Billion အမည်ရှိ အငှားယာဉ်ဝန်ဆောင်မှု စတင်မည်

 တတိယမြောက် ပြည် တွင်းအငှားယာဉ်လုပ်ငန်းဖြစ်လာ  မည့် Billion အငှားယာဉ်ဝန် ဆောင်မှုကို ဇွန်လတတိယပတ် တွင်စတင်မည်ဟု Billion ၏အ ထွေထွေမန်နေဂျာ ဦးဟိန်းသူရက ပြောသည်။

Billion အငှားယာဉ်ဝန် ဆောင်မှုအသုံးပြုမည့်ခရီးသည်  သည် မိုဘိုင်းဖုန်းတွင် Billion  အက်ပလီကေးရှင်း ထည့်သွင်း ထားရမည်ဖြစ်ပြီး ယင်းအက်ပလီ ကေးရှင်းမှ တစ်ဆင့်ချိတ်ဆက် ကာ ယာဉ်ကိုငှားရမ်းနိုင်မည်ဖြစ် သည်။

ဆော့ဖ်ဝဲကို ပြည်ပနည်း ပညာ အကူအညီဖြင့်ရေးဆွဲထား ပြီး ခရီးသည်နှင့် ယာဉ်မောင်း များအသုံးပြုရာတွင်လွယ်ကူစေ ရန်မြေပုံစနစ်များ အကောင်း ဆုံးဖြစ်အောင်ဆောင်ရွက်ထား ကြောင်း ဦးဟိန်းသူရက ပြော သည်။

Billion အက်ပလီကေးရှင်း အသုံးပြုခြင်းအတွက် ယာဉ် မောင်းများကို ၀န်ဆောင်ခအဖြစ်  ခရီးစဉ်ကျသင့်ငွေထဲမှ ၅ရာခိုင် နှုန်း ကောက်ခံမည်ဖြစ်ပြီး အက်ပ လီကေးရှင်းစတင်အသုံးပြုနိုင်ရန် ယာဉ်မောင်းများ၏ Driver  Wallet  ထဲသို့ကျပ် ၃,၀၀၀ထည့် သွင်းပေးမည်ဟု ၎င်းကပြော သည်။

လက်ရှိတွင် Billion အငှား ယာဉ်ဝန်ဆောင်မှုအက်ပလီကေး ရှင်းအသုံးပြုရန်စာရင်းပေးသွင်း ထားသည့် ယာဉ်မောင်း ၆,၀၀၀ ခန့်ရှိပြီး မှတ်ပုံတင် (Register)  လုပ်ပြီးသည့် ယာဉ်မောင်း ၉၀၀ ခန့်ရှိပြီဟုဆိုသည်။

ဝန်ဆောင်ခအမြတ် နည်း  နည်းဖြင့် အသုံးပြုနိုင်သည့် Billion ကို မှတ်ပုံတင် လုပ်ထား ကြောင်း အငှားယာဉ်မောင်းကိုကျော်စွာက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း ကို Grab၊ Hellocab နှင့် Oway တို့က ဆောင်ရွက်နေသည်။

Top News