ဒဏ်ရာရသွားသော အာဂျင်တီးနားကစားသမား လန်ဇီနီနေရာတွင် ပီရက်ဇ်ဖြင့် အစားထိုး

ဒဏ်ရာရရှိသွား သော မယ်နျူရယ်လန်ဇီနီနေရာ တွင် နောက်ဆုံးမိနစ်အစားထိုးမှု အဖြစ် ရေးဗားပလိတ်ကွင်းလယ် လူ အန်ဇိုပီရက်ဇ်ကို ခေါ်ယူသည် ဟု အာဂျင်တီးနားဘောလုံးအဖွဲ့ ချုပ်က ပြောသည်။

ဗလင်စီယာနှင့် ဘင်ဖီကာ တွင် ကစားခဲ့သူ ပီရက်ဇ် (၃၂) နှစ်သည် အာဂျင်တီးနားလက်ရွေး စင်အသင်းအတွက် (၂၃) ကြိမ်  ကစားထားကာ ပြီးခဲ့သည့်နှစ်က နောက်ဆုံးကစားခဲ့သည်။

ယခုသီတင်းပတ် လေ့ ကျင့်မှုအတွင်း ညာဘက်ဒူး အ ရွတ် စုတ်ပြဲဒဏ်ရာ  ရရှိခဲ့ပြီး နောက် လန်ဇီနီသည် အာဂျင်တီး နားကမ္ဘာ့ဖလားအသင်းမှ နုတ် ထွက်ခဲ့သည်။ ပီရက်ဇ်သည် လွန်ခဲ့သော လေးနှစ်က  ဘရာဇီးကမ္ဘာ့ဖလားတွင်   အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ၌ ပွဲထွက်ခဲ့သည်။

ကမ္ဘာ့ဖလားနှစ်ကြိမ် ရရှိ ထားသော အာဂျင်တီးနားသည် ရုရှားကမ္ဘာ့ဖလားတွင် အိုက်စ လန်၊ ခရိုအေးရှား၊ နိုင်ဂျီးရီး ယားတို့နှင့် အုပ်စု (D) ၌ ကျ ရောက်နေပြီး ဇွန်လ ၁၆ ရက်တွင် အိုက်စလန်နှင့် စတင်ယှဉ်ပြိုင် မည်ဖြစ်သည်။    —Ref:Reuters

Top News