■ အားကစား သတင်းတိုများ

ရီးရဲလ်ကခေါ်ယူရန် ချဉ်းကပ်နေသည်ဆိုသော သတင်းများကို နည်းပြတိုက်ကပယ်ချပြီး ကမ္ဘာ့ဖလားတွင် ဘရာဇီးအသင်းကို  ဦးဆောင်ရေး အပြည့်အဝ အာရုံစိုက်ထားသည်ဟု အခိုင်အမာပြောကြားသည်။


ကမ္ဘာ့ဖလားစတင်ရန်လေးရက်မျှသာလိုတော့သည့်အချိန်၌ ဘိုကာ ဂျူနီယာ နောက်ခံလူ ဖာဘရာသည် ပြင်းထန်သော ဒဏ်ရာကြောင့် ကိုလံဘီယာအသင်း၏ ကမ္ဘာ့ဖလားပွဲစဉ်များနှင့် လွဲချော်မည်ဖြစ် သည်။ ၎င်း၏နေရာတွင် ပါရာဂွေးကလပ် အိုလံပီယာမှ ဒိုက်ဇ်နှင့် အ စားထိုးသည်။

ယခုနွေရာသီတွင် မန်စီးတီးမှ ထွက်ခွာသွားသော အိုင်ဗရီကို့စ်ကွင်း လယ်လူ ယာယာတိုရေးက ၎င်းသည် လူမျိုးရေးခွဲခြားဆက်ဆံခံရ သည်ဆိုသော စွပ်စွဲချက်သည် မှားယွင်းသောစွပ်စွဲချက်ဖြစ်ကြောင်း နှင့် မိမိတို့ မျက်နှာချင်းဆိုင်ပြောဆိုခြင်းမရှိခဲ့ဟု မန်စီးတီးနည်းပြဂွာ ဒီယိုလာက ပြောသည်။

မန်ယူနှင့် ဘိုင်ယန်တို့က ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သတင်း ထွက်နေသော အေစီမီလန်အသင်းခေါင်းဆောင် ဘိုနူချီက ၎င်း၏အ နာဂတ်နှင့် ပတ်သက်၍ အသင်း၌ ပြဿနာတစ်စုံတစ်ရာ မရှိဟု ပြော သည်။

ဂျူဗင်တပ်အသင်းခေါင်းဆောင်သစ် ချီလီနီက ၎င်းတို့အသင်းအနေ ဖြင့် ချန်ပီယံလိဂ်ဖလားရရေး အဓိကဦးစားပေးမည်မဟုတ်ဘဲဖလားအားလုံးရရှိရေး အမြဲတမ်း ကြိုးပမ်းမည်ဟုပြောသည်။

ကမ္ဘာ့ဖလားတွင် ဘရာဇီးအသင်း အောင်မြင်မှုရရှိရေး ရီးရဲလ်မှ ကယ်စမီရိုသည် အဓိကနေရာမှ ပါဝင်ပြီး ၎င်းသည်ကမ္ဘာ့ဖလား၌ အ ကောင်းဆုံး ကွင်းလယ်ခံစစ်သမားဖြစ်ကြောင်း ဘရာဇီးကြယ်ပွင့် ဟောင်း ဂီဘာတိုဆေးလ်ဗားက ပြောသည်။

လီဗာပူးက ပေါင်သန်း ၆၀ ကျော်ဖြင့် ခေါ်ယူရန်ကြိုးပမ်းနေသော ကွင်းလယ်လူ နာဘီလ်ဖီကာသည် လာမည့်ရာသီအသင်းတွင် ဆက် လက်ရှိမည်ဟု လိုင်ယွန်အသင်းက အတည်ပြုသည်။

Top News