ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့် ဆုတောင်းပွဲ ဦးဆောင်ကျင်းပသူကို ရဲတပ်ဖွဲ့က တရားစွဲ

စစ်ရှောင်လူငယ်များ၏ သရုပ်ဖော်ပြဇာတ် မပြုလုပ်ရန် ရဲတပ်ဖွဲ့တာဝန်ရှိသူက အခမ်းအနားကျင်းပရေးတာဝန်ရှိသူများထံ ဇွန်လ ၉ ရက်က လာရောက်ပြောကြားနေစဉ် (ဓာတ်ပုံ − Kachin Youth Movement)

 မြစ်ကြီးနားမြို့၌ ပြုလုပ် သည့် ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့် အထိမ်းအမှတ် စစ်ရှောင်များ၏ ဆုတောင်းပွဲအခမ်းအနား ဦး ဆောင်ကျင်းပသူကို ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အမှုဖွင့်၍ ဇွန်လ ၁၁ ရက် (ယနေ့)တွင် တရားရုံးချိန်းခေါ်ယူထားကြောင်း အမှုဖွင့်ခံရသည့် ဓမ္မဆရာဦးယိန်း ကျန်းက ပြောသည်။

‘‘ငြိမ်းစုစီဥပဒေနဲ့ ငြိတယ် ဆိုပြီး တရားစွဲထားတာပေါ့။ အဲ ဒါက သူတို့သတ်မှတ်ထားတဲ့အ ချိန်ထက် ကျော်လွန်ပြီးတော့လူစု လူဝေး လုပ်တယ်ဆိုပြီးတော့ပေါ့’’ ဟု ဦးယိန်းကျန်းကပြောသည်။

ဇွန်လ ၉ ရက်က မြစ်ကြီးနား မြို့မနောကွင်းတွင် ကျင်းပသည့် ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့်အခမ်း အနားသို့ မြစ်ကြီးနားနှင့် ၀ိုင်း မော်မြို့နယ်ရှိ စစ်ရှောင်စခန်းမှ ပြည်သူများ၊ ခရစ်ယာန်ဘာသာ ရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ် များနှင့် ဒေသခံထောင်ချီတက် ရောက်ခဲ့ပြီး အခမ်းအနားကို ဆု တောင်းပွဲနှင့်လူငယ်များ၏ သရုပ်ဖော်ပြဇာတ် တင်ဆက်မှုဟူ၍အစီ အစဉ်နှစ်မျိုးဖြင့် ကျင်းပခဲ့သည်။

‘‘ဒီဇွန်လ ၉ ရက်အစီအစဉ် အတွက်ကို ခွင့်ပြုမိန့်တင်တဲ့အ ချိန် သူကလက်မှတ်ထိုးထားတာ ပေါ့။ သူကဒိုင်ခံပြီး လက်မှတ်ထိုး တယ်ဆိုတော့ သူ့ကိုတရားစွဲထား တာ။ အမှုဖွင့်တာက အမိန့်မနာ ခံဘူးပေါ့လေ။ အမိန့်မနာခံတာ က လူငယ်တွေပေါ့။ ပြဇာတ်ကို မလုပ်ခိုင်းဘူး။ ဒါပေမဲ့ လူငယ် တွေအနေနဲ့ မလုပ်လို့လည်း မရ ဘူး။ ပြင်ဆင်ထားတာလည်း ကြာပြီဆိုတဲ့အခါမှာ ခရစ်ယာန် လုပ်ထုံးလုပ်နည်းအရ ဆုတောင်း တဲ့အချိန်မှာ မြည်တမ်းပြီး ပြ ဇာတ်နဲ့ကိုယ့်ရဲ့ ဝေဒနာကို ဖော် ထုတ်တာပေါ့’’ ဟု ကချင်လူငယ် အဖွဲ့တာဝန်ခံ မဆွတ်ဆိုင်းထွယ် က ဆိုသည်။

စစ်ရှောင်လူငယ်များ၏ ရင် ဖွင့်သံများကို တင်ဆက်ပြသသည့် ပြဇာတ်တွင် အစိုးရ၊ တပ်မတော် တို့ကို ပုတ်ခတ်သည့် စကားလုံး များ၊ ပြကွက်များ မပါဝင်ဟု အဆိုပါ ဆုတောင်းပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌဦးဇော်ဂျက်က ပြောသည်။

‘‘ဒီစစ်ရှောင်တွေ သူတို့ခံ စားနေရတဲ့ ဝေဒနာတွေကို၊ အား ငယ်နေတဲ့ဟာတွေကို ခွန်အား ပေးတဲ့ အစီအစဉ်လုပ်တဲ့အပေါ် အချိန် ကျော်လွန်တယ်ဆိုပြီး စည်းကမ်းချက်နဲ့ မညီဘူးဆိုပြီး လုပ်တဲ့အနေအထား လုံးဝတရား မျှတမှု မရှိဘူး’’ဟု ဦးဇော်ဂျက်က ပြောသည်။ 

ဆုတောင်းပွဲကျင်းပရေး ခွင့်ပြုချက်လျှောက်ထားရာတွင် ဇွန်လ ၉ ရက် နံနက် ၈ နာရီ မှ ၉ နာရီအထိ ဓမ္မသီချင်းဖြင့် ပူဇော်ရန်၊ ၉ နာရီမှ ၁၀ နာရီအထိ ဝတ်ပြုဆုတောင်းရန်၊ ၁၀ နာရီမှ ၁၁ နာရီအထိ IDP အရေး ဆွေးနွေးပွဲပြု လုပ်ရန်၊ ၁၁ နာရီမှ ၁၂ နာရီအထိ IDP စခန်းမှ လူငယ်များ၏ဖျော် ဖြေတင်ဆက်ခြင်း အစီအစဉ်ပြု လုပ်ရန်ဟူ၍ အပိုင်းလေးပိုင်းဖြင့် လျှောက်ထားလာရာ လူငယ်များ ၏ဖျော်ဖြေတင်ဆက်ခြင်းအစီအ စဉ်သည် ငြိမ်းစုစီဥပဒေတွင် အ ကျုံးမဝင်၍ လျှောက်ထားမှုကို မူလကတည်းက ကန့်ကွက်ခဲ့ သည်ဟု မြစ်ကြီးနားမြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြောသည်။ 

သို့ရာတွင် IDP စခန်းမှ လူ ငယ်များ၏ဖျော်ဖြေမှုကို ပြုလုပ် ခဲ့သည့်အပြင် မူလခွင့်ပြုမိန့် လျှောက်ထားစဉ်က ဖော်ပြသည့် နေ့လယ် ၁၂ နာရီတွင် အစီအစဉ်များမသိမ်းသေးဘဲ နေ့လယ် ၁ နာရီ ၁၅ မိနစ်အထိ အခမ်းအနား ကျင်းပခဲ့သည်ဟု၎င်းကဆိုသည်။ 

ခွင့်ပြုချက်မရှိဘဲ လူငယ် များ၏ ဖျော်ဖြေတင်ဆက်မှုပြု လုပ်ခြင်းနှင့် ခွင့်ပြုချိန်ထက်ကျော် လွန်လုပ်ဆောင်ခြင်းဆိုသည့် အ ချက်နှစ်ချက်ကို ဖောက်ဖျက်၍ ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ရဲမှူးမိုးမြင့်ကပြော သည်။

ယခုကဲ့သို့ အချိန်ကျော်လွန် သည်ဟု အကြောင်းပြ၍ တရား စွဲဆိုခြင်းသည် ခိုင်လုံမှုမရှိကြောင်း တရားစွဲခံရသည့် ဦးယိန်းကျန်းက ဆိုသည်။

‘‘ကျွန်တော်တို့ သိရတာ ဘယ်အစိုးရဌာနဖြစ်ဖြစ်၊ ဘယ်အ ဖွဲ့အစည်းဖြစ်ဖြစ် ပြောထားတဲ့ အစီအစဉ်ကို သတ်မှတ်ချိန်အ တိုင်း ပြီးရမယ်ဆိုတာ တကယ့် လက်တွေ့မှာတော့ လက်တွေ့မ ကျဘူး။ ဒီအစီအစဉ်က နံနက်မိုး ရွာတော့ အစီအစဉ်တွေ နောက် ဆုတ် နောက်ဆုတ်ဖြစ်သွားတာရှိ တာ။ အခုက ကျွန်တော်တို့ကိုစွဲကို စွဲရမယ်ဆိုတဲ့အချက်နဲ့ အချိန် ကျော်လွန်တယ်ဆိုတဲ့ ငြိမ်းစုဆီ ဥပဒေနဲ့ ကျွန်တော့်ကို တရားစွဲ တာပေါ့။ မနက်ဖြန်တရားရင်ဆိုင် ရမှာပေါ့’’ဟု ၎င်းကပြောသည်။

တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIO/KIA) ကြား ၂၀၁၁ ဇွန်လ ၉ ရက်က စတင်ကာ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ် ပွားပြီး ခုနစ် နှစ်အတွင်းတိုက်ပွဲ ၃,၈၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း KIA က ဇွန်လ ၉ ရက်တွင် သ တင်းထုတ်ပြန်သည်။ ယင်းတိုက် ပွဲများကြောင့် ဒေသခံပြည်သူ အများအပြား စစ်ဘေးဒုက္ခကြုံ ခဲ့ရသည့်အပြင် နှစ်ဖက်တပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ သည်။ 

More in News Section

Top News