ကျောက်မဲခရိုင်ဒီချုပ်ဥက္ကဋ္ဌနှင့် မြို့ခံတစ်ဦးကို ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုပုဒ်မဖြင့် အမှုဖွင့်

 ကျောက်မဲခရိုင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌနှင့် မြို့ခံတစ်ဦးကို နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ် လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေးဥပဒေဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမျိုးသမီးတစ်ဦးက အမှုဖွင့်ထားကြောင်း စခန်းမှူးဟန်ဝင်းလှိုင် က ပြောသည်။

 ဒီချုပ်ပါတီ ကျောက်မဲခရိုင်ဥက္ကဋ္ဌ၊ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်စီနှင့် ဦးဇော်မင်းတို့သည် မြို့ခံအမျိုးသမီးတစ်ဦး၏ လေးခန်းတွဲတိုက်ခန်းမြေကွက်ကို တိုင်းတာ၍ မြေစာရင်း၊ မြေပုံထုတ်ရန် ကြိုးစားဆောင်ရွက်မှုနှင့် အကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်းစကားများကို လက်ဖက်ရည်ဆိုင်၌ လူစည်ကားချိန်တွင် ပြောဆိုမှုတို့ကြောင့်ဟုဆိုကာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ ကာကွယ်ပေးရေးဥပဒေပုဒ်မ၁၀/၁၂ ဖြင့် ဇွန်လ ၆ ရက်တွင် မြို့ခံအမျိုးသမီးတစ်ဦးက တရားလိုပြုကာ အမှုဖွင့်ခြင်းဖြစ်သည်။

ရဲစခန်းတွင် အမှုဖွင့်ခဲ့သည့် ကုန်သည်လုပ်ငန်းလုပ်ကိုင်သည် ဆိုသော အမျိုးသမီးက‘‘ခုနေတော့ ဘာမှ ထင်မြင်ချက်မပေးသေးဘူး။ တရားရင်ဆိုင်တဲ့အချိန်မှာ နားထောင်ကြည့်ရဦးမယ်။ ပြောစရာကတော့ အများကြီးပါပဲ’’ဟု ပြောကြားသည်။

အမှုဖွင့်သူ အမျိုးသမီးသည် ဦးဇော်မင်းနှင့် ယခင်က ငွေကြေး ပိုင်းဆိုင်ရာ တရားရင်ဆိုင်ရမှု ရှိခဲ့ ပြီး ယင်းအမှုတွင် ဦးခင်မောင်စီ က သက်သေလိုက်ပေးသူဖြစ် သည်။ ယင်းအမှုရှုံးနိမ့်ခြင်း ကြောင့် ၎င်းတို့နှစ်ဦးကို ပြန်လည် အမှုဖွင့်သည်ဟု ဝေဖန်ခြင်းနှင့် ပတ်သက်၍ အဆိုပါအမျိုးသမီး က‘‘ကျွန်မ ရှုံးတာ၊ နိုင်တာက မဆိုင်ဘူးလေ။ သူ (ဦးခင်မောင်စီ) က ကျွန်မကို ဂုဏ်သိက္ခာချတဲ့ အပိုင်းမှာ သူကပါနေတာလေ။ အဲဒါကြောင့် ဒီကိစ္စနဲ့ ဘာမှ မပြောဘူး။ သူတို့ တရားရင်ဆိုင် တဲ့အချိန်မှာ နားထောင်လိုက် မယ်’’ ဟု ၎င်းက ထပ်မံပြောကြား သည်။

ဒီချုပ်ပါတီ ကျောက်မဲ ခရိုင်ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့ နေ ဦးခင်မောင်စီနှင့် ဦးဇော်မင်း တို့ကို ယနေ့ (ဇွန်လ ၁၁ ရက်)တွင် အဆိုပါ ဥပဒေပုဒ်မဖြင့် တရားရုံး၌ အမှုစွဲတင်မည်ဖြစ်ကြောင်း  အဆိုပါအမျိုးသမီးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးခင်မောင်စီကို ဖုန်းဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားလို ခြင်းမရှိကြောင်း ဆိုသည်။

ပါတီခရိုင် ဥက္ကဋ္ဌတစ်ဦး အမှုဖွင့်ခံရခြင်းနှင့်ပတ်သက်၍ ဒီချုပ်ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က တစ်ဦးချင်း၏ ပုဂ္ဂိုလ်ရေးနှင့်သက်ဆိုင်သည့် ကိစ္စသာဖြစ်ကြောင်း မှတ်ချက်ပြုသည်။

Top News