ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ရသေ့တောင်တွင် ပါတီဝင်ရှာဖွေဆဲဟု ALD ပြော

 ကြားဖြတ်ရွေးကောက်ပွဲ တွင် ရသေ့တောင်မြို့နယ် ပြည် နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အ ရည်အချင်းရှိသည့် ဒေသခံပါတီ ဝင်ကို ရှာဖွေနေကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပြော ရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောကြားသည်။


‘‘နေရာကတော့ ပြိုင်လည်း ရတယ်၊ မပြိုင်လည်းရတယ်ပေါ့ နော်။ ရခိုင်ဒီမိုကရေစီအဖွဲ့က တော့ ရွေးကောက်ပွဲဝင်တယ်ဆို တဲ့နေရာမှာ အဲဒီကတက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အဲဒီဒေသကို ကိုယ်စားပြုဖို့နဲ့ အဲဒီဒေသရဲ့အကျိုးကို တကယ် ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်မျိုးကို လိုချင်တယ်။ လောလောဆယ် တော့ အဲဒီလိုလူမျိုး မတွေ့သေး ဘူးလို့ပဲ ပြောရမှာပေါ့နော်။ အ ရည်အချင်းရှိတဲ့သူကို ရှာနေတုန်း ပါ။ နောက်မှပါတီထဲမှာ ဆက်ဆုံး ဖြတ်မယ်’’ဟု၎င်းကပြောသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက် ပွဲအနိုင်ရ ALD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ပေါင်းစည်း၍၂၀၁၄ တွင် ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ထူထောင်ခဲ့သည်။သို့သော် ပါတီတွင်း သဘောထားကွဲလွဲမှု များဖြစ်ပေါ်ခဲ့ကာ ဗဟိုကော်မတီ ဝင် ၃၉ ဦးအနက် ယခင် ALD ပါတီဝင်ဗဟိုကော်မတီဝင် ခြောက်ဦး ကို ရခိုင်အမျိုးသားပါတီက ထုတ် ပယ်ခဲ့သည်။

ယင်းသို့ထုတ်ပယ်ခံရသည့် ALD ပါတီဝင်များက ပါတီ ပြန် လည်ထူထောင်ရာ ၂၀၁၇ ဇူလိုင် ၁၈ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ လက်ရှိ တွင် ပါတီဥက္ကဋ္ဌနေရာကို ဦးကျော်မြင့်က တာဝန်ယူထားသည်။

More in Politics Section

Top News