ကမ္ဘာ့ဖလားတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ရန် အင်္ဂလန်ရည်မှန်း

 (၁၂) နှစ် အတွင်း အဓိက ပြိုင်ပွဲကြီးတစ်ခု၌ ရှုံးထွက်အဆင့် တွင် အနိုင်ရဖူးခြင်း မရှိသော် လည်း ယခုနှစ်ကမ္ဘာ့ဖလား၌ကွာ တားဖိုင်နယ်သို့ တက်ရောက်ရေး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က  နည်းပြဆောက်သ်ဂိတ်ကို ရည် မှန်းထားသည်။


‘‘ကျွန်တော်တို့ အလိုရှိတဲ့အ ရာက ဘာလဲဆိုတော့ ကျွန်တော် တို့ဟာ ၂၀၀၆ နောက်ပိုင်း ရှုံး ထွက်အဆင့်ကို တစ်ပွဲမှ အနိုင်မ ရဖူးပါဘူး။ ဒါကြောင့် အုပ်စုအ ဆင့်က ကျွတ်ပြီး ရှုံးထွက်အဆင့် ပွဲတစ်ပွဲ အနိုင်ရတာက စစ်မှန်တဲ့ တိုးတက်မှုလက္ခဏာဖြစ်တယ်ဆို တာ ရှင်းပါတယ်။ တစ်ပွဲအနိုင်ရ ရင် နောက်ပွဲတွေ အနိုင်ရဖို့ မခက်ခဲတော့ပါဘူး’’ ဟု အင်္ဂလန်ဘော လုံးအဖွဲ့ချုပ် အမှုဆောင်အရာ ရှိ မာတင်ဂလန်းက Daily Telegraph သတင်းစာအား ပြော သည်။

အင်္ဂလန်သည် ကမ္ဘာ့ဖလား အုပ်စု (G) တွင် ဘယ်လ်ဂျီယံ၊ ပနားမား၊ တူနီးရှားတို့နှင့် ကစား ရမည်ဖြစ်သည်။

၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်အသင်းသည် ၂၀၁၄ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှလှည့်ပြန်ခဲ့ရပြီး ၂၀၁၀ ကမ္ဘာ့ဖ လား၌ ၁၆ သင်းအဆင့်တွင်ဂျာမနီ ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အင်္ဂလန်အနေဖြင့် ၂၀၀၆ ကမ္ဘာ့ဖလားတွင် ကွာတားဖိုင် နယ်သို့ နောက်ဆုံးအကြိမ်တက် ရောက်နိုင်သော်လည်း ပေါ်တူဂီ ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အကယ်၍ အင်္ဂလန်အနေ ဖြင့် ယခုနှစ်ကမ္ဘာ့ဖလား အုပ်စုအ ဆင့်မှ ကျော်ဖြတ်နိုင်ပါက အုပ် စု (H) မှ ပိုလန်၊ ဆီနီဂေါ (သို့မဟုတ်) ကိုလံဘီယာ တစ်သင်းသင်းဖြင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အနိုင်ရပါ က ကွာတားဖိုင်နယ်တွင် ဘရာဇီး (သို့မဟုတ်) လက်ရှိ ချန်ပီယံဂျာ မနီနှင့် ကစားရနိုင်ဖွယ်ရှိသည်။

အင်္ဂလန်သည် ကမ္ဘာ့ဖလား အကြိုနိုင်ငံတကာ ခြေစမ်းပွဲများ တွင် ခြေစမ်းကောင်းပြသနိုင်ပြီး နိုင်ဂျီးရီးယားနှင့် ကော်စတာရီ ကာတို့ကို အနိုင်ရခဲ့သည်။

—Ref:Reuters/skysport

Top News