လိုအပ်ချက်အရ မိန်းမလျာပုံစံသရုပ်ဆောင်ခဲ့ဟု ပြေတီဦးပြော

မိန်းမလျာပုံစံနှင့် လိုက် ဖက်မှု မရှိဟုထင်သောကြောင့် ယင်းပုံစံဖြင့် ရုပ်ရှင်ဇာတ်ကားများ မရိုက်ကူးဖြစ်သော်လည်း ‘စိန် ယောက်မ’ ဇာတ်ကားတွင် ဇာတ်ဝင်ခန်းလိုအပ်ချက်အရ အခန်းအ နည်းငယ် သရုပ်ဆောင်ထား ကြောင်း ပြေတီဦးက ပြောသည်။

‘‘ပရိသတ်တွေလည်း အဲဒီ အခန်းလေးကို ကြိုက်ကြတယ်ဆိုတော့ဝမ်းသာပါတယ်။လမ်း လျှောက်တဲ့ ပုံစံကတော့ အစမ်း လမ်းလျှောက်ကြည့်ရတာပေါ့။ ရီ ဟာဇယ်မှာ စမ်းသပ်လုပ်ကြည့် တယ်၊ ဒါရိုက်တာနဲ့လည်း တိုင် ပင်တယ်’’ ဟု မိန်းမလျာ ဇာတ် ရုပ်အတွက် ပြင်ဆင်မှုအကြောင်း ကို ပြောသည်။

‘စိန်ယောက်မ’ ဇာတ် ကားတွင် ပြေတီဦးက မောင်ကိုအ ရမ်းချစ်သည့် အစ်မနှစ်ယောက် နှင့်အတူ နေရသူအဖြစ်  သရုပ် ဆောင်ထားပြီး ၎င်း၏ချစ်သူကို အစ်မများက သဘောမတူသဖြင့် အစ်မများကို    အရွဲ့တိုက်၍ ယောက်ျားချင်း ချစ်ကြိုက်သူ အ ဖြစ်ဟန်ဆောင်ခြင်း ဖြစ်သည်။

ယင်းဇာတ်ကားတွင် ကျော် ရဲအောင်၊ ပြေတီဦး၊ မို့မို့မြင့် အောင်၊ စိုးမြတ်သူဇာနှင့် ခိုင် သင်းကြည်တို့ ပါဝင်သရုပ်ဆောင် ထားပြီး ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ရိုက်ကူး ပုံဖော် ထားသည်။

‘စိန်ယောက်မ’ ဇာတ်ကား တွင် နမူနာကို ယင်းဇာတ်ကား  ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော် ပြထားရာ   လက်ရှိအချိန်ထိ ကြည့်ရှုသူ ခြောက်သန်းကျော်ရှိ သည်။ ယင်းဇာတ်ကားကို  ဇွန်လ ၁၅ ရက်တွင် ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့ရှိ ရုပ်ရှင်ရုံ များ၌  စတင်ပြသမည်ဖြစ်သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် ‘လူလည်ကြီးများရွာ’ ဇာတ်ကားတွင် ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အိချောပိုတို့နှင့်အတူ သရုပ်ဆောင်နေကြောင်း ပြေတီဦးက ပြောသည်။

Top News