ရန်ကုန်တွင် ပြုလုပ်မည့် ကချင်တစ်ကျော့ပြန်တိုက်ပွဲ ခုနစ်နှစ်ပြည့် အခမ်းအနား ဖျက်သိမ်း

ရန်ကုန်တွင် ပြုလုပ် မည့် ‘ကချင်ဒေသ တစ်ကျော့ ပြန်စစ်ခုနစ်နှစ်ပြည့်အခမ်းအနား’ ကို အခက်အခဲကြောင့် ဖျက်သိမ်း ခဲ့ရကြောင်း အခမ်းအနားစီစဉ်သူ များကပြောသည်။

ယင်းအခမ်းအနားကို၂၀၁၁ နောက်ပိုင်းကစ၍ ကချင်လူမှုအ ဖွဲ့အစည်းများက စစ်ပွဲများရပ် တန့်နိုင်ရေး ရည်ရွယ်ချက်ဖြင့်နှစ် စဉ်ပြုလုပ်ခဲ့သည်။ ခုနစ်နှစ်ပြည့် အခမ်းအနားကို ကနဦးတွင် ကမ္ဘာအေးဘုရားလမ်းရှိ မီကာ ဆာဟိုတယ်၌ ကျင်းပရန် စီစဉ် ခဲ့သော်လည်း တားဆီးမှုများ ကြောင့် ဖျက်သိမ်းခဲ့ရကြောင်း  ကချင်ငြိမ်းချမ်းရေး ကွန်ရက် တာဝန်ရှိသူများက ပြောကြား သည်။

ထို့နောက် ဇွန်လ ၉ရက် နေ့လယ်တွင်ရန်ကုန်မြို့ ကမာ ရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒို၌ ပြု လုပ်ရန်ထပ်မံစီစဉ်သော်လည်း  ကျင်းပရန် နာရီပိုင်းအလိုတွင် ဖျက်သိမ်းခဲ့ရကြောင်း  စီစဉ်သူ များကပြောသည်။

‘‘ပဋိပက္ခပြန်ဖြစ်တာ ခုနစ် နှစ်မြောက်တဲ့နေ့မှာ ကျွန်တော် တို့ ဒီအခမ်းအနားကို လုပ်ဖို့ကြိုး စားပေမယ့် ကြိုးစားတဲ့အချိန်တိုင်း မှာ ကျွန်တော်တို့ လုပ်မယ့်နေရာ  အခက်အခဲရှိခဲ့တယ်။ တားဆီး တယ်ဆိုတာထက် အခမ်းအနား လုပ်မယ့် နေရာတွေညှိနှိုင်းချိန် မှာ သဘောတူပြီးတော့ နောက် ပိုင်းအဲဒီနေရာကနေ မလုပ်ဖို့၊ ခွင့် ပြုချက်တွေဆိုတာမျိုး ဖိအားပေး တယ်ဆိုပြီး ထပ်ထပ်ပြီးမှ ပြော လာလို့ ဆက်လုပ်လို့မရတဲ့အနေ အထားဖြစ်သွားတာပါ’’ ဟု စစ် ရှောင်ဒုက္ခသည်များ ကူညီရေး ဖွဲ့စည်းထားသည့် ပူးပေါင်းလုပ် ငန်းစဉ်အဖွဲ့ (JST) တာဝန်ရှိသူ ဦးဂွမ်ရှာအောင်က ပြောသည်။

‘ဖိအားအမျိုးမျိုးသုံး၍ တား ဆီးပိတ်ပင်ခံရပါသောကြောင့် အစီအစဉ်ကို ၀မ်းနည်းစွာဖြင့် ဖျက်သိမ်းလိုက်ရပါကြောင်း ငြိမ်း ချမ်းရေးကိုလိုလားသော မိဘ ပြည်သူများထံအကြောင်းကြား အပ်ပါသည်’ ဟု အခမ်းအနား ဖျက်သိမ်းရခြင်းနှင့် ပတ် သက်၍ ကချင်ငြိမ်းချမ်းရေးကွန် ရက်က ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင် ဖော်ပြထားသည်။ သို့သော် မည်သည့်အဖွဲ့အစည်းက တား ဆီးပိတ်ပင်သည်ကိုမူ ထည့်သွင်း ဖော်ပြထားခြင်းမရှိပေ။

‘‘ဒီအစီအစဉ်ကို ကျွန်တော် တို့ နှစ်တိုင်းမလုပ်ချင်ဘဲ လုပ်နေ ရတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းတာက IDP တွေအနေနဲ့ ဂုဏ်သိက္ခာရှိ စွာ၊ ဘေးကင်းလုံခြုံစွာနဲ့ ကိုယ့် ရဲ့ နေရပ်ကိုပြန်နိုင်ပြီဆိုရင် ဒီလို အခမ်းအနားမျိုးက လုပ်စရာမလို တဲ့အနေအထားပါ’’ ဟု ဦးဂွမ် ရှာ အောင်ကပြောသည်။

ကချင်တစ်ကျော့ပြန်စစ် ခု နစ်နှစ်ပြည့် အခမ်းအနားကို ရန် ကုန်မြို့တွင် ပြုလုပ်ခွင့်မရသော် လည်း မြစ်ကြီးနားမြို့၌ ယမန့်နေ့ ကပြုလုပ်ခဲ့ရာလူ ငါးထောင် ကျော် တက်ရောက်ခဲ့ကြောင်း ဒေ သခံများကပြောသည်။

တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIA) တို့ ၂၀၁၁ ဇွန်လ ၉ရက်ကစ၍ ကချင်ပြည် နယ်အတွင်း ဖြစ်ပွားသော တိုက် ပွဲများကြောင့် ခုနစ်နှစ်အတွင်း ဒေသခံပြည်သူ တစ်သိန်း ကျော် နေရပ်စွန့်ခွာခဲ့ရပြီး  ယာယီစခန်း များတွင် ခိုလှုံနေရသည်။

More in News Section

Top News