ရိုက်ဖူးတဲ့ ဇာတ်ရုပ်ဆိုရင် လက်မခံတဲ့အကြောင်း ရှင်းပြတဲ့ အိချောပို

ဇာတ်ကားရိုက်ကူးမှုများ လာသည်နှင့်အမျှ သရုပ်ဆောင် ဖူးသည့် ဇာတ်ရုပ်များကို ကမ်း လှမ်းပါက  လက်မခံဖြစ်ကြောင်း အိချောပိုက ပြောသည်။

‘‘တချို့ကားတွေဆို ရိုက်ပြီး သားဖြစ်နေတဲ့ ကာရိုက်တာဆိုရင်  ပရိသတ်ကကိုယ့်ကို ဒီလိုပုံစံမျိုးပဲ မြင်သွားမှာစိုးလို့ ငြင်းလိုက်တာ မျိုးလည်းရှိတယ်။ တချို့ဇာတ်ကျ တော့လည်း ကိုယ်နဲ့မလိုက်ဖက်ဖူး ထင်လို့ ရှောင်လိုက်တာမျိုးတွေရှိ ပါတယ်’’ ဟု ဇာတ်ကားလက်ခံ ရိုက်ကူးမှု အပိုင်းနှင့်ပတ်သက်၍ ၎င်းကပြောသည်။

ထို့အပြင် ဇာတ်ကားတစ် ကား ပြီးဆုံးချိန်မှသာ နောက် တစ်ကား လက်ခံလေ့ရှိပြီးအချို့ ဇာတ်ကားများ ရိုက်ရက်တိုက်နေ သောကြောင့် ငြင်းခဲ့ရသည့် ဇာတ် ကားများရှိကြောင်း ဆိုသည်။

လတ်တလောတွင် ဒါရိုက် တာ ကိုပေါက် ရိုက်ကူးသည့် ‘လူ လည်ကြီးများရွာ’ ရုပ်ရှင်ဇာတ် ကားကို    ပျော်ဘွယ်မြို့အနီးရှိရွာ တစ်ရွာ၌ ရိုက်ကူးနေပြီး ခန့်စည် သူ၊ ပြေတီဦး၊ ခိုင်သင်းကြည်တို့နှင့်အတူ    သရုပ်ဆောင်နေ ကြောင်း ၎င်းက ဆိုသည်။

‘‘လင်မလားနှစ်စုံတွဲပေါ့။ အိချောက ကိုပြေတီနဲ့ ဆေးဆိုင် ဖွင့်ထားတဲ့ လင်မယား။ ဟာသ လေးပါပဲ’’ ဟု ယင်းဇာတ်ကားအ ကြောင်းကို ပြောသည်။

ယင်းဇာတ်ကားသည် အ ကြည်တော် ဝတ္ထုကို ရိုက်ကူးပုံ ဖော်ခြင်းဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် ခန့်က ပုံစံဖြစ်၍ ယင်းကာလက ဝတ်ဆင်သည့် အဝတ်အစားကို ဒါရိုက်တာညွှန်ကြားထားသည့် အတိုင်း ပြင်ဆင်ထားကြောင်း ၎င်းကဆိုသည်။

‘‘ဒီကားမှာဆို ဒါရိုက်တာက ဖြစ်နိုင်ရင် ဆံပင်ကိုအရမ်း အတိ အကျ ဖီးထားတာလည်းမကြိုက် 

Top News