ရုပ်ရှင်အကြိုခံစားခြင်း

ARE YOU HUMAN?

ပရိသတ်တွေအတွက် KBS2 ကနေ ထုတ်လွှင့်ပြသနေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ လေး ဖော်ပြလိုက်ပါတယ်။ ဇွန်လ၄ ရက်ကစလို့ အပတ်စဉ် တနင်္လာ၊အင်္ဂါ ည ၁၀ နာရီမှာ ထုတ်လွှင့် ပြသနေတာဖြစ်ပြီး အပိုင်း ၃၆ ပိုင်း ပြသမှာ ဖြစ်ပါတယ်။


နမ်ရှင်ဟာ PK အုပ်စုစီးပွား ရေးလုပ်ငန်းစုပိုင်ရှင် လူချမ်းသာ မိသားစုရဲ့ တတိယမျိုးဆက် အမွေဆက်ခံသူတစ်ယောက်ပါ။ တစ်ရက်မှာ မမျှော်လင့်ဘဲ ကားအက်ဆီးဒင့်ဖြစ်ပြီး နမ်ရှင် တစ်ယောက် ကိုမာဖြစ်သွားခဲ့ပါ တယ်။

သူ့အမေ အိုရိုရာဟာ ဦးနှောက်အသိဉာဏ်ဆိုင်ရာ နည်းပညာကျွမ်းကျင် ပညာရှင်တစ် ယောက်ဖြစ်တာမို့ နမ်ရှင်နာမည် နဲ့ မှတ်ဉာဏ်တုတစ်ခု ဖန်တီးပြီး သူ့သား နမ်ရှင်နဲ့ ချွတ်စွပ်တူသူ တစ်ဦးကို ဖန်တီးခဲ့ပါတယ်။

အဲဒီတစ်ယောက်ကို နမ်ရှင် ကိုယ်စား အစားထိုးခဲ့ပြီး သူ့ကို အကူအညီပေးဖို့ ကန်ဆိုဘောင် ဆိုတဲ့ ကိုယ်ရံတော်မိန်းကလေးနဲ့ သူ့အရင်းနှီးဆုံးသူငယ်ချင်း ဂျီ ယောင်ဟွန်းက အနားမှာ အမြဲရှိ ပြီး ကူညီပေးခဲ့ပါတယ်။

နမ်ရှင်အစားထိုးထားတဲ့ ကိစ္စကို နမ်ရှင်ရဲ့ အတွင်းရေးမှူး လည်းဖြစ်၊ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့ ဂျီယောင်ဟွန်း က အစအဆုံး ကိုယ်တိုင်ပါဝင် ကူညီပေးခဲ့တာပါ။ မိဘမဲ့တစ် ယောက်ဖြစ်တဲ့ ယောင်ဟွန်းဟာ PK အုပ်စုရဲ့ အထောက်အပံ့နဲ့ ကျောင်းတက်ခဲ့ပြီး တက္ကသိုလ် ထိအောင် ထူးချွန်ကျောင်းသား ဖြစ်လာခဲ့တာမို့ PK အုပ်စုနဲ့ ဆက် နွှယ်မှုအကြီးကြီးရှိသူဆိုရင်လည်း မမှားပါဘူး။

နမ်ရှင်မှာ ဆိုရီနာဆိုတဲ့ ချစ် သူရှိပြီး သူ့ရဲ့အဖေက PK အုပ်စု က ဒါရိုက်တာတစ်ဦးဖြစ်ပြီး နမ် ရှင်နဲ့တော့ ရန်ဘက်ပါ။ ရီနာနဲ့ အဖေက PK အုပ်စုရဲ့ ဥက္ကဋ္ဌနေ ရာရဖို့ ကြံစည်နေသူတစ်ယောက် လည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ နမ်ရှင်ရဲ့အမေ က ကုမ္ပဏီကို အပိုင်စီးချင်နေတဲ့ တခြားသူတွေလက်ထဲမရောက်ရ လေအောင် သိပ္ပံပညာရှင်တွေနဲ့ လျှို့ဝှက်အဖွဲ့ဖွဲ့ပြီး နမ်ရှင်ပုံစံကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ မှတ် ဉာဏ်တုနဲ့ နမ်ရှင်ကို ဟာကွက် မရှိရလေအောင် နမ်ရှင်ရဲ့ အမေ နဲ့ အတွင်းသိတွေက အကုန်ပြင် ဆင်သင်ကြားပေးခဲ့ပြီး ကုမ္ပဏီကို ခေါ်လာခဲ့ပါတယ်။

ကုမ္ပဏီဦးစီးချင်နေတဲ့အဖွဲ့ တွေက နမ်ရှင်အစားထိုးထား တယ်ဆိုတာကို ရိပ်မိသွားမှာ လား၊ မှတ်ဉာဏ်တုနဲ့ နမ်ရှင်က သူ့အမေ မျှော်လင့်ထားသလို လုပ်ဆောင်နိုင်ပါ့မလား၊ နမ်ရှင်အစစ် သတိရနိုးထလာခဲ့ရင်ကော ဘယ် လိုတွေ ဆက်ဖြစ်မလဲဆိုတာ တော့ ဆက်ကြည့်လိုက်ဦးနော်။

ပါဝင်ထားသူတွေက Seo Kang Joon, Kong Seung Yeon, Lee Joon Hyuk, Park Hwan Hee, Kim Sung Ryoung,Yu Oh Seong စသူတွေပဲဖြစ်ပါ တယ်။

Top News