သုဝဏ္ဏဘောလုံးကွင်းတွင် ဒေါ်လာခုနစ်သိန်းခန့် တန်ဖိုးရှိ မီးမောင်းများထပ်မံတပ်ဆင်မည်

သုဝဏ္ဏကွင်းအတွင်း မီးမောင်းအသုံးပြု၍ ယှဉ်ပြိုင်သည့် ဘောလုံးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အာရှအဆင့်မြင့်ပြိုင်ပွဲ များ ကျင်းပနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံး ကွင်း၌ ကန်ဒေါ်လာ ခုနစ်သိန်းခန့် တန်ဖိုးရှိ မီးမောင်းများ ထပ်တိုး တပ်ဆင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အ မှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင် ဇော်က ပြောသည်။


ရန်ကုန်မြို့ သုဝဏ္ဏဘော လုံးကွင်းရှိ မီးမောင်းများသည် လက်ရှိတွင် ၁,၂၀၀ ဝပ်သာရှိပြီး အာရှအဆင့်မြင့်ပြိုင်ပွဲများ ကျင်း ပပါက လုံလောက်မှု မရှိသဖြင့် ၁,၈၀၀ ဝပ်အထိ ရရှိရန် ထပ်တိုး တပ်ဆင်မည်ဖြစ်ကြောင်း ဦးဘုန်း နိုင်ဇော်က ပြောသည်။

‘‘အခုမြန်မာလိဂ်အသင်း တွေ ကန်နေတဲ့ အာရှချန်ပီယံလိဂ် လို ပွဲမျိုးဆို မီးမောင်းအားက မြှင့် ဖို့လိုလာပါပြီ။ အုပ်စုပွဲတွေမှာ ရပေမယ့် AFC က သတ်မှတ်ထား တဲ့ အလင်းစံနှုန်းရှိပါတယ်။ ဆီမီး တို့၊ ဗိုလ်လုပွဲအဆင့်တို့ကျရင် ကျွန်တော်တို့ဆီမှာ အိမ်ရှင်လုပ်ဖို့ ဆို ၁,၈၀၀ ဝပ်လောက် ထပ်တိုး ဖို့ လိုပါတယ်။ အဓိကကတော့ ပြိုင်ပွဲရဲ့ ရုပ်သံရိုက်ကူးထုတ်လွှင့် မှု အတွက်ပါ။ ဥပမာစူပါစလိုးမိုး ရှင်းမျိုး ရိုက်တဲ့အခါမှာ မီးမလုံ လောက်လို့ မရပါဘူး။ ဈေးစုံစမ်း သိရသလောက် ဒေါ်လာ ခုနစ် သိန်းလောက် ကုန်ကျမယ်။ အ မြန်ဆုံး အကောင်အထည်ဖော် နိုင်အောင် ကြိုးပမ်းနေပါတယ်’’ ဟု ၎င်းက ပြောသည်။

သုဝဏ္ဏဘောလုံးကွင်းသည် လက်ရှိတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲ နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး ထွက် ပြိုင်ပွဲများ၊ နိုင်ငံတကာခြေ စမ်းပွဲများ ကျင်းပနေသည်။

ထို့အပြင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်အနေဖြင့် ယခုနှစ်အ တွင်း ဆူဇူကီးပြိုင်ပွဲ၊ အာရှယူ-၁၆ နှင့် ယူ-၁၉ အမျိုးသမီး ချန်ပီ ယံရှစ် ပထမအဆင့် ခြေစစ်ပွဲများ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည်ဖြစ်သည်။

Top News