မြန်မာလိဂ် ဦးဆောင်နေသည့် ရန်ကုန် ရှုံးပွဲကြုံ၊ ရှမ်းအသင်း နှစ်မှတ်အကွာဖြင့် ဖိအားပေး

 မြန်မာလိဂ် ပွဲစဉ် (၁၅) နောက်ဆုံးရက်တွင် အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်နေ သည့် ရန်ကုန်အသင်း ရှုံးပွဲကြုံ တွေ့ပြီး ဒုတိယနေရာမှ ရှမ်းအ သင်း နိုင်ပွဲရခဲ့သဖြင့် ယင်းနှစ် သင်းကြား နှစ်မှတ်သာ ကွာဟ တော့သည်။


ဇွန်လ ၁၀ ရက်က ယှဉ်ပြိုင် သည့် မြန်မာလိဂ်ပွဲစဉ် (၁၅) တွင် ရန်ကုန်အသင်းက ဧရာဝတီအ သင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ပြီး ရှမ်းအသင်းက ရတနာပုံကို ၃-၂ ဂိုးဖြင့်အနိုင်ရခဲ့သည်။ မြန်မာလိဂ် ဒုတိယအကျော့ ပြန်လည်စတင်ချိန်တွင် နှစ်ပွဲဆက်အနိုင်ရကာ ခြေစွမ်းပြနေသည့် ရန်ကုန်အသင်းအနေဖြင့် ယခုနှစ် (၂၀၁၈) ဘောလုံးရာသီ၌ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်သည်။ ယင်းပွဲအရှုံးကြောင့် ရန်ကုန်အသင်းအ နေဖြင့် ဒုတိယနေရာမှ ရှမ်းအ သင်းနှင့်  နှစ်မှတ်သာကွာဟသ ဖြင့် ချန်ပီယံဆုအတွက် ဖိအားဝင် ခဲ့သည်။ 

အောင်ဆန်းကွင်း၌ ယှဉ် ပြိုင်သည့် ယင်းပွဲတွင် ရန်ကုန်အ သင်းက ပွဲချိန် ပထမပိုင်း၌ နှစ်ဂိုး  အသာဖြင့် ဦးဆောင်နိုင်သော် လည်း ဒုတိယပိုင်းတွင် ဒိုင်လူ ကြီး၏ အငြင်းပွားဖွယ် ပင်နယ်တီ အပါအ၀င် ချေပဂိုးနှင့် အနိုင်ဂိုး များ ခွင့်ပြုခဲ့ရသဖြင့် ပွဲအပြီး၌  ဧရာဝတီကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။

ဒုတိယနေရာမှ ရှမ်းယူနိုက် တက်က အဝေးကွင်း၌ ခြေစွမ်းပြ ပြီး အိမ်ရှင်ရတနာပုံကို ၃-၂ ဂိုး ဖြင့် အနိုင်ရကာ ရန်ကုန်အသင်း ၏ အရှုံးကို အခွင့်ကောင်းယူနိုင်ခဲ့ သည်။ လက်ရှိချန်ပီယံ ရှမ်းအ သင်းအနေဖြင့် မြန်မာလိဂ် ဒုတိ ယအကျော့စတင်ချိန်တွင် သုံးပွဲ ဆက်နိုင်ပွဲရခဲ့ပြီး ထိပ်ဆုံးမှ ရန်ကုန်အသင်းကို ချန်ပီယံဆုအ တွက် ဆက်လက်ဖိအားပေးနိုင်ခဲ့ သည်။

မြန်မာလိဂ် ပွဲစဉ် (၁၅) အ ခြားပွဲစဉ်များတွင် ဇွဲကပင်က ရခိုင်အသင်းကို ၂-၁ ဂိုး၊ဆောက်သမ်းက မြ၀တီကို ၃-၀ ဂိုး တို့ဖြင့် အသီးသီး အနိုင်ရပြီး ဟံသာဝတီ နှင့် မကွေးအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

၂၀၁၈ MPT မြန်မာလိဂ် ပွဲစဉ် (၁၅) အပြီးတွင် ရန်ကုန်အ သင်းက ရမှတ် ၃၂ မှတ်ဖြင့် အ မှတ်ပေးဇယား ထိပ်ဆုံး၌ ဆက် လက်ဦးဆောင်နိုင်ခဲ့သည်။ ရှမ်း အသင်းက ရမှတ် ၃၀ ဖြင့်ဒုတိယ၊ မကွေးအသင်းက ၂၅ မှတ်ဖြင့် တတိယ နေရာတွင် ရပ်တည်နေ သည်။

မြန်မာလိဂ်ပြီးဆုံးရန် ရှစ်ပွဲ အလိုတွင် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ပွဲစဉ်  (၁၆) ၌ ရန်ကုန်အသင်းက ဇွဲ ကပင်အသင်း၊ ရှမ်းအသင်းက မကွေးအသင်းတို့နှင့် ပွဲကျပ်ရင် ဆိုင်ရမည် ဖြစ်သည်။

Top News