မြန်မာလိဂ် ဂိုးနှစ်ရာပြည့် သွင်းဂိုးရှင် ရှိုင်းသူရကို ဆုကြေးကျပ် သုံးသိန်း ချီးမြှင့်

မြန်မာလိဂ် ဂိုးနှစ်ရာပြည့် သွင်းဂိုးရှင် ရှိုင်းသူရ (ဓာတ်ပုံ −MNL)

မြန်မာလိဂ်ဘောလုံး ပြိုင်ပွဲ ဂိုး ၂၀၀ ပြည့် သွင်းယူခဲ့ သည့် ရတနာပုံတိုက်စစ်မှူး ရှိုင်း သူရကို ဆုကြေးငွေ ကျပ်သုံးသိန်း ချီးမြှင့်ခဲ့သည်။


အဆိုပါ ဆုကြေးကို ဇွန်လ ၁၀ ရက်က မန္တလေးမြို့တွင်  ယှဉ် ပြိုင်သည့် ရတနာပုံနှင့် ရှမ်းအ သင်းတို့ ပွဲမတိုင်မီ မြန်မာလိဂ် မိတ်ဖက် MPT က ချီးမြှင့်ခဲ့သည်။ 

တိုက်စစ်မှူး ရှိုင်းသူရသည် မြန်မာလိဂ် ပွဲစဉ် (၁၂) အဖြစ် ယှဉ်ပြိုင်သည့် ရတနာပုံနှင့် မြ၀ တီအသင်း တို့ပွဲတွင် ၂၀၁၈ မြန် မာလိဂ်ပြိုင်ပွဲ၏ ၂၀၀ မြောက်ဂိုး ကို သွင်းယူနိုင်ခဲ့သည်။ ယင်းပွဲ တွင် ရတနာပုံအသင်းက ၇-၀ ဂိုး ဖြင့် မြ၀တီအသင်းကို အနိုင်ရခဲ့ သည်။

မြန်မာလိဂ် ပွဲစဉ် (၁၅) အ ပြီးတွင် ရတနာပုံအသင်းက ခြောက်ပွဲနိုင် ငါးပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၂၃ မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေသည်။

၂၀၁၈ MPT မြန်မာလိဂ် ပြိုင်ပွဲ၏ ၁၀၀ မြောက် သွင်းဂိုးကို ရခိုင်ယူနိုက်တက်တိုက်စစ်မှူး ဆန်းဒေးမက်သရူးက သွင်းယူ ထားသည်။

Top News