မုံရွာမြို့ဝင် တိုးဂိတ်အမြန်ပြောင်းရွှေ့ပေးရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်

မုံရွာမြို့နယ် မြေနဲကျေးရွာ အနီး မုံရွာ-မန္တလေးကားလမ်းမ တွင် လမ်းအသုံးပြုခ ကောက် ခံနေသော မြို့ဝင်တိုးဂိတ်နေရာရွှေ့ပေးရေး ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ ဦးကျော်မိုးလှိုင် က ပြောသည်။

ဇွန်လ ၁၂ ရက် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ မုံရွာမြို့ဝင် တိုးဂိတ်အနီး၌ လူဦးရေတစ်ထောင်ခန့်ဖြင့် ရွှေတောင်တိုးဂိတ် အမြန်ဆုံးရွှေ့ပြောင်းရေးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတင်ပြသော အစီရင်ခံစာ အလိုမရှိဆိုသော အချက်များ တောင်းဆိုမည်ဖြစ်ကြောင်း သက်ဆိုင်ရာသို့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ပြုချက် တင်ပြစာတွင် ဖော်ပြထားသည်။

‘‘ဒီတိုးဂိတ်က ၂၀၁၀ က တည်းက စတင်ကောက်ခံခဲ့ကာ မိုးညှင်း သမ္ဗုဒ္ဓေ၊ ဗောဓိတစ် ထောင် ဘုရားသွားဖူးတဲ့ မုံရွာမြို့ ဒေသခံတွေသာမက အနယ်နယ် အရပ်ရပ်က ဒီဒေသကို လာလည်သူတွေကိုပါ ငွေကောက်ခံနေတာ နှစ်ပေါင်းများနေပြီ။ နည်းပညာ တက္ကသိုလ် မုံရွာမှာ ပညာသင်ကြားနေတဲ့ ကလေးတွေ ကြိုပို့လုပ်တဲ့ ကားတွေကိုလည်း တစ်နေ့လေးခေါက်ဖြတ်သန်းတိုင်း ငွေ ကောက်ခံနေတယ်။ ရွှေ့ပြောင်း ပေးဖို့ လုပ်နေတာကြာပြီ။ ရွှေ့ ပြောင်းပေးရမယ့် အချိန်ထက် ကြာနေလို့ ဆန္ဒထုတ်ဖော်တာပါ’’ ဟု ဦးကျော်မိုးလှိုင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ စိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းနှင့် မုံရွာမြို့ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းဆောင်

ရွက်ရေးကော်မတီ တာဝန်ရှိသူများသည် ဇွန်လ ၈ ရက်က ဆွေး နွေးသော်လည်း တိုင်းဒေသကြီး အစိုးရ အစည်းအဝေးဆုံးဖြတ် ချက်ရမှသာ ယုံကြည်စိတ်ချသော ကတိဖြစ်မည်ဟု ၎င်းက ပြော သည်။

‘‘တိုးဂိတ်အပြောင်းအရွှေ့ က ကြိုးစားခဲ့တာ ကြာပြီ။ မြို့ရဲ့ အစပ်မှာ တည်ရှိပြီး မုံရွာမြို့နယ် အတွင်းက ပြည်သူတွေကိုယ်တိုင် က ဘုရားဖူးသွားတိုင်း ပေးနေကြရတဲ့အတွက် ပြောင်းဖို့၊ ရွှေ့ဖို့ အစဉ်တစိုက် ဆောင်ရွက်ခဲ့တာပါ။ အခုဆန္ဒပြမယ့်ကိစ္စကိုတော့ အားလုံး ပြေလည်သွားစေချင်ပါ  တယ်’’ဟု မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့် အောင်က ပြောသည်။

ရွှေတောင်ဟိုက်ဝေးကုမ္ပဏီ က တည်ဆောက်၊ လည်ပတ်၊ လွှဲ ပြောင်း (B.O.T)စနစ်ဖြင့် လမ်းအ သုံးပြုခကောက်ခံနေသော မုံရွာ (မြေနဲ)ဂိတ်ကို မုံရွာမြို့နယ်ရှိ အ ခြားနေရာသို့ ပြောင်းရွှေ့ရန် ဇန် နဝါရီ ၂ ရက်က စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာက တရား ဝင် ပြောင်းရွှေ့ခွင့်ရသည့်နေ့မှ ခြောက်လအတွင်း အပြီးပြောင်း ရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

ရွှေတောင်ဟိုက်ဝေးကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် ပြည်သူကိုယ်စားပြုအဖွဲ့များ အတည်ပြုရွေးချယ်သည့်နေ့မှ ခြောက်လအတွင်း တိုးဂိတ်ကို ပြောင်းရွှေ့တည်ဆောက်မည်ဟု ဇွန်လ ၆ ရက်တွင် မုံရွာခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့သည်။

Top News