာ တွင် ဇွန်လ ၅ ရက်က ငွေချေး မည်ဆိုကာ လယ်သမားများထံမှ ငွေကြေးကောက်ခံသဖြင့် ဒေသခံ လယ်သမားများ တိုင်တန်းထား သူ အမျိုးသားသုံးဦးကို ဖမ်းဆီး စစ်ဆေးထားကြောင်း ရွှေကျင် မြို့နယ် အမျိုးသားဒီမိုကရေစီရုံး နာယက ဦးဘိုကြီးက ပြောသည်။


အဆိုပါ အမျိုးသားသုံးဦး သည် လယ်သမားများကို တစ် ဧက ကျပ် ၁၀ သိန်းထုတ်ချေးမည် ဆိုကာ တစ်ဧက ၅,၀၀၀ ကျပ်ဖြင့် ဇွန်လ ၄ ရက်တွင် ကျပ် ၁၇ သိန်း နှင့် ဇွန်လ ၅ ရက်တွင် ကျပ် ၁၇ သိန်း တောင်းယူထားသည်။

‘‘လယ်သမားတွေ လာတိုင် လို့ လိုက်သွားပြီး သက်ဆိုင်ရာ အဖွဲ့တွေကို ခေါ်ရတာ၊ သူတို့ကို မေးတော့ ဘာအထောက်အထား ခိုင်ခိုင်လုံလုံမှမရှိဘူး။ အဲဒါ ကြောင့် အခု ရဲစခန်းမှာ အမှုဖွင့် ပြီး စစ်ဆေးနေတယ်’’ဟု ဦးဘို ကြီးက ပြောသည်။

ငွေကြေးတောင်းယူသော အဖွဲ့သည် တံခွန်တိုင်၊ ဆိတ် ကလေးကျေးရွာအပါအဝင် အနီးအနားကျေးရွာများ၌ လယ်တစ် ဧက ကျပ် ၁၀ သိန်းထုတ်ပေးမည် ဆိုကာ တောင်းခံ၍ ယင်းအဖွဲ့ကို ရွှေကျင်မြို့နယ် ရဲစခန်းက လိမ်လည်မှု၊ စာရွက်စာတမ်းအတုပြု လုပ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေ ကြောင်း ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်ရှိ ကျေးရွာအ ချို့တွင်လည်း လယ်တစ်ဧကကျပ် ၁၀ သိန်းချေးမည်ဆိုကာ မှတ်ပုံ တင်မိတ္တူ၊ ပုံစံ (၇)မိတ္တူ၊ ဓာတ်ပုံ နှစ်ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ တို့ တောင်းခြင်းများရှိကြောင်း ကောလင်းမြို့နယ်အစိုးရဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

‘‘အဲဒီလို စာရင်းလိုက် ကောက်တဲ့ အမျိုးသမီးကို ထွေ အုပ်ရုံးမှာ ခေါ်ပြီးမေးတော့ ကောက်တဲ့သူက ရန်ကုန်ကလို့ ပြောတယ်။ ဘဏ်တွေမေးတော့ လည်း ချိတ်ဆက်ထားတာမရှိ ဘူး။ အခုတော့ ဆက်မကောက်ဖို့ ပြောထားတယ်။ လယ်သမားတွေ လည်း ပြောထားတယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်က ပြောသည်။

ကောလင်းမြို့နယ်ရှိ ချောင်း ကျေးရွာတွင်လည်း လယ်တစ် ဧက ကျပ် ၁၀ သိန်းထုတ်ချေးမည် ဆိုသော သတင်းများကြောင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာအဖွဲ့များထံ ဆက် သွယ်မေးမြန်းခဲ့ကြောင်း လယ် ၁၀ ဧကပိုင်သူ အသက် (၅၀)ကျော် တောင်သူအမျိုးသမီးက ဆိုသည်။

‘‘ဘယ်ကုမ္ပဏီလို့လည်း တိတိကျကျမပြောဘဲ စာရင်းကောက် နေတယ်ကြားတယ်။ တောင်သူ တွေကလည်း လှမ်းမေးတယ်။ ကျွန်တော်တို့ကတော့ လာမေးတဲ့ တောင်သူတွေကို စာရင်းမပေး ဖို့၊ မလုပ်ဖို့ ပြောပြထားတယ်’’ဟု ကောလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးတင်စိုးက ဆိုသည်။

Top News