ခြေစမ်းပွဲများတွင် ဒိန်းမတ်၊ စပိန်နှင့် သြစတြေးလျ အနိုင်ရ၊ ပြင်သစ်နှင့် ဆွီဒင်သရေကျ

ကမ္ဘာ့ဖလားအ ကြို နောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် မက္ကဆီကိုကို ၂-၀ ဂိုးဖြင့် အနိုင် ရသောပွဲတွင် စပါးအသင်းကစား ကွက် ဖန်တီးရှင်အဲရစ်ဆင်က ဒိန်းမတ်အတွက် တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့သည်။


ပူပူနွေးနွေးကလေးဖခင် အဲ ရစ်ဆင် (၂၆) နှစ်သည် ယခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ရှစ်ပွဲ တွင် ဒိန်းမတ်အတွက် ၁၁ ဂိုး သွင်းယူပေးခဲ့သည်။

၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်က လူစားဝင်တိုက်စစ်မှူး လာဂိုအက်စပက်စ်၏ တစ်လုံး တည်းသော နောက်ကျအနိုင်ဂိုး ဖြင့် တူနီးရှားကို ကပ်၍ အနိုင်ရခဲ့ သည်။

စပိန်အသင်းသည် လူစုံ ပွဲထွက်ခဲ့သော်လည်း တူနီးရှား နောက်တန်းကို ကျော်မရဘဲ ပွဲပြီးရန် ခြောက်မိနစ်အလိုမှ အနိုင် ဂိုးရခဲ့သည်။

နောက်ဆုံးပွဲ ၂၀ ဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ခဲ့သည့် စပိန်သည် ကမ္ဘာ့ဖလားအုပ်စုအ ဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၅ ရက် တွင် ပေါ်တူဂီနှင့် တွေ့ဆုံမည်ဖြစ် သည်။

ဟန်ဂေရီကို ၂-၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် သြစတြေးလျ အတွက် ဒန်နီရယ်အာဇာနီက ၎င်း၏ ပထမဆုံးနိုင်ငံတကာ သွင်းဂိုး ရယူနိုင်ခဲ့သည်။

မဲဘ်ဘုန်းတိုက်စစ်မှူး ဒန်နီ ရယ် (၁၉) နှစ်သည် ပြင်သစ်တိုက် စစ်မှူး အက်ဘက်ပီထက် ၁၉ ရက် ငယ်သဖြင့် ယခုနှစ်ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်အသင်းများတွင် အသက်အငယ်ဆုံး ကစားသမား အဖြစ် စံချိန်တင်ထားသည်။

အမေရိကန်ကို နောက်မှ  လိုက်ကစားပြီး တစ်ဂိုးစီသရေကျ သည့်ပွဲ၌ နည်းပြဒက်စ်ချမ့်၏ ပြင်သစ်အသင်းတွင် မန်ယူကွင်း လယ်လူ ပေါ့ဂ်ဘာ အထူးခြေစွမ်း ပြနိုင်ခဲ့သည်။ ယင်းပွဲတွင် ချေပ ဂိုးသွင်းပေးသူ ဘက်ပီသည် ယခု ပြင်သစ်အသင်းအတွက် ၁၅ ပွဲ ကစားရာ သွင်းဂိုးလေးဂိုးအထိ ရှိလာသည်။

‘‘နောက်ဆုံးကစားခဲ့တဲ့ သုံး ပွဲမှာ ကျွန်တော်တဖြည်းဖြည်း တိုးတက်လာပါတယ်’’ ဟု ဘက် ပီက ပြောသည်။

ပြီးခဲ့သော သီတင်းပတ်က ဒိန်းမတ်နှင့် ခြေစမ်းပွဲတွင် ဂိုးမရှိ သရေကျသည့် ဆွီဒင်က ယခု ခြေစမ်းပွဲ၌ ပီရူးနှင့် ဂိုးမရှိသရေ ကျခဲ့သည်။

ဆွီဒင်သည် ကမ္ဘာ့ဖလား အုပ်စု (F) တွင် လက်ရှိချန်ပီယံ ဂျာမနီ၊ မက္ကဆီကို၊ တောင်ကိုရီး ယားတို့နှင့် တစ်အုပ်စုတည်းကျ ရောက်နေပြီး ပီရူးက အုပ်စု (C) တွင် ဒိန်းမတ်၊ ပြင်သစ်၊ သြစ တြေးလျတို့နှင့် ကစားရမည်ဖြစ် သည်။

—Ref:Reuters

Top News