သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ခ်အသုံးပြုခြင်းမရှိဟုဆို

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သည် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျဖွင့်လှစ်အ သုံးပြုခြင်းမရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးက ဇွန်လ ၉ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားထားသည်။


လက်ရှိတွင် ဖေ့စ်ဘွတ်ခ်ပေါ်၌ Aung San Suu Kyi အမည်ဖြင့် အပြာရောင်အမှန်ခြစ် (Blue Mark-Verified Profile) ရရှိထားသော ပေ့ခ်ျတစ်ခုရှိပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုသူအများစုက အဆိုပါပေ့ခ်ျကို ဒေါ်အောင်ဆန်းစုကြည်၏ ပေ့ခ်ျအစစ်ဟု ယုံကြည်နေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အမည်ဖြစ်သည့် Aung San Suu Kyi သို့မဟုတ် Daw Aung San Suu Kyi အမည်ဖြင့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ၁၈ ခုရှိပြီး ပေ့ခ်ျတစ်ခုသာ အပြာရောင်အမှန်ခြစ် ရရှိထားသည်။ 

‘‘တချို့အပြာရောင်အမှတ် အသားတွေက မလျှောက်ဘဲ လည်း ရတာတွေရှိတယ်။ သတင်းမှန်တွေပဲ တင်တဲ့ ပေ့ခ်ျကို ဖေ့စ် ဘွတ်ခ်ဘက်ကနေ အပြာရောင် အမှတ်အသားပေးလိုက်တယ်လို့ ထင်ပါတယ်’’ဟု မြန်မာနိုင်ငံ ကွန် ပျူတာပညာရှင်အသင်း အမှု ဆောင် ဦးဇော်သူရိန်ထွန်းက ပြောသည်။ 

အပြာရောင်အမှတ်အသား ဆိုသည်မှာ ပရိုဖိုင်အမှန်ဖြစ်သည် ကို ကိုယ်စားပြုကြောင်း ၎င်းက ပြောသည်။ နိုင်ငံတော်သမ္မတ၏ ဓာတ်ပုံဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုရှိပြီး ၎င်း၏အမည်၊ ဓာတ်ပုံဖြင့် ဖေ့စ်ဘွတ်ခ်ပေ့ခ်ျသုံးခုရှိသော် လည်း အပြာရောင်အမှတ်အသား ရရှိထားခြင်းမရှိပေ။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အမည်ဖြင့် အပြာရောင်အ မှတ်အသားရရှိထားသည့် ဖေ့စ် ဘွတ်ခ်စာမျက်နှာသည် လက်ရှိ တွင် အသုံးပြုခြင်းမရှိဘဲ ၂၀၁၆ ဧပြီ ၁၃ ရက်အထိသာ နောက်ဆုံး အသုံးပြုခဲ့သည်။ 

အဆိုပါပေ့ခ်ျကို Like ပြုလုပ်ထားသူ နှစ်သန်းကျော်ရှိပြီး Followပြုလုပ်ထားသူ နှစ်သန်းခန့် ရှိ သည်။ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျအသုံးမပြုသည့် အကြောင်းအရာနှင့်ပတ်သက်၍ ဦးကြည်တိုးထံ ဆက်သွယ်သော် လည်း ဖုန်းလက်ခံပြောကြားခြင်း မရှိပေ။

သို့သော် ၎င်း၏ဖော်ပြမှု အောက်တွင် နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ Twitter နှင့် Instagramအသုံးပြုခြင်းရှိ၊ မရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူများက မေးမြန်းရာ အသုံးပြုခြင်းမရှိကြောင်း ဖြေ ကြားထားသည်။ 

More in Politics Section

Top News