ခွဲစိတ်ပါရဂူ ဒုဗိုလ်မှူးကြီး ဓားထိုးခံရမှု ကျူးလွန်သူ လူငယ်ခုနစ်ဦးကို ဖမ်းမိ

ကျူးလွန်သူများတွင် အငြိမ်းစားဗိုလ်မှူးတစ်ဦး၏ သားဖြစ်သူလည်း ပါဝင်နေ

 မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေး ရုံတွင် တာဝန်ထမ်းဆောင်နေ သည့် ခွဲစိတ်ပါရဂူ ဒုဗိုလ်မှူးကြီး တစ်ဦး ဓားထိုးခံရမှုနှင့် ပတ်သက် ၍ ကျူးလွန်သူ လူငယ်ခုနစ်ဦးကို ဖမ်းမိထားကြောင်း တိုင်းရဲတပ် ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဧပြီ ၂၅ ရက်က ပြည်ဦးလွင် မြို့ အစိုးရဧည့်ဂေဟာလမ်း ဧည့် ဂေဟာ ဂိတ်ပေါက်အနီးတွင် စကေဘာဖြင့် အထိုးခံရခြင်းဖြစ်ပြီး သက်သေ ၆၀ကျော်နှင့် မသင်္ကာသူငါးဦးကို စစ်ဆေးရာမှ ဇွန်လ ၅ ရက်တွင် ကျူးလွန်သူရှစ်ဦးအနက် ခုနစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

‘‘မျက်မြင်သက်သေတွေ စစ် ဆေးချက်အရရော ကျူးလွန်သူ ခုနစ်ဦးကို မိထားတယ်။ ကျန်တစ် ဦးကို ရှာဖွေနေတယ်’’ ဟု မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိက ပြော သည်။

ကျူးလွန်သူများသည် အ သက် (၁၅) နှစ်မှ (၂၀) အရွယ် လူ ငယ်များဖြစ်ပြီး အငြိမ်းစားဗိုလ် မှူး၊ တပ်ကြပ်ကြီးနှင့် အရာခံ ဗိုလ်တို့၏ သားများလည်းပါဝင် ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ဧပြီ ၂၅ ရက် ညက မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသည့် ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီးတစ်ဦးသည် တာဝန်ကျရာဆေးရုံမှ နေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် ရပ်ကွက်ကြီး (၅)၊ အစိုးရ ဧည့်ဂေဟာ ဂိတ်အနီးလမ်းပေါ် တွင် အမျိုးသားခုနစ်ဦးသည် ဆိုင် ကယ်လေးစီးဖြင့် စတန့်ပြုလုပ် မောင်းနှင်နေ၍ ၎င်းတို့ကို ရှောင် တိမ်းမောင်းနှင်စဉ် စတန့်ပြုလုပ် နေသည့် ဆိုင်ကယ်တစ်စီးနှင့် မ တော်တဆပွတ်တိုက်ခဲ့သည်။ ထို့နောက်ဒုတိယဗိုလ်မှူး ကြီးက ယာဉ်ပေါ်မှဆင်းကာ လိုအပ် သည့် အကူအညီများ ဆောင်ရွက် ရန် မေးမြန်းရာ ဆိုင်ကယ်စီးနင်း သူ ခုနစ်ဦးအနက် သုံးဦးက ၎င်းကို ချုပ်ကိုင်၍ တစ်ဦးက ဝမ်းဗိုက် ကို  စကေဘာဖြင့် ထိုးပြီး အမျိုး သား ခုနစ်ဦးစလုံးထွက်ပြေးတိမ်း ရှောင်ခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီ ၂၉ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ သည်။

ဖမ်းဆီးထားသည့် လူငယ် ခုနစ်ဦးကို ပြင်ဦးလွင်မြို့မရဲစခန်း တွင် အပြင်းအထန်နာကျင်စေမှု၊ အားပေးကူညီမှုပါ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားသည်။

စကေဘာထိုးခံရပြီး ပြင်း ထန်စွာ ဒဏ်ရာရခဲ့သော ဒုတိယ ဗိုလ်မှူးကြီးသည် ပြင်ဦးလွင်တပ် မတော်ဆေးရုံတွင် အရေးပေါ်ခွဲ စိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရပြီး ပြန်လည်ကောင်းမွန်သည်အထိ ဆက်လက် ကုသနေကြောင်း  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ လက်ရှိတွင်သက်သာကောင်းမွန်နေကြောင်း  ရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

More in News Section

Top News