ကချင်တိုက်ပွဲ ခုနစ်နှစ်ပြည့် ဆုတောင်းပွဲ၌ စစ်ပွဲများ ရပ်တန့်ရန် တောင်းဆို

ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့်အထိမ်းအမှတ်ဆုတောင်းပွဲတွင် စစ်ပွဲအတွင်းအသက်ဆုံးရှုံးခဲ့သူများအတွက် လွမ်းသူ့ပန်းခွေချနေသူတစ်ဦး (ဓာတ်ပုံ − Sut Seng Htoi/Facebook)

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့ အကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု ခုနစ်နှစ်ပြည့်အခမ်းအနားကို ဇွန်လ ၉ ရက်က မြစ်ကြီးနားမြို့ မနောကွင်း၌ပြုလုပ်ရာ စစ်ဘေးဒုက္ခ သည်များအပါအဝင် လူဦးရေထောင်ချီတက်ရောက်လာပြီး စစ်ပွဲရပ် တန့်ရေးတောင်းဆိုသည့် ဆုတောင်းပွဲပြုလုပ်ခဲ့သည်။

၂၀၁၁ ဇွန်လ ၉ ရက်ကစ၍ တစ်ကျော့ပြန် ဖြစ်ပွားခဲ့သော စစ် ပွဲ ခုနစ်နှစ် ပြည့်ပွဲသို့ မြစ်ကြီး နားနှင့် ဝိုင်းမော်မြို့နယ်များရှိ စစ် ရှောင်စခန်းများမှ ပြည်သူများ၊ ခရစ်ယာန် ဘာသာရေးအဖွဲ့ အ စည်းများမှ ပုဂ္ဂိုလ်များနှင့် ဒေသခံများ စုစုပေါင်း ငါးထောင်ခန့်တက်ရောက်ခဲ့သည်ဟု ဆုတောင်းပွဲ တာဝန်ခံ ကိုထွယ်အောင်က ပြောသည်။

အခမ်းအနားတွင် ဆုတောင်း ပွဲနှင့် လူငယ်များ၏ သရုပ်ဖော် တင်ဆက်မှု အစီအစဉ်နှစ်မျိုး ပါဝင်သည်။ ခုနစ်နှစ်အတွင်း စစ် ပွဲကြောင့် ဒုက္ခခံစားခဲ့ရသည့် ဒေသခံများ၏ ပုံရိပ်များလည်း ပြသခဲ့သည်။

‘‘ဒါဝမ်းမြောက်ဝမ်းသာတဲ့ ပျော်ပွဲရွှင်ပွဲမဟုတ်ပါဘူး။ ကျွန် တော်တို့ ခုနစ်နှစ်မနေချင်ပါဘူး’’ ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။ စစ်ရှောင်ပြည်သူများအနေ ဖြင့် စစ်ပွဲများစဖြစ်ပြီးကတည်းက မိမိရပ်ရွာသို့ ဆောလျင်စွာ ပြန် ချင်သော်လည်း အသက်အန္တ ရာယ်ကြောင့် မပြန်ဘဲ စစ်ဘေး ရှောင်စခန်းများသို့ ရောက်နေရ ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အစိုးရ၊ တပ်မတော်တို့ အနေဖြင့် စိတ်ရှည်ရှည်ထားပြီး တိုင်းရင်းသားများ တောင်းဆို သည့် တောင်းဆိုချက်ကို ဆွေး နွေးညှိနှိုင်း အကောင်အထည်ဖော် ရန်လိုအပ်ကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။

‘‘တိုင်းရင်းသားများတောင်း ဆိုနေတဲ့ နိုင်ငံရေးစားပွဲပေါ်မှာ ဒီစစ်ကို အဆုံးသတ်ချင်ပါတယ်’’ ဟု ၎င်းကပြောသည်။

နေ့လယ်တွင် စစ်ရှောင် လူငယ်များက ခုနစ်နှစ်အတွင်း ကြုံတွေ့ရသည့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ပြဿနာများနှင့်ပတ်သက်သည့် သရုပ်ဖော်ပြဇာတ်ကို တင်ဆက်ခဲ့သည်။

‘‘ခုနစ်နှစ်အတောအတွင်း မှာ ဘယ်လိုမျိုး အသက်ရှင်နေ ထိုင်ရတယ်၊ ဘယ်လိုမျိုး ကိုယ့်ရဲ့ နေအိမ်ကို စွန့်ခွာပြီး IDP စခန်းမှာ နေတဲ့အခါ အခန်းအနေအထား က သိတဲ့အတိုင်း အရမ်းကျဉ်း ကျပ်တယ်။ မိသားစုအများကြီး နေရတော့ ကလေးတွေ စာဖတ် ရတာအဆင်ပြေဘူး၊ ကျောင်း တက်ရတာအဆင်မပြေဘူး အဲဒါ တွေပေါ့။ စစ်ပွဲတွေဖြစ်တဲ့ အတွက်ကြောင့် အခြေခံပညာ ရေးတောင် သင်နိုင်ခွင့်မရှိဘူးဆို တာကို ဖော်ပြတယ်’’ဟု ဆု တောင်းပွဲကျင်းပရေး ဦးဆောင် သူ မဆိုင်းနူးပန်က သရုပ်ဆောင် တင်ဆက်မှုကို ရှင်းပြသည်။

အဆိုပါသရုပ်ဖော်ပြသမှု အပိုင်းနှင့်ပတ်သက်၍ ခွင့်ပြုမိန့် မရှိ၍ မပြုလုပ်ရန် ရဲတပ်ဖွဲ့တာ ဝန်ရှိသူများက လာရောက်တား ဆီးခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့တာဝန်ရှိ သူနှင့် ဆုတောင်းပွဲကျင်းပရာတွင် ဦးဆောင်ဟောပြောခဲ့သူများ ညှိ နှိုင်းရာ ဆုတောင်းပွဲကျင်းပသူများ က ယင်းသရုပ်ဖော်မှုသည် ခရစ် ယာန်ဘာသာရေးအရ ဝမ်းနည်း ခြင်း၊ ပူဆွေးခြင်းများ ခံစားနေရမှု ကို ဘုရားသခင်အားပူဇော်သည့် ကဏ္ဍအဖြစ် ထည့်ထား ခြင်းဖြစ် ကြောင်း ပြန်လည်ရှင်းပြသည်။

‘‘ကျွန်တော်တို့က ဝတ်ပြုတဲ့ အစီအစဉ်မှာ လုပ်တာ။ ဒါကို အာဏာပိုင်ရဲများက အခုလို ပိတ် ပင်တားဆီးတဲ့ အခြေအနေ ရောက်သွားတာပေါ့။ ဝတ်ပြု တယ်ဆိုတာ ဘယ်သူ့ကိုမှ ထိ ခိုက်တာမျိုး၊ ဆန္ဒဖော်ထုတ်တာ မျိုး မဟုတ်ပါဘူး။ ရဲတွေကတော့ ခွင့်ပြုမိန့်မရှိဘဲ လုပ်တယ်လို့ လာပြောတာပေါ့။ ဒါနဲ့ပတ်သက် ပြီး အရေးယူမယ်ဆိုတာတော့ အခုချိန်ထိ မကြားသေးဘူး။ သူ တို့ဘက်ကတော့ ဘယ်လိုလာ မလဲဆိုတော့ စောင့်ကြည့် တဲ့အ နေအထားမှာပဲ ရှိပါတယ်’’ ဟု ကိုထွယ်အောင်က ဇွန်လ ၉ ရက် ညနေတွင်ပြောသည်။

အဆိုပါ ဆုတောင်းပွဲက အချက်ခုနစ်ချက် ပါဝင်သည့် သဘောထားထုတ် ပြန်ချက်တစ် ရပ်လည်း ထုတ်ပြန်ခဲ့ရာ လူသား များ၏ လုံခြုံမှုအတွက် နှစ်ဖက် တိုက်ခိုက်မှုများ ချက်ချင်းရပ် တန့်ကာ ပြည်သူများနေထိုင်ရာ ရပ်ရွာဒေသအနီးနှင့် ရပ်ရွာထဲ တွင် တပ်စွဲထားသော တပ်စခန်း များ အမြန်ဆုံး ဖျက်သိမ်းဆုတ် ပေးရန် လိုအပ်ကြောင်း ဖော်ပြ သည်။ ရေရှည်တည်တံ့ခိုင်မြဲပြီး အာမခံချက်ရှိသည့် ငြိမ်းချမ်းရေး ကို ရရှိရန် အစိုးရနှင့် လက်နက် ကိုင်အဖွဲ့အစည်းများသည် နိုင်ငံ ရေးကို လက်နက်ဖြင့် မဖြေရှင်းဘဲ စားပွဲပေါ်တွင် ဆွေးနွေးအဖြေရှာ ရန် တောင်းဆိုသည်။

ထို့အပြင် အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်သူများ သည် NCA မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ နှင့် အမြန်ဆုံးတွေ့ဆုံကာ ငြိမ်းချမ်းရေးတည်ဆောက်ရန် လိုအပ်ကြောင်းထုတ်ပြန်သည်။

Top News