ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရေး ဂရစ်ဇ်မန်းကို လိုအပ်ဟု မက်ဆီပြောကြား

အက်သလက်တီကို မက်ဒရစ်တိုက်စစ်မျူး ဂရစ်ဇ်မန်း (၂၇) နှစ်ကို ခေါ်ယူနိုင်ခြင်းက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရေး ဘာစီလိုနာ၏ မျှော်လင့်ချက်များ ကို ကောင်းမွန်သောအဆင့်မြှင့် တင်မှု ဖြစ်စေမည်ဟု လီယွန်နယ် မက်ဆီကပြောသည်။


မက်ဆီသည် ဂရစ်ဇ်မန်း နှင့် တွဲကစားရနိုင်သဖြင့် စိတ် လှုပ်ရှားနေပြီး ဂရစ်ဇ်မန်းအနေ ဖြင့် ၂၀၁၅ နောက်ပိုင်း ဘာစီလို နာအတွက် ချန်ပီယံလိဂ်ဖလား ပထမဆုံးဆွတ်ခူးနိုင်ရေး ကူညီ နိုင်မည်ဟု မက်ဆီက ယုံကြည်နေ သည်။

‘‘ချန်ပီယံလိဂ်ဖလားဆွတ်ခူး ဖို့ အကောင်းဆုံး ကစားသမားတွေ လိုအပ်တယ်ဆိုတာ ကျွန်တော် သဘောတူပါတယ်။ ဂရစ်ဇ်မန်း က အကောင်းဆုံးကစားသမား တွေထဲက တစ်ယောက်ပါ။  တ ကယ်လို့ အသင်းအနေနဲ့ သူ့ကို ခေါ်ယူနိုင်မယ်ဆိုရင် သိပ်ကောင်း မွန်မှာပါ။ ခေါ်ယူမယ့်ကစားသ မားစာရင်းမှာ သူကဦးစာပေး ဟုတ်၊ မဟုတ်ဆိုတာတော့ ကျွန် တော်မသိပါဘူး။ ဒါကကော်မတီ နဲ့ နည်းပြအပေါ်မှာ မူတည်ပါ တယ်။ ဂရစ်ဇ်မန်းက တော်တော် ကောင်းပါတယ်’’ ဟု မက်ဆီက ပြောသည်။

နည်းပြ ဗယ်လ်ဗာဒီကိုင် တွယ်သော ပထမဆုံးရာသီတွင် ဘာစီလိုနာသည် လာလီဂါဖလား နှင့် ကိုပါဒယ်ရေးဖလား ဆွတ်ခူး ခဲ့သော်လည်း ချန်ပီယံလိဂ်ကွာ တားဖိုင်နယ်၌ ရိုးမားကို အံအား သင့် ဖွယ်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက် ခဲ့ရသည်။

သို့သော် ယခုနှစ်ဘောလုံး ရာသီသည် အလွန်ကောင်းမွန် ကြောင်း မက်ဆီက ပြောသည်။

ထိုအတောအတွင်း ၎င်း၏ အနာဂတ်နှင့်စပ်လျဉ်း၍ ကြေညာ ရန် နီးစပ်လာပြီဟု ဂရစ်ဇ်မန်းက ပြောကြားပြီး လာမည့်ရက်များအ တွင်း ကြေညာမည်ဖြစ်ကြောင်း အတည် ပြုသည်။

၂၀၁၄ က အက်သလက်တီ ကိုမက်ဒရစ်သို့ ရောက်ရှိလာသူ ဂရစ်ဇ်မန်းသည် အသင်းနှင့် ၂၀၂၂ မတိုင်မီအထိ စာချုပ်ချုပ် ဆိုထားသော်လည်း ဘာစီလိုနာ အနေဖြင့် ၎င်း၏စာချုပ်ဖျက်သိမ်း ကြေးကို ပေးချေရန် အသင့်ရှိ ကြောင်း Goal သတင်းဝက်ဘ် ဆိုက်က ဖော်ပြသည်။

—Ref:Goal

Top News