ဒီမိုကရေစီအားနည်းအောင် လုပ်ဆောင်နေခြင်းများ ရပ်တန့်ရန် ဂျီ-၇ ခေါင်းဆောင်များ ရုရှားကို တိုက်တွန်း

ဂျီ-၇ အစည်းအဝေး ပထမနေ့တွင် အဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များ ဆွေးနွေးနေစဉ် (reuters)

 ရုရှားအနေဖြင့် ဒီမို ကရေစီစနစ် ချည့်နဲ့ယုတ်လျော့ အောင် လုပ်ဆောင်နေခြင်းများ ရပ်တန့်ရန် စက်မှုထိပ်သီးခုနစ် နိုင်ငံ (ဂျီ-၇) အဖွဲ့ဝင် နိုင်ငံ့ခေါင်း ဆောင်များက တိုက်တွန်းခဲ့ပြီး ၎င်းတို့အနေဖြင့် လိုအပ်လျှင် ရုရှားအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း ပြောကြား သည်။


ဂျီ-၇ အဖွဲ့ထဲသို့ ရုရှားကို ပြန်လည် ထည့်သွင်းလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကပြောပြီး နာရီပိုင်းအကြာတွင် အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဗြိတိန်ခေါင်းဆောင်များက ထုတ် ပြန်ချက်တစ်စောင်တွင် ယင်းသို့ ပြောကြားခဲ့သည်။

‘‘ရုရှားအနေနဲ့ တည်ငြိမ်မှု ပျက်ပြားအောင်လုပ်တဲ့ အပြု အမူ၊ ဒီမိုကရေစီစနစ်တွေကို ချည့်နဲ့ ယုတ်လျော့အောင်လုပ်တာနဲ့ ဆီးရီးယားအစိုးရကို ထောက်ပံ့ ကူညီတာ ရပ်တန့်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်’’ဟု နှစ်ရက်ကြာ ဂျီ-၇ ထိပ်သီးတွေ့ဆုံဆွေး နွေးပွဲအပြီး ထုတ်ပြန်ချက်တွင် ခေါင်းဆောင်များက ပြောသည်။

 ထို့အပြင် ဂျီ-၇ ခေါင်း ဆောင်များသည် ဗြိတိန်နိုင်ငံ၌ ရုရှားထောက်လှမ်းရေးဝန်ထမ်း ဟောင်းတစ်ဦး တိုက်ခိုက်ခံရမှုကို ရှုတ်ချပြီး လက်သင့်ခံနိုင်အောင် ရှင်းပြနိုင်ခြင်း မရှိသောကြောင့် ယင်းတိုက်ခိုက်မှုသည် ရုရှားလက် ချက်ဖြစ်ဖို့များကြောင်း ပြောကြား သည်။

တိုက်ခိုက်မှုနှင့် ပတ်သက်မှု တစ်စုံတစ်ရာမရှိဟု ရုရှားက ငြင်း ဆိုထားသည်။

 ရွေးကောက်ပွဲများတွင် ပြည်ပဝင်ရောက်စွက်ဖက်မှု ကာ ကွယ်တားဆီးရန် အဖွဲ့ဝင်အချင်းချင်း သတင်းအချက်အလက်များ မျှဝေရေး၊ အင်တာနက်ဝန်ဆောင် မှုကုမ္ပဏီများ၊ လူမှုမီဒီယာကုမ္ပဏီများနှင့် လက်တွဲဆောင်ရွက် ရေး ဂျီ-၇ ခေါင်းဆောင်များက ကတိပြုခဲ့သည်။

ရွေးကောက်ပွဲများတွင် ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့ သည်ဆိုသော အမေရိကန်နှင့် ဥရောပနိုင်ငံအချို့၏ စွပ်စွဲချက် များကို ရုရှားအစိုးရက ငြင်းဆို ထားသည်။

ယခင်က ဂျီ-၈ အဖွဲ့ဝင် ရုရှားသည် ၂၀၁၄ က ခရိုင်းမီးယားဒေသကို ၎င်းတို့ပိုင်နက်အဖြစ် သွတ်သွင်းမှုကြောင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။

ထိုအတောအတွင်း လက် ပိုက်ပြီး ထိုင်နေသော ဒေါ်နယ် ထရန့်ကို ဂျီ-၇ ခေါင်းဆောင်များ က ဝိုင်းကြည့်နေသော ဓာတ်ပုံ သည် ဂျာမနီအဓိပတိ မစ္စစ်မာ ကယ်ရုံးမှ ထုတ်ပြန်ခြင်းဖြစ် ကြောင်း CBS သတင်းဌာနက ဖော်ပြသည်။

အိမ်ဖြူတော်မှ ထုတ်ပြန် သော ဓာတ်ပုံထက် ပို၍တင်းမာ ပုံပေါက်သော ယင်းဓာတ်ပုံသည် လူမှုမီဒီယာတွင် အုတ်အော် သောင်းတင်းဖြစ်ခဲ့သည်။

—Ref: CBS/Reuters

Top News