အသက်မပြည့်သေးသော တူမကို ဦးလေးက အဓမ္မပြုကျင့်

အသက် (၁၅)နှစ်အရွယ် တူမအရင်းကို ဦးလေးက အဓမ္မပြုကျင့်သည်ဆိုကာ  မိန်းကလေး ၏ ဖခင်က ဇွန်လ ၁၀ ရက်တွင် လာရောက်အမှုဖွင့် တိုင်တန်းမှု သထုံမြို့နယ်  သုဝဏ္ဏဝတီမြို့တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါ မိန်းကလေးသည် ဦးလေး၏ ခြိမ်းခြောက်မှုကြောင့် ကြောက်လန့်၍ မိဘများကို မတိုင်ရဲဘဲ ဇွန်လ ၁၀ ရက် နံနက်တွင် နေအိမ်မှ ထွက်ပြေးလာစဉ် လူမှု ရေးအသင်းတစ်ခု၏ အကူအညီ ဖြင့်  သိမ်ဆိပ်ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးသို့  သွားရောက်တိုင် တန်းရာမှ  အကြောင်းစုံသိရှိရ ကြောင်း ၎င်း၏ ဖခင်က ပြော သည်။

ညစဉ် ခြင်ထောင်ချင်းကပ် အိပ်သည့်  ဦးလေးက လွန်ခဲ့သော လေးလခန့် ညဥ့်သန်းခေါင်တွင်  ၎င်း၏ ခြင်ထောင်အတွင်းသို့ အ တင်းဆွဲသွင်းကာ ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ပြီး နောက်ပိုင်း ရက်ခြားကာ ၁၀ကြိမ်ခန့် ထပ်မံ ပြုကျင့်ခဲ့ကြောင်း ရဲစခန်း တိုင်တန်းချက်တွင် ဖော်ပြထားသည်။

ထိုသို့ အဓမ္မပြုကျင့်ခံရပြီး နောက် ရန်ကုန်မြို့တွင် အဒေါ် နှင့် သွားရောက်နေထိုင်ပြီးနောက် သိမ်ဆိပ်ရပ်ကွက်နေအိမ်သို့ ပြန် လာစဉ် ဇွန်လ ၉ ရက် ညက ယခင်ပုံစံအတိုင်း လာဆွဲသဖြင့် အဘွားနှင့် သွားအိပ်ခဲ့ကြောင်း၊ ဇွန်လ ၁၀ ရက် နံနက်တွင် ဦးလေးကလိုက်ရိုက်သဖြင့် နေအိမ်မှ ထွက်ပြေးလာပြီး လူမှုရေးအသင်းတစ် ခု၏ အကူအညီဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အမျိုးသမီးငယ်ကို အဓမ္မပြု ကျင့်ခဲ့သည်ဟုဆိုသည့် အသက် (၄၁)နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးကာ မုဒိမ်းမှုဖြင့် သိမ်ဆိပ် နယ်မြေရဲစခန်းက အမှုဖွင့်အရေး ယူထားသည်။

Top News