ကျွန်းလှမြို့နယ် တိုင်းဒီချုပ်အမတ် ယာဉ်မတော်တဆမှုဖြစ်ပွား

 ကျွန်းလှမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းသည် ယာဉ်မတော် တဆမှုဖြစ်ပွား၍ မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ်ဆေး ၀ါးကုသမှု ခံယူနေကြောင်း လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကယ် က ပြောသည်။

မုံရွာမြို့ မြို့သစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ဇွန်လ ၉ ရက် ညက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ကျွန်းလှမြို့နယ်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် စီးနင်းလာသော ဆိုင်ကယ် နှင့် အခြားဆိုင်ကယ်တစ်စီး တိုက်မိခဲ့သည်။

‘‘ဦးကျော်လင်းက မန္တလေး ဆေးရုံကြီးမှာ အရေးပေါ်ဆေးကု သမှု ခံယူနေပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူး ဆိုပေမယ့် အာရုံကြောတွေ ထိခိုက်သွားနိုင်တယ်လို့ သိရပါတယ်။ လောလောဆယ် ခွဲစိတ်ကုသမှု လုပ်ငန်းတွေလုပ်နေဆဲ ဖြစ်တဲ့ အတွက် အခြေအနေက ပြောလို့ မရသေးဘူး’’ဟု ဦးကယ်က ပြော သည်။

‘‘တစ်ဖက်ကတိုက်မိတဲ့ လင်မယားနှစ်ယောက်ကတော့ ဒဏ်ရာမပြင်းထန်ဘူးလို့ သိရ တယ်။ သူကတော့ လောလော ဆယ်မှာ အသိစိတ်ပြန်မလည် လာဘူးလို့ သိရတယ်။ ဒါပေမဲ့ အခုလောလောဆယ် စိုးရိမ်ရတဲ့ အခြေအနေပေါ့’’ဟု ကျွန်းလှမဲ ဆန္ဒနယ်အမှတ်-၂ တိုင်းလွှတ် တော်ကိုယ်စားလှယ်ဦးလှဖြိုးက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းသည် မန္တလေးအ ထွေထွေရောဂါကုဆေးရုံကြီး ဦး နှောက်နှင့် အာရုံကြောခွဲစိတ်ကု သဆောင်တွင် တက်ရောက်နေရ ကြောင်း ဦးကျော်လင်း၏သမီး ကြီး မဖြူဖြူဌေးလင်းက ပြောသည်။

‘‘လောလောဆယ် ခွဲစိတ် တာမျိုးတော့ မရှိသေးဘူး။ စောင့် ကြည့်နေရတုန်းပါပဲ’’ဟု မဖြူဖြူ ဌေးလင်းက ပြောသည်။

ဦးကျော်လင်းသည် အသက် (၆၂)နှစ်အရွယ်ရှိပြီး ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ကျွန်းလှမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၌ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသ ကြီး လွှတ်တော်ဥပဒေ ပြုရေး ကော်မတီတွင် အဖွဲ့ဝင် တာဝန် ထမ်းဆောင်လျက် ရှိသည်။

ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များ ရိပ်သာမှ ဆိုင်ကယ် ဖြင့် အပြင် သို့ ခေတ္တသွားရောက်စဉ် ဗိုလ်ချုပ်လမ်း၌ မတော်တဆမှု ဖြစ်ပွားခဲ့သည်။

‘‘ကျွန်းလှမြို့နယ် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ကြီး ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံး အမှုဖွင့်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက တော့ အရေးပေါ်ကုသမှု ခံယူနေ တယ်။ တစ်ဖက်ကတော့ ပွန်းပဲ့ ဒဏ်ရာရရှိတယ်’’ဟု မုံရွာမြို့ မြို့ မရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောသည်။

အဆိုပါ ယာဉ်မတော်တဆ မှုနှင့်ပတ်သက်၍ ဆိုင်ကယ်မောင်း နှင်သူ နှစ်ဦးကို မုံရွာမြို့ မြို့မရဲ စခန်းက ရာဇသတ်ကြီးဥပဒေပုဒ် မ ၃၃၇/၃၃၈ (လူ့အသက်စသည် တို့ကို ဘေးဖြစ်စေသော ပြုလုပ် မှုတစ်ခုခုကိုပြုခြင်းဖြင့် နာကျင် စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးနေ သည်။

ထို့အပြင် ပြီးခဲ့သည့် မေလက ယင်းမာပင်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌစီးနင်းလာသော ဆိုင်ကယ် ကို ကုန်တင်ယာဉ်တစ်စီးက မုံရွာ-ပုလဲ-ဂန့်ဂေါကားလမ်းရှိ ယင်းမာပင်စိုက်ပျိုးရေးရုံးရှေ့တွင်ဝင်တိုက်၍ ၎င်းသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

More in News Section

Top News